သက်ဆိုင်ရာဝန်ထမ်း၏ အလုပ်ရာထူးအဆင့်နှင့် လုပ်သက်နှစ်များပေါ်တွင် မူတည်၍ သက်ဆိုင်ရာဝန်ထမ်းတစ်ဉီးစီအတွက် နှစ်စဉ်ခွင့်ရပိုင်ခွင့်ကို ချိန်ညှိပေးရန် သင့်ကိုယ်ပိုင် ပေါ်လစီဖန်တီးနိုင်သည်။
လူတိုင်းအလုပ်နားချိန်ယူကြသည်။ သင်လိုအပ်သည့်အချိန်တွင် ကျွန်ုပ်တို့၏ လက်ကိုင်ဖုန်းအခြေပြု ခွင့် ဆော့ဖ်ဝဲလ်သည် ခွင့်ရက် စီမံခန့်ခွဲမှုများကို လက်လှမ်းမှီစေပါသည်။
ကိုယ်ပိုင် ခွင့်ရက် ပြမျက်နှာပြင်မှတဆင့် သင်နှင့် သင့်အဖွဲ့၏ ခွင့်ရက်ပြအခြေအနေကို အမြန်အကျဥ်းရုံးကြည့်ရုနိုင်သည်။ တောက်လျောက် ခွင့်ရက်တောင့်ခံခြင်းနှင့် ခွင့်ပြုခြင်းတို့ကို အလျင်အမြန်လုပ်ဆောင်နိုင်သည်။
ခွင့်ရေးရာလိုက်နာမှုများသည်ယခုလောက်မည်သည့်အခါကမှ မရိုးရှင်းခဲ့ပါ။ ဥပဒေပြဌာန်းချက်များပေါ်တွင်မူတည်၍အစိုးရရုံးပိတ်ရက်နှင့် ခွင့်ရပိုင်ခွင့်များကို ဝန်ထမ်းများအတွက် အလိုအလျောက် သတ်မှတ်ပေးသည်။
ဝန်ထမ်းတစ်ယောက်စီအတွက် ခွင့်ပြုချက်ပေးနိုင်သော အရာရှိအဆင့် ၂ဆင့်အထိ သတ်မှတ်ပေးနိုင်သည်။ ခွင့်ပြုမှု အဆင့်တိုင်းသို့ ခွင့်တင်ခြင်း ကိစ္စများသည် အကြားအလပ်မရှိ စီးဆင်းသွားမည်ဖြစ်သည်။
တချက်ကြည့်ရုံဖြင့် မည်သူက အဝင်၊ မည်သူက အထွက် ရှိနေသည်ကို ဘုံသုံး ခွင့်ရက်ပြ ပြက္ခဒိန်တွင် ကြည့်ရှုနိုင်သည်။
ခွင့်စနစ်ကို သင့်အတွက် အလုပ်ဖြစ်သည့်အတိုင်း သင့်ကိုယ်ပိုင် သတ်မှတ်နိုင်သည်။ သင့်စိတ်ကြိုက် ခွင့်အမျိုးအစား၊ အလုပ်ရက်သတ္တပတ်နှင့် ရပိုင်ခွင့် ပေါ်လစီကို ဖန်တီးနိုင်သည်။
သက်ဆိုင်ရာဝန်ထမ်း၏ အလုပ်ရာထူးအဆင့်နှင့် လုပ်သက်နှစ်များပေါ်တွင် မူတည်၍ သက်ဆိုင်ရာဝန်ထမ်းတစ်ဉီးစီအတွက် နှစ်စဉ်ခွင့်ရပိုင်ခွင့်ကို ချိန်ညှိပေးရန် သင့်ကိုယ်ပိုင် ပေါ်လစီဖန်တီးနိုင်သည်။
စနစ်ထဲသို့ သင့်ကိုယ်ပိုင် ခွင့်အမျိုးအစားများနှင့် အလုပ်ပိတ်ရက်များကို လွယ်ကူစွာဖန်တီးနိုင်ပြီး ဝန်ထမ်းများထံသို့ သတ်မှတ်ပေးနိုင်သည်။
မတူညီသော ဝန်ထမ်းများအတွက် အလုပ်ရက်သတ္တပတ်များ အများအပြားသီးခြားသတ်မှတ်ပေးနိုင်သည်။
အာဏာကုန်ပြုလွယ်ပြောင်းလွယ်မှု ရှိသဖြင့် ခွင့်များကို ရက်များအလိုက်သေည်လည်းကောင်း၊ နေ့ဝက်သော်လည်းကောင်း၊ နာရီအလိုက် သော်လည်းကောင်း တင်နိုင်ပါသည်။
ခွင့်ရက်များကို သက်တမ်းကုန်ဆုံးရက် သတ်မှတ်ပေးပြီး သက်မှတ်ရက်ကုန်ဆုံးခါနှီးကြောင်း ဝန်ထမ်းထံသို့ အချက်ပေးအီးမေးလ်ပို့ပေးနိုင်ရန် ပင်ဆင်ထားနိုင်သည်။
