JustLogin_Product Icons_FA_JustClock

အချိန်နှင့် တပြေးညီ အလုပ်ခွင်ဝင်ရောက်မှု ဆော့ဖ်ဝဲလ်

JustLogin၏ အချိန်နှင့် တပြေးညီ အလုပ်ခွင်ဝင်ရောက်မှု ဆော့ဖ်ဝဲလ်ဖြင့် သင်၏ လုပ်သားအင်အားကို နေရာတိုင်းမှ အချိန်နှင့် တပြေးညီ စဉ်ဆက်မပြတ်စစ်ဆေးနိုင်ပါသည်။


အလုပ်ဝင်ချိန်မှတ်တမ်းတင်ခြင်းသည် ယခုအချိန်ကဲ့သို့ မည်သည့်အခါကမျှ ပိုမိုလွယ်ကူခဲ့ခြင်း မရှိပါ။ ရိုးရှင်းစွာ မိမိကိုယ်ကို ဓာတ်ပုံရိုက်ရုံဖြင့် အလုပ်ဖြစ်ပါသည်။ မျက်နှာပြင်မှတ်သားမှုနည်းပညာနှင့် တည်နေရာပြနည်းပညာများကြောင့် ဝန်ထမ်းများသည် အလုပ်ဝင်ချိန်နှင့် ဆင်းချိန် မှတ်တမ်းတင်ခြင်းများကို တောက်လျှောက် အလွယ်တကူ လုပ်နိုင်ပါသည်။


Image

သင်၏ ဝန်ထမ်းများ၏ တစ်လအတွင်း အလုပ်ဆိုင်း အလုပ်ချိန်နာရီများကို စဥ်ဆက်မပြတ်စစ်ဆေးနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် မရေတွက်နိုင်အောင် များပြားသော အလုပ်ချိန်ဇယား နှင့် အလုပ်ဆိုင်း အတွဲအဆက်များကို ဖန်တီးနိုင်သည်။ ဌာနအလိုက် ဝန်ထမ်းများ၏ အလုပ်ဆိုင်းများကို အပေါ်စီးမှ ကြည့်ရှုနိုင်စေသော အလုပ်ချိန်ဇယားပြ ပြက္ခဒိန် ဖြင့် အလုပ်ချိန်ဇယားများကို အလွယ်တကူ ကြည့်ရှုတည်းဖြတ်နိုင်သည်။ ဝန်ထမ်းများကလည်း ၄င်းတို့၏လက်ကိုင်ဖုန်း အပလီကေးရှင်းမှတဆင့် ၄င်းတို့၏ အလုပ်ချိန်ဇယားများကို တောက်လျောက် စစ်ဆေးနိုင်သည်။


Image

ဝန်ထမ်းတစ်ဦးချင်းစီ၏ အလုပ်ဆိုင်းနှင့် သင်၏ အချိန်ပိုတွက်ချက်ခြင်းဆိုင်ရာ မူဝါဒပေါ်မူတည်၍ အချိန်ပိုကြေးတွက်ချက်ခြင်းများကို အလိုအလျောက် တွက်ချက်နိုင်သည်။ မတူညီသော အချိန်ပိုကြေးနှုန်း များပေါ်မူတည်၍ အချိန်ပို နာရီများကို အမျိုးအစားခွဲနိုင်ပြီး လစာစာရင်းနှင့်ချိတ်ဆက်ကာ အချိန်ပိုကြေး တွက်ချက်နိုင်သည်။


Image

ဝန်ထမ်းတစ်ဦးစီအတွက် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အလုပ်တက်ချိန်ပြဇယား လွယ်ကူစွာ ပြုစုနိုင်သည်။ အလုပ်တက်ချိန်ပြဇယားစာရွက်များကို နေရာ အနှံ့မှစုဆောင်းရန်အတွက် သွားလာရခြင်းများ မလိုအပ်တော့ပါ။ တင်သွင်းပြီးသော အလုပ်တက်ချိန်ပြဇယားများကို သတ်မှတ်ထားသော ခွင့်ပြုချက်အဆင့်အလိုက်ဆက်လက်တင်သွင်းနိုင်သည်။


