ကျွန်ပ်တို့ ၏လစာစာရင်းဆော့ဖ်ဝဲလ်များသည်လူမှုဖူလုံရေးကြေးနှင့် မဖြစ်မနေ ထည့်ဝင်မှုများကို ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် အလိုအလျောက်တွက်ချက်ပေးပြီး သက်ဆိုင်ရာ ဖိုင်များကို တင်သွင်းနိုင်ရန်အတွက်လည်း ပြုစုပေးပါသည်။
ကျွန်ပ်တို့၏ အပြည့်အဝအလုံးစုံပေါင်းစည်းထားပြီး သွင်ပြင်လက္ခဏာစုံလင်သော ဝန်ထမ်းလစာ စာရင်း ဆော့ဖ်ဝဲသည် ဝန်ထမ်းလစာစာရင်းပြုစုခြင်းကို အခက်အခဲမရှိပြုလုပ်စေနိုင်ပါသည်။
ဥပဒေပြဌာန်းချက်များ အတိုင်း လူမှုဖူလုံရေးဖိုင်များ အလွယ်တကူ ပြုစုနိုင်ပြီး စာရင်းတင်နိုင်သည်။
ဝန်ထမ်းများကို အရှုပ်အထွေးကင်းသော လစာပေးချေမှုများ ပြုလုပ်နိုင်ရန် အလွယ်တကူတင်သွင်းရန်အသင့် ဘဏ်ဖိုင်များကို ပြုစုနိုင်သည်။
ကျွန်ုပ်တို့၏ အက်ပလီကေးရှင်းများအားလုံးအတွင်း အကြားအလပ်မရှိ ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် လက်ဖြင့် ဒေတာထည့်သွင်းရခြင်းအပေါ်သင်နောက်ထပ်စိတ်ပူရန်မလိုတော့ပါ။
Xero, QuickBooks Online သို့မဟုတ် Oracle NetSuite တို့ကဲ့သို့သောကျွန်ုပ်တို့၏ စာရင်းအင်း app လုပ်ငန်းမိတ်ဖက်များကို သင်၏ဝန်ထမ်းလစာစာရင်းဒေတာများနှင့်ချိတ်ဆက်နိုင်သည်။
ဥပဒေပြဌာန်းချက်များ အတိုင်း လူမှုဖူလုံရေးဖိုင်များ အလွယ်တကူ ပြုစုနိုင်ပြီး စာရင်းတင်နိုင်သည်။
ဝန်ထမ်းများကို အရှုပ်အထွေးကင်းသော လစာပေးချေမှုများ ပြုလုပ်နိုင်ရန် အလွယ်တကူတင်သွင်းရန်အသင့် ဘဏ်ဖိုင်များကို ပြုစုနိုင်သည်။
ကျွန်ုပ်တို့၏ အက်ပလီကေးရှင်းများအားလုံးအတွင်း အကြားအလပ်မရှိ ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် လက်ဖြင့် ဒေတာထည့်သွင်းရခြင်းအပေါ်သင်နောက်ထပ်စိတ်ပူရန်မလိုတော့ပါ။
Xero, QuickBooks Online သို့မဟုတ် Oracle NetSuite တို့ကဲ့သို့သောကျွန်ုပ်တို့၏ စာရင်းအင်း app လုပ်ငန်းမိတ်ဖက်များကို သင်၏ဝန်ထမ်းလစာစာရင်းဒေတာများနှင့်ချိတ်ဆက်နိုင်သည်။
ကျွနိုပ်တို့သည် အစိုးရပြဌာန်းချက်များနှင့် အညီ ထည့်သွင်းထားသော ဆောင်ရွက်ချက်များဖြင့် သင်၏လစာပေးချေမှုကို အခက်အခဲမရှိစေရန် ပြုလုပ်ထားပါသည်။ ထို့ကြောင့် သင်၏လစာစာရင်းကို မှန်ကန်မှုရှိစေရန် ယုံကြည်စိတ်ချစွာ ပြုလုပ်နိုင်ပါသည်။