ခွင့်အမျိုးအစားများ၊ ခွင့်အခြေအနေ၊ ဌာနများနှင့် ဝန်ထမ်းတစ်ဉီးခြင်းစီအတွက်ပင် ပြုပြင်လွယ်သော ခွင့်အစီရင်ခံစာများ
ဝန်ထမ်းများသည်၄င်းတို့၏ သက်ဆိုင်ရာ မန်နေဂျာများ၏ ခွင့်ပြုချက်ပေါ်တွင် မူတည်၍ အချိန်ပိုအတွက် အစားထိုးခွင့်တောင်းဆိုနိုင်သည်။
ဝန်ထမ်းများသည်၄င်းတို့၏အလုပ်ကုန်ဆုံးရက်ပေါ်တွင်မူတည်၍၄င်းတို့၏ ခွင့်ခံစားခွင့်ကို အလိုအလျောက် ညှိပေးနိုင်သည်။
လစာပေါ်မူတည်၍ ခွင့်ရက်များကို လစာစာရင်းသို့ပေါင်းစည်းခြင်းအားဖြင့် ငွေသားဖြင့်ပေးချေမှုတွက်ချက်ခြင်းကို လွယ်ကူစွာပြုလုပ်ပြီး ခွင့်ရက်များကို ငွေသားဖြင့်ပေးချေနိုင်သည်။
ခွင့်ခံစားခွင့် ဆက်လက်သယ်ယူခြင်းဆိုင်ရာ ပေါ်လစီအများအပြားမှတဆင့် ဝန်ထမ်းများအပေါ်တွင် လုပ်သက်ခွင့်မည်မျှကို ဆက်လက်သယ်ယူနိုင်ကြောင်းနှင့် ကုန်ဆုံးရက်သတ်မှတ်ခြင်းများကို ရွေးခြယ်သတ်မှတ်ပေးနိုင်သည်။ သတ်မှတ်ပြီးသည်နှင့်တပြိုင်နက်ခွင့်ကျန်များကို အလိုအလျောက် ပြောင်းရွေ့ပေးနိုင်သည်။
ခွင့်ပြုပြီးသောလစာမဲ့ခွင့်များကို လစာစာရင်းသို့ ပြောင်းထည့်ပေးခြင်းဖြင့် လစာမဲ့ခွင့်ရက်အတွက် လစာနုတ်ယူမှု တွက်ချက်ခြင်းကို ကလစ်တစ်ချက်ဖြင့် ပြုလုပ်နိုင်သည်။
Google နှင့် Outlook ပြက္ခဒိန်များမှတဆင့် သင်၏ ခွင့်ရက်ပြပြက္ခဒိန်ကို လွယ်ကူစွာဖြင့်တိုက်ရိုက်ကြည့်ရှုနိုင်သည်။
“ ခွင့်တင်ဖို့ဆိုလို့ရှိရင် အရင်တုန်းက ဝန်းထမ်းရေးရာကတဆင့် ခွင့်တင်ရပါတယ်။ အခုဆိုလို့ရှိရင်တော့ ခွင့်ပြက္ခဒိန်ကို ပေါင်းသုံးနိုင်ပြီး ရုံးကို ဘယ်သူလာတယ်၊ ဘယ်သူကတော့ အဆင်သင့်ရှိနေပြီး ဘယ်သူကတော့ရှိမနေနိုင်တာကို ကြည့်နိုင်လာတဲ့ အတွက်ကြောင့် လူတိုင်းရဲ့ ခွင့်ခံစားမှုအခြေအနေတွေကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင် သိနိုင်လာပါတယ်။”
"ကျွန်မတို့အတွက် JustLeave အခန်းဟာ ကျွန်မတို့ကုမ္ပဏီအတွက် အတော်အသုံးတည့်ပြီး အဆင်ပြေတာကိုတွေ့ရပါတယ်။ ပုံမှန်ဆိုရင် ဝန်ထမ်းတစ်ယောက်ကခွင့်တင်မယ်ဆိုရင် စီမံခန့်ခွဲရေးအဖွဲ့ရဲ့ခွင့်ပြုချက်လိုအပ်တာကြောင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဌာနမှာ ခွင့်စာနဲ့ စာရင်းအရင်သွင်းရပါတယ်။ JustLeave အပ်ပလီကေးရှင်းက ဒီပြဿနာတွေကို ကျွန်မတို့အတွက်ဖြေရှင်းပေးလိုက်ပါတယ်။ဝန်ထမ်းတွေဟာ အခုဆိုရင် သူတို့ရဲ့လက်ကိုင်ဖုန်းတွေကတဆင့် ခွင့်တင်နိုင်ပြီး အစီရင်ခံအရာရှိဆီကို ခွင့်ပြုပေးနိုင်ဖို့ ပေးပို့နိုင်ပါတယ်။"