Image

စွမ်းဆောင်ရည်မြင့်မားသော အလုပ်ချိန်မှတ်တမ်းကို စစ်ဆေးခြင်းစနစ်

သင်၏ လှုပ်ရှားတက်ကြွနေသော လုပ်သားအင်အားကို အမြဲတိကျသော အလုပ်ချိန်ဝင်ရောက်မှု ကို စဥ်ဆက်မပြတ်စစ်ဆေးခြင်း ဖြင့် အမြဲသိရှိနိုင်သည်။ သင်၏ အဖွဲ့သည် သူတို့ ရှိနေရမည့် အချိန်နှင့် နေရာတွင် ရှိနေမည်ကို စိတ်ချနိုင်ပါသည်။

Location-arrow

တည်နေရာပြနည်းပညာ

အလုပ်ဝင်ချိန်နှင့် ဆင်းချိန် မှတ်တမ်းတင်ချိန်တွင် ဝန်ထမ်းများ၏ တည်နေရာပြ အမှတ်အသားများကို ဖမ်းယူနိုင်သည်။ တည်နေရာပြနည်းပညာဖြင့် ဝန်ထမ်းများကို အလုပ်နေရာတဝှိုက်တွင်သာ အလုပ်ဝင်ချိန်နှင့် ဆင်းချိန် မှတ်တမ်းတင်ခြင်းများကို ပြုလုပ်နိုင်‌အောင်လည်း ကန့်သတ်နိုင်သည်။

 
Check

မျက်နှာပြင်မှတ်သားမှုနည်းပညာဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း

မှတ်ဉာဏ်တုနည်းပညာဖြင့် စွမ်းရည်မြှင့်ထားသော မျက်နှာပြင်မှတ်သားမှုနည်းပညာဖြင့် ဝန်ထမ်းများ အလုပ်ဝင်ချိန်နှင့် ဆင်းချိန် မှတ်တမ်းတင်ခြင်းများပြုလုပ်စေပါ။ မျက်နှာပြင်အတုအား သတိထားမိချိန်တွင် အသိပေးချက်ကို ရယူပါ။

Sign-in

အလုပ်ဝင်ချိန် အများအပြား မှတ်တမ်းတင်ခြင်း

အလုပ်ဝင်ချိန်နှင့် ဆင်းချိန် မှတ်တမ်းတင်ခြင်းကို တစ်နြေတာအတွင်း အများအပြားပြုလုပ်နိုင်ပါသည်။ ပထမဆုံးအလုပ်ဝင်ချိန်နှင့် နောက်ဆုံးအလုပ်ဆင်းချိန်ကို မှတ်တမ်းတင်ခြင်း သို့မဟုတ် အလုပ်ဝင်ချိန်နှင့် ဆင်းချိန်တိုင်းကို မှတ်တမ်းတင်ခြင်းကို သင်၏ကိုယ်ပိုင်မူဝါဒအတိုင်း သီးသန့်စီစဉ်ထားရှိနိုင်သည်။
Alarm-clock

နောက်ကျ/ပျက်ကွက် အချက်ပေးခြင်း

ဝန်ထမ်းများ ၄င်းတို့၏ သတ်မှတ်ထားသော အလုပ်ဆိုင်းအတွင်း အလုပ်ဝင်ရန် မှတ်တမ်းတင်မှု ပျက်ကွက်ပါက အလျင်အမြန် အချက်ပေးမှု ထုတ်ပြန်ပေးခြင်းဖြင့် သင်၏ လုပ်သားအင်အားစု နေရာချထားမှုများကို အလျင်အမြန်ညှိပေးနိုင်အောင် ပြုလုပ်ပေးသည်။

Notifications#1

အလုပ်ချိန်အဝင်/အထွက် သတိပေးချက်များ

ဝန်ထမ်းများကို ၄င်းတို့အတွက် သတ်မှတ်ပေးထားသော အလုပ်ချိန်အတွင်း စံသတ်မှတ်ထားသည့် အစ သို့မဟုတ် အဆုံးတွင် အလုပ်အဝင်အထွက်မှတ်တမ်းတင်ရန် မေ့လျော့သွားပါက အလိုအလျောက် သတိပေးချက် ပေးပို့နိုင်ရန် လျာထားနိုင်သည်။

