သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံး ဈေးနှုန်းကို ရွေးချယ်လိုက်ပါ

သင်လုပ်ငန်းအတွက် လိုအပ်တဲ့ Application အပိုင်းနဲ့ အသုံးပြုမယ့် လူဦးရေအတွက်သာ ပေးရမှာပါ။ ရိုးရိုးလေးပါ။

စျေးနှုန်း အစီစဉ်များ

ဝန်ထမ်း ဉီးရေ ၁၀၀ အထက်ရှိပါသလား စိတ်ကြိုက် စျေးနှုန်းတစ်ခု ကို ဒီမှာ  ရယူပါ။

မကြာခဏ မေးလေ့ ရှိသည့် မေးခွန်းများ

ကျွန်ုပ် တို့၏ လစဉ်ကြေးတွင် ပါဝင်တာတွေကတော့ (၁) Application ပြုပြင်ထိန်းသိမ်းခြင်း နှင့် အဆင့် မြင့်တင်ခြင်း (၂) Hosting ဝန်ဆောင်မှု (၃) လုပ်ဆောင်ချက်များ တိုးမြှင့်ခြင်း (၄) ဥပဒေ ပြန်ဌာန်းချက်များကို Update ပြုလုပ်ပေးခြင်း (၅)နေ့စဉ် သိမ်းဆည်းပေးခြင်း (၆) email, phone, live chat များမှတဆင့် ထောက်ပံ့ပေးခြင်း

Application ကို Amazon Web Services(AWS) ပေါ်တွင် ထားရှိပါသည်။ ဌင်း၏ အချက်အလက် ဗဟို ကို စင်္ကာပူမှာ ထားရှိပြီး အရံအနေဖြင့် AWS ၏ အခြားတည်နေရာတွင်လည်း ထားရှိပါသည်။ Airbnb, Netflix နှင့် Apple ကဲ့သို့သော အင်တာနက် ကုမ္ပဏီကြီးများသည်လည်း AWS ကိုယုံကြည်စွာ သုံးစွဲကြပါသည်။

အတူညီတဲ့ ဆာဗာတွေပေါ်မှာ အချက်အလက်တွေကို နေ့စဉ်နှင့် အပတ်စဉ် ပုံမှန် သိမ်းဆည်းထားတာ ဖြစ်တဲ့အတွက် မိတ်ဆွေရဲ့ သတင်းအချက်အလက်တွေကို မိတ်ဆွေလိုအပ်တဲ့အချိန်မှာ ရရှိနိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အစီအစဉ်က ဝန်ထမ်း ၅ ယောက်က စပါတယ်။ မိတ်ဆွေမှာ ဝန်ထမ်းနဲနဲပဲ ရှိတယ်ဆိုရင်လည်း စလို့ရပါတယ် ဒါပေမယ့် အစီအစဉ် အသီးသီးအတွက် အနည်းဆုံး ၅ ယောက်စာအတွက် ပေးရမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့သည် ISO 27001 အသိအမှတ်ပြု လက်မှတ် ရရှိထားတာကြောင့် နိုင်ငံတကာ အသိအမှတ်ပြုထားသော အချက်အလက် ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ရွှေရောင်အဆင့် လိုက်နာ လုပ်ဆောင်ပါသည်။ မိတ်ဆွေ၏ သတင်းအချက်အလက်များကို လုံခြုံမှု ရှိစေဖို့အတွက် လုံခြုံရေးဆိုင်ရာ အမြင့်ဆုံး ဖြစ်ရန် SSL encryption ဖြင့် Amazon Web Servers မှာ သိမ်းဆည်းထားပါသည်။ ကျှန်ုပ်တို့၏ လုံခြုံရေးဆိုင်ရာ မူဝါဒများအကြောင်းကို ပိုမို သိရှိလိုပါက ဒီနေရာမှာ ဖတ်ရှုနိုင်ပါသည်။

မိတ်ဆွေလိုပဲ ကျွန်ုပ်တို့ဟာ တီထွင်ဆန်းသစ်ဖို့ နှင့် တိုးတက်အောင် ကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက် အသစ်တွေ အဆင့်မြှင့်တင်မှုတွေကို အပိုထပ်ဆောင်းပေးစရာ မလိုပဲ ရရှိနေမှာဖြစ်ပါတယ်။

JustLogin အကောင့်ကို စတင်အသုံးပြုဖို့အတွက် မိနစ်အနည်းငယ်ပဲ ကြာပါတယ်။ ပြီးတော့ ကျွန်ုပ်တို့၏ ကျွမ်းကျင်သူဝန်ထမ်းများမှ ပထမဆုံးအနေဖြင့် ဝန်ထမ်း အချက်အလက်များ ထည့်သွင်းခြင်း ကုမ္ပဏီမူဝါဒများ သတ်မှတ်ခြင်း များကို ကူညီလုပ်ဆောင်ပေးပြီးနောက် စတင် အသုံးပြုနိုင်ပါပြီ။ Customer အများစုကတော့ ၂ ပတ်အတွင်း စတင် အသုံးပြုနိုင်ပါသည်။

ကျွန်ုပ်တို့ System က Load-balancing architecture တစ်ခုပေါ်မှာ ဆာ‌ဗာ အများအပြား ပါဝင်ပါတယ်။ ဒါက ၉၉.၉% system uptime ဖြစ်အောင် ထောက်ပံ့ပေးပါတယ်။ ဒီထက်လည်း ပိုမို သာလွန်ကောင်းမွန်အောင် ဦးတည်လုပ်ဆောင်နေပါတယ်။

JustLogin ဖြင့်စတင်လိုက်ပါ။

Arrow-up