"အရင်တုန်းကဆိုရင် ဝန်ထမ်းတွေဟာ တစ်ရက်ကြိုတင်အကောင်းကြားရပါတယ်။ ဒီပေါ်လစီအတိုင်းသူတို့ဟာ တစ်ရက်ကြိုတင်ပြီး လူကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းစကားပြောဆိုခန်းမှသော်လည်းကောင်းအကြောင်းကြားပေးပို့ရပါတယ်။ ဒါက စနစ်မကျပါဘူး ။ JustLogin ထဲမှာဆိုရင် ရည်ညွန်းပေးပို့နိုင်သောအရာရှိက ရည်ညွန်းပေးပို့ပြီးပြီဆိုရင် ဝန်ထမ်းတွေဟာ ခွင့်ပြုနိုင်သူအရာရှိက ခွင့်ပြုပေးပြီးရင် ခွင့်ယူရန်သာကျန်ပါတယ်။ ဒါက ပိုစနစ်ကျပြီး သူတို့ရဲ့ ခွင့်ပြက္ခဒိန်မှာလည်း ကြည့်ရှုနိုင်ပါတယ်။"
JustLogin သည် ခွင့် စနစ် အတွက် ဆိုသည်ထက်ပိုပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်ရေးရာ စကြံသည် အကောင်းဆုံးအတွေ့အကြုံအတွက် အလုံးစုံပေါင်းစည်းထားပါသည်။
စာရွက်စာတမ်းတွေကို လက်ပြနှုတ်ဆက်ပြီး လူတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ။ သင်၏ ဝန်ထမ်းအချက်အလက်များနှင့် စာရွက်စာတမ်းများကို JustLogin ၏ cloud ပေါ်တွင် လုံခြုံစွာ သိမ်းဆည်းလိုက်ပါ။
သင်၏ဝန်ထမ်းများ အလုပ်နေရာအများအပြားတွင် အလုပ်ချိန်တက်ရောက်မှုမှတ်တမ်းများကို တောက်လျောက် တိကျစွာ စီမံနိုင်သည်။ အလုပ်ဆိုင်းအများအပြားကို အချိန်ဇယားဆွဲနိုင်သည်။ အလုပ်ချိန်နာရီများနှင့် အချိန်ပိုတွက်ချက်နိုင်သည်။ ဒစ်ဂျစ်တယ်အလုပ်တက်အလုပ်ဆင်းမှတ်တမ်းကိုထုတ်လုပ်ပေးပါသည်။
ဝန်ထမ်းလစာစာရင်းအတွက် သုံးစွဲရသောအချိန်ကို ၉၀ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်သည်။ နောက်ဆုံးပေါ်စည်းမျဥ်းဥပဒေပြဌာန်းချက်များနှင့် အပြည့်အဝလိုက်နာဆောင်ရွက်ပြီး သင်၏နှစ်သက်ရာ စာရင်းအင်း ဆော့ဖ်ဝဲလ်ဖြင့်ပေါင်းစပ်ပေးမည်ဖြစ်သည်။
စာရွက်များဖြင့်ပြုလုပ်ထားသောစရိတ်တောင်းခံပြေစာဖြတ်ပိုင်းများကိုလက်ပြနှုတ်ဆက်စကားသာပြောလိုက်ပါ။ သင်၏လက်ကိုင်ဖုန်းအက်ပလီကေးရှင်းများမှနေ၍ ဓာတ်ပုံရိုက်ခြင်း၊ မျက်နှာပြင်ဖတ်ရှုခြင်း၊ ပို့ဆောင်ခြင်းတို့ကိုရိုးရှင်းလွယ်ကူစွာပြုလုပ်နိုင်ပြီး ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပြေစာတောင်းခံမှုအငြင်းပွားချက်များကိုလျော့ချနိုင်ခြင်း နှင့် အတည်ပြုပေးခြင်းတို့ကိုလုပ်ဆောင်ပေးပါသည်။