Location-arrow

များစွာသော လုပ်ငန်းခွင်များ

ဝန်ထမ်းများကို တနေ့တာအတွင်း မတူညီသော အလုပ်ခွင်နေရာများတွင် အလုပ်ခွင် ဝင်ရောက်မှု အချိန်မှတ်တမ်းတင်ခြင်း ပြုလုပ်နိုင်အောင် လုပ်ဆောင်နိုင်သည်။

အခြားလုပ်ဆောင်ချက်များ

File

အချိန်ပိုခံစားခွင့်တောင်ဆိုခြင်းများ

သင်၏ဝန်ထမ်းများကို အချိန်ပိုခံစားခွင့် တောင်းဆိုခြင်းများပြုလုပ်နိုင်ရန် ခွင့်ပြုပေးနိုင်ပြီး ငွေသားဖြင့်ပေးချေမှုသော်လည်းကောင်း အစားထိုး ခွင့် အချိန်နာရီများ ပြန်ပေးခြင်းဖြင့်သော်လည်းကောင်း ခွင့်ပြုမှုပေါ်တွင် မူတည်၍ ပြန်လည်အစားထိုးပေးနိုင်သည်။

Clipboard-list

အချိန်ပိုခံစားခွင့်ဆိုင်ရာ မူဝါဒ

ဥပ‌ဒေအပေါ်တွင် အခြေခံသော မူဝါဒများပေါ်တွင်သော်လည်းကောင်း၊ သင်၏ကိုယ်ပိုင်မူဝါဒပေါ်တွင် အခြေခံ၍သော်လည်းကောင်း အချိန်ပိုကြေးကို တွက်ချက်နိုင်သည်။

Send

အစီရင်ခံစာများ

အချိန်ပိုများ၊ နောက်ကျခြင်းများ နှင့် အခြားသော အချင်းအရာများကို ကြည့်ရှုနိုင်ရန် အလုပ်တက်ချိန်မှတ်တမ်းအစီရင်ခံစာကို ပြုစုနိုင်သည်။

Plus

ဝန်ထမ်းလစာစာရင်းသို့ပေါင်းစည်းခြင်း

အချိန်ပိုနာရီများကို အချိန်ပိုကြေးများထုတ်ပေးနိုင်ရန်အတွက် ဝန်ထမ်းလစာစာရင်းသို့ လွယ်ကူစွာ လွှဲပြောင်းပေးနိုင်သည်။

Tablet

အများသုံး အဖြစ်အသုံးပြုနိုင်မှု

ဝန်ထမ်းများသည် အများသုံးအဖြစ်အသုံးပြုနိုင်ရန် စီမံထားသော တက်ဘလက် သို့မဟုတ် ဥာဏ်ရည်မြင့် လက်ကိုင်ဖုန်းတစ်ခုခုကို အသုံးပြု၍ အလုပ်ချိန်မှတ်တမ်းတင်ခြင်းပြုလုပ်နိုင်သည်။ ထိုသို့စီမံထားခြင်းသည် သင်၏အလုပ်ခွင် အတွင်းရှိ စက်ပစ္စည်းတစ်ခုတွင် အလုပ်ချိန်မှတ်တမ်းတင်ခြင်း အများအပြား ပြုလုပ်နိုင်ရန် ပံ့ပိုးထားခြင်းကြောင့်ဖြစ်သည်။

SafeClock သို့ပေါင်းစည်းခြင်း

ထိစရာမလိုဘဲ တံခါးသို့ ဝင်ရောက်နိုင်ခြင်း

 သင်၏တံခါးသို့ ဝင်ခွင့်ပြုခြင်းကို ထိတွေ့စရာမလိုပဲ ကိုယ်အပူချိန်ဖတ်ခြင်းနှင့် မျက်နှာပြင်မှတ်ပုံတင်နိုင်သော စက်ပစ္စည်းတစ်ခုဖြစ်သည့် SafeClockနှင့် ပေါင်းစည်းထားခြင်းဖြင့် သင်၏အလုပ်ခွင်ဝင် မှတ်တမ်းတင်ခြင်းကို ပေါင်းစည်းနိုင်သည်။ သင့်အလုပ်ခွင် ဝင်ရောက်ရန် မှတ်တမ်းတင်ခြင်းတွင် သင်၏မျက်နှာကို SafeClock ပေါ်တွင် ဖတ်ပါ။