သင်၏ ဝန်ထမ်း လစာစာရင်းအချက်အလက်များဖြင့် ကြိုတင်ပြင်ဆင်ထားသော ပုံစံ၁၅ နှင့် ပုံစံ၁၆ ဖိုင်များကို အလိုအလျောက် ပြုစုပေးနိုင်ပါသည်။
ကျွန်ပ်တို့ ၏လစာစာရင်းဆော့ဖ်ဝဲလ်များသည်လူမှုဖူလုံရေးကြေးနှင့် မဖြစ်မနေ ထည့်ဝင်မှုများကို ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် အလိုအလျောက်တွက်ချက်ပေးပြီး သက်ဆိုင်ရာ ဖိုင်များကို တင်သွင်းနိုင်ရန်အတွက်လည်း ပြုစုပေးပါသည်။
ထည့်ဝင်ကြေးနှုန်းများနှင့် အခြားသော မူဝါဒအပြောင်းအလဲများကို အမြဲတမ်း မွမ်းမံပေးနေသဖြင့် ဥပဒေဆိုင်ရာ ပြဌာန်းချက်များ အတွက် စိုးရမ်ပူပန်ရန်မလိုတော့ပါ။
လစာပေးချေမှု ကိစ္စရပ်များကိုသင်လိုအပ်သလောက်ဖန်တီးနိုင်သည်။ ခံစားခွင့်၊ ဖြတ်တောက်ခြင်း သို့မဟုတ် ပေးချေခြင်း စသည်ကို ရွေးချယ်ရန်သာလိုအပ်သည်။
မတူသော အချိန်ဇယားအောက်ရှိ မတူသော ဝန်ထမ်းများကို လစာပေးချေနိုင်ရန် လစဥ်နှင့် လဝက်တိုင်း ပေးချေမှုများ ပြုလုပ်နိုင်ရန် ရွေးချယ်နိုင်ပါသည်။ အပိုဆောင်းပေးချေမှု၊ ပြန်လည်ပေးချေမှုနှင့် အခြားသော တစ်သီးပုဂ္ဂလပေးချေမှုများကို ကျပန်းလုပ်ဆောင်နိုင်ပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်နှင့် လုံခြုံရေးသေချာစေရန်အတွက်မည်သူက မည်သည့်အရာကို ကြည့်ရှုနိုင်သည်ကို ထိန်းချုပ်နိုင်သည်။ အရေးကြီးသော လစာအချက်အလက်များကို မည်သူကဝင်ရောက်ထိန်းချုပ်ပိုင်ခွင့်ရှိသည်ကို ခွဲထုတ်နိုင်သည်။ သီးခြားဝန်ထမ်းအုပ်စုများကို လစာပြင်ဆင်ရန်အတွက် သီးသန့် ဝန်ထမ်း အား တာဝန်ပေးနိုင်သည်။
သင်၏ စီးပွားရေးလုပ်ငန်းအတွက် ဝန်ထမ်းလစာစာရင်း အမြောက်အမြားကို နိုင်းယှဥ်သုံးသပ်နိုင်ရန်ကျွန်ုပ်တို့ သည်ခြားနားသော အစီရင်ခံစာ ၂၀ ကျော်ကို ပြုစုထားပါသည်။
ဝန်ထမ်းများသည် ခွင့်ပြုပြီးဖြစ်သော အသေးစိတ်ဖော်ပြထားသည့် လစာရှင်းတမ်းများကို ၄င်းတို့၏ လက်ကိုင်ဖုန်းအပလီကေးရှင်းများပေါ်တွင်လည်းကောင်း၊ အွန်လိုင်းမှတဆင့်သော်လည်းကောင်း ကြည့်ရှု၍ ရယူနိုင်ပါသည်။ လစာရှင်းတမ်း စာရွက်များကို သပ်သပ် ဖြန့်ဝေပေးရန် မလိုအပ်တော့ပါ။
ဥပဒေပြဌာန်းချက်များအရသော်လည်းကောင်း သို့မဟုတ် သင်၏ကိုယ်ပိုင်မူဝါဒအရသော်လည်းကောင်း သီးခြားသတ်မှတ်နိုင်သော အချိန်ပိုကြေးနှုန်းများဖြင့် အချိန်ပိုနာရီများကို နာရီမှတ်တမ်းမှတဆင့် အလိုအလျောက် ပြောင်းရွေ့၍သော်လည်းကောင်း လက်ဖြင့် သီးခြား ထည့်သွင်း၍သော်လည်းကောင်း အချိန်ပိုကြေးပေးချေမှုများကို တွက်ချက်နိုင်သည်။