ကျွန်ုပ်တို့၏ သုံးစွဲသူများ မည်သို့ပြောကြားသည်ကို နားဆင်နိုင်သည်။

ဝန်ထမ်း ပဓာန HR ဆော့ဖ်ဝဲလ်

အလုံးစုံပေါင်းစည်းထားသော လူ့စွမ်းအားအရင်းအမြစ်ရေးရာ ဆော့ဖ်ဝဲလ်

JustLogin သည် ရုံးတက်မှတ်တမ်း အတွက် ဆိုသည်ထက်ပိုပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်ရေးရာ စကြံသည် အကောင်းဆုံးအတွေ့အကြုံအတွက် အလုံးစုံပေါင်းစည်းထားပါသည်။

ဝန်ထမ်းရေးရာ

စာရွက်စာတမ်းတွေကို လက်ပြနှုတ်ဆက်ပြီး လူတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ။ သင်၏ ဝန်ထမ်းအချက်အလက်များနှင့် စာရွက်စာတမ်းများကို JustLogin ၏ cloud ပေါ်တွင် လုံခြုံစွာ သိမ်းဆည်းလိုက်ပါ။

နောက်ထပ်လေ့လာရန် >

လစာစာရင်း

ဝန်ထမ်းလစာစာရင်းအတွက် သုံးစွဲရသောအချိန်ကို ၉၀ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်သည်။ နောက်ဆုံးပေါ်စည်းမျဥ်းဥပဒေပြဌာန်းချက်များနှင့် အပြည့်အဝလိုက်နာဆောင်ရွက်ပြီး သင်၏နှစ်သက်ရာ စာရင်းအင်း ဆော့ဖ်ဝဲလ်ဖြင့်ပေါင်းစပ်ပေးမည်ဖြစ်သည်။

နောက်ထပ်လေ့လာရန် >

ခွင့်

သင်၏ခွင့်ရက်စီစဥ်မှုများကိုအပြည့်အဝအလိုအလျောက်ဆောင်ရွက်နိုင်သည်။ အစိုးရရုံးပိတ်ရက်များနှင့် ဘုံသုံး ခွင့်ရက်ပြ ပြက္ခဒိန်တို့၏အလိုအလျောက် ဖြစ်ခြင်း အတွက် အဆင်ပြေမှုကို ခံစားပျော်ရွှင်နိုင်သည်။ သင်၏ခွင့်ရက်အတည်ပြုချက်ကျရန်အတွက်စောင့်ရသောအချိန်များကို လျော့ချနိုင်သည်။

နောက်ထပ်လေ့လာရန် >

အသုံးစရိတ်

စာရွက်များဖြင့်ပြုလုပ်ထားသောစရိတ်တောင်းခံပြေစာဖြတ်ပိုင်းများကိုလက်ပြနှုတ်ဆက်စကားသာပြောလိုက်ပါ။ သင်၏လက်ကိုင်ဖုန်းအက်ပလီကေးရှင်းများမှနေ၍ ဓာတ်ပုံရိုက်ခြင်း၊ မျက်နှာပြင်ဖတ်ရှုခြင်း၊ ပို့ဆောင်ခြင်းတို့ကိုရိုးရှင်းလွယ်ကူစွာပြုလုပ်နိုင်ပြီး ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပြေစာတောင်းခံမှုအငြင်းပွားချက်များကိုလျော့ချနိုင်ခြင်း နှင့် အတည်ပြုပေးခြင်းတို့ကိုလုပ်ဆောင်ပေးပါသည်။

နောက်ထပ်လေ့လာရန် >

JustLogin ဖြင့်စတင်လိုက်ပါ။

Arrow-up