JustLogin တွင် လစာမဲ့ခွင့် ရယူထားပါက လစာမဲ့ခွင့်ဖြတ်တောက်ခြင်းများကို အလိုအလျောက် တွက်ချက်နိုင်သည်။ ခွင့်ရက်ပိုများကို ငွေသားဖြင့် ပေးချေမှုအတွက် တွက်ချက်ခြင်းများကိုလည်း ဝန်ထမ်း၏ လစာနှုန်းထားအလိုက် အလိုအလျောက် လုပ်ဆောင်နိုင်သည်။
JustLogin ပေါ်တွင် ဝန်ထမ်းအများအပြား၏ လစာအသေးစိတ်အချက်အလက်များကို တခါတည်းတလုံးတခဲတည်းမွမ်းမံနိုင်သည်။ သို့မဟုတ် သင်၏ Spraedsheet မှ အသေးစိတ်ကို ရိုးရှင်းစွာ အချိန်မကုန်ပဲ တင်သွင်းနိုင်ပါသည်။
Xero, QuickBooks Online သို့မဟုတ် Oracle Netsuite အစရှိသော သင်နှစ်သက်ရာ စာရင်းအင်း ဆော့ဖ်ဝဲနှင့် အလိုအလျောက်ချိတ်ဆက်နိုင်သည်။ လစာစာရင်းကို CardUp နှင့်Reap တို့နှင့်လည်း ချိတ်ဆက်ကာ အကြွေးဝယ်ကဒ်မှတဆင့် လစာပေးချေမှုများပြုလုပ်နိုင်သည်။
“တချို့ဝန်ထမ်းတွေက ရုံးကို တခါတလေ လာဖို့ မလိုပါဘူး။ 'ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်ရေးရာအတွက် အလုပ်ချိန်တွေကိုတွက်ချက်ရတာ အဆင်မပြေပါဘူး။ ဒါကြောင့်မို့လို့ကျွန်မတို့ MD က လစာတွက်ချက်ဖို့ အတွက် စနစ်တစ်ခု လုပ်ဖို့ ပြောပြီး JustLogin ကိုသုံးဖို့ အကြံပြုခဲ့ပါတယ်။ ကျွန်မတို့က ဒီစနစ်က ကျွန်မတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိတာကို တွေ့ရပါတယ်။ အရင်တုန်းကဆိုရင် လစာတွက်ချက်ဖို့ အချိန်အများကြီးကုန်ပါတယ်။ အခုဆိုရင် ဒီစနစ်က အလုပ်ချိန်နာရီတွေကို တွက်ချက်ပေးလို့ အချိန်တဝက်လောက် သက်သာသွားပါတယ်။”
"JustLogin ရဲ့ ဝန်ထမ်းလစာစာရင်းအလိုအလျောက်လုပ်ဆောင်မှုဟာ ဝန်ထမ်းလစာစာရင်း တွက်ချက်ခြင်းကို ရိုးရှင်းလွယ်ကူစေပြီး အစိုးရပြဌာန်းချက်များနဲ့ကိုက်ညီမှုရှိစေရန် လိုအပ်သည့် အစီရင်ခံတင်သွင်းမှု တွေကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ ဝန်ထမ်းလစာစာရင်းတွက်ချက်ခြင်းနဲ့ ခွင့်ရက်တွက်ချက်ခြင်းတွေကို တိကျဖို့ ကျွန်တော်တို့ နောက်ထပ်စိတ်ပူစရာမလိုတော့တဲ့အတွက် ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်ဘဝ အရည်အသွေးနဲ့ အလုံးစုံလူမှုဘဝဖူလုံရေး သက်သာချောင်ချိရေး တို့တိုးတက်ဖို့အတွက် အချိန်ပိုပေးလာနိုင်တယ်။"
"JustLogin က ပြဌာန်းချက်တွေ အပြောင်းအလဲရှိတဲ့အချိန်တိုင်း အလိုအလျောက် စနစ်သစ်မြင့်တင်ခြင်း နဲ့ ကူညီတဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုက်နာမှုတွေနဲ့ ကိုက်ညီစေပါတယ်။ ဒါ့အပြင် ဒီဆော့ဖ်ဝဲလ်ဟာ လူ့စွမ်းအားအရင်းအမြစ်ရေးရာ ကိစ္စရပ်တွေမှာ တကယ့်ကို စွမ်းဆောင်ရည် မြှင့်တင်ဆောင်ရွက်ပေးပါတယ်။ နှစ်ကုန် အခွန်ဆောင်ရန်အတွက် လူတိုင်းရဲ့လစာစာရင်း အချက်အလက်တွေကို လက်နဲ့ ထည့်သွင်းရမယ်ဆိုရင် ၄-၅ နာရီလောက် ကြာနိုင်ပါတယ်။ အခုတော့ JustPayroll နဲ့ဆိုရင် ကျွန်တော်တို့ရဲ့ စာရင်းကိုင်တွေ နောက်ဆုံးစာရင်းပြုစုဖို့အတွက် အစီရင်ခံစာတွေကို ပြုစုတာ၊ စစ်ဆေးတာ၊ တင်သွင်းတာတွေလုပ်ဖို့ မိနစ် ၃၀ မျှသာ အချိန်ယူပါတယ်။"
JustLogin သည် Payroll အတွက် ဆိုသည်ထက်ပိုပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်ရေးရာ ဆော့ဖ်ဝဲ သည် အကောင်းဆုံးအတွေ့အကြုံအတွက် အလုံးစုံပေါင်းစည်းထားပါသည်။
စာရွက်စာတမ်းတွေကို လက်ပြနှုတ်ဆက်ပြီး လူတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ။ သင်၏ ဝန်ထမ်းအချက်အလက်များနှင့် စာရွက်စာတမ်းများကို JustLogin ၏ cloud ပေါ်တွင် လုံခြုံစွာ သိမ်းဆည်းလိုက်ပါ။
သင်၏ဝန်ထမ်းများ အလုပ်နေရာအများအပြားတွင် အလုပ်ချိန်တက်ရောက်မှုမှတ်တမ်းများကို အချိန်နှင့်တပြေးညီ တိကျစွာ စီမံနိုင်သည်။ အလုပ်ဆိုင်းအများအပြားကို အချိန်ဇယားဆွဲနိုင်သည်။ အလုပ်ချိန်နာရီများနှင့် အချိန်ပိုတွက်ချက်နိုင်သည်။ ဒစ်ဂျစ်တယ်အလုပ်တက်အလုပ်ဆင်းမှတ်တမ်းကိုထုတ်ပေးနိုင်ပါသည်။
သင်၏ခွင့်ရက်စီစဥ်မှုများကိုအပြည့်အဝအလိုအလျောက်ဆောင်ရွက်နိုင်သည်။ သင်၏ခွင့်ရက်အတည်ပြုချက်ကျရန်အတွက်စောင့်ရသောအချိန်များကို လျော့ချနိုင်သည့်အပြင် အစိုးရရုံးပိတ်ရက်များနှင့် ဘုံသုံး ခွင့်ရက်ပြ ပြက္ခဒိန်တို့ကိုအလိုအလျောက် ပြုလုပ်နိုင်ပါသည်။
စာရွက်များဖြင့်ပြုလုပ်ထားသောစရိတ်တောင်းခံပြေစာဖြတ်ပိုင်းများကိုလက်ပြနှုတ်ဆက်စကားသာပြောလိုက်ပါ။ သင်၏လက်ကိုင်ဖုန်းအက်ပလီကေးရှင်းများမှနေ၍ ဓာတ်ပုံရိုက်ခြင်း၊ မျက်နှာပြင်ဖတ်ရှုခြင်း၊ ပို့ဆောင်ခြင်းတို့ကိုရိုးရှင်းလွယ်ကူစွာပြုလုပ်နိုင်ပြီး ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပြေစာတောင်းခံမှု၊ အငြင်းပွားချက်များကိုလျော့ချနိုင်ခြင်း နှင့် အတည်ပြုပေးခြင်းတို့ကိုလုပ်ဆောင်ပေးပါသည်။