JustLogin အနေဖြင့် မိတ်ဆွေ နှင့် မိတ်ဆွေရဲ့ လက်လီလုပ်ငန်းမှာရှိတဲ့ လူတွေရဲ့ လုပ်ငန်း ဆောင်တာတွေကို ဘယ်လို ကူညီနိုင်လဲ

လက်လီလုပ်ငန်း များ ကြိုက်နှစ်သက်သည့် လုပ်ဆောင်ချက်များ

Time-schedule

ဝန်ထမ်းများ၏ ရုံးတက် ရုံးဆင်း စာရင်းများကို ကြည့်ရှုနိုင်ခြင်း

အလုပ်လုပ်ချိန် အဆိုင်း များကို လိုအပ်သလို ပြုလုပ်နိုင်ပါသည်။ ဝန်ထမ်းများသည် မျက်နှာ နှင့် တည်နေရာ မှတ်တမ်းတင်ပြီး မိုဘိုင်းဖုန်းမှတဆင့် ရုံးတက်ချိန်ကို ပြုလုပ်ရသည့်အတွက် တည်နေရာ အမျိုးမျိုးတွင်ရှိသည့် ဝန်ထမ်းများ၏ ရုံးဆင်း ရုံးတက် စာရင်းများကို အချိန် အချိန်နဲ့ တပြေးညီ အွန်လိုင်းမှ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ အချိန်ပိုနှင့် လုပ်ခ လစာများကို လူမှုဖူလုံရေး စည်းမျဉ်းများအတိုင်း အလိုအလျှောက် တွက်ချက်နိုင်သည့် အတွက် မိတ်ဆွေအနေဖြင့် အမြဲတမ်း လိုက်လျောညီထွေ လုပ်ဆောင်နိုင်ပါလိမ့်မည်။

ရုံးတက် ရုံးဆင်း စာရင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်

iPhone-X

ခွင့်တင်မည်

မန်နေဂျာများ နှင့် ဝန်ထမ်းများအနေဖြင့် ခွင့် တင်ခြင်း ခွင့်လက်ခံခွင့်ပြုခြင်းကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ သူတို့၏ ခွင့်လက်ကျန်များကို စစ်ဆေးခြင်း ခွင့် ပြက္ခဒိန် မျှဝေခြင်း စသည် တို့ကို မိုဘိုင်း App မှတဆင့် စစ်ဆေးနိုင်ပါသည်။ မိတ်ဆွေအနေဖြင့် အချိန်ပိုနာရီများကိုလည်း အစားထိုး နာရီ (သို့မဟုတ်) နေ့များအဖြစ် အလို အလျောက် ပြောင်းလဲစေရန်လည်း လုပ်ဆောင်ထားနိုင်ပါသည်။

ခွင့် နှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်

Dollar

အလိုအလျောက် လစာ တွက်ချက်ခြင်း

ဝန်ထမ်းများ၏ လစာများကို သတင်းတပတ်၏ မတူညီသော ရက်၊ စနေ တနင်္ဂနွေ ရက်၊ အများပြည်သူ ရုံးပိတ်ရက် စသည်တို့အတွက် နေ့အလိုက် သို့မဟုတ် နာရီအလိုက်နှုန်းဖြင့် မတူညီသော လစာနှုန်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။ မိတ်ဆွေ၏ လက်လီလုပ်ငန်းမှ ဝန်ထမ်းများသည် သူတို့၏ လစာ စလစ်များကို မည်သည့် နေရာ မည့်သည့် အချိန်မှာ မဆို ကိုယ်ပိုင် Mobile App တဆင့် ရရှိ နိုင်ပါသည်။

လစာ စာရင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်

Folder

ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖိုင်များ

မိတ်ဆွေ၏ ဝန်ထမ်းများ၏ မှတ်တမ်းများ စာရွက် စာတမ်း အချက်အလက်များအားလုံးကို Cloud ပေါ်တွင် လုံခြုံစွာ သိမ်းဆည်းနိုင်ပါသည်။ အလုပ်လုပ်ကိုင်ခွင့် ပြန်လည်သက်တမ်းတိုးခြင်းကဲ့သို့ အရေးကြီးတဲ့ ရက်များကို အသိပေးချက်ရရှိအောင် လုပ်ဆောင်ထားနိုင်တဲ့အတွက် မေ့လျော့တာမျိုး မဖြစ်တော့ပါဘူး။

People နှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်

ယုံကြည်စွာ သုံးစွဲနေကြသည့် အသေးစား အလတ်စား လုပ်ငန်းများ

Owndays အနေဖြင့် ဘာကြောင့် JustLogin ကို နှစ်သက်စွာ အသုံးပြုနေတာလဲ

JustLogin ရဲ့ payroll က လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တွေကို တပတ်ကနေ နှစ်ရက်ထိ လျှော့ချပေးနိုင်ပါတယ်။ စာရွက်တွေပေါ်မှာ ကုန်တဲ့ အချိန်တွေအစား ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်တွေ တိုးလာအောင်လုပ်ဆောင်တာ၊ ရုံးတွင်း သင်တန်းပေးတာ၊ ဝန်ထမ်းတွေနဲ့ ပိုမို ထိတွေ့နိုင်လာတာ စသည့် ကိစ္စတွေအပေါ် အာရုံစိုက်နိုင်အောင် JustLogin က ကူညီပေးပါတယ်။

Owndays ဟာ ဂျပန်နိုင်ငံမှ ဈေးကွက်ဝေစုများစွာ ရှိတဲ့ မျက်မှန်ဆိုင်ဖြစ်ပြီး စင်္ကာပူမှာပဲ ဆိုင်ခွဲပေါင်း ၂၆ ခုရှိတဲ့ လုပ်ငန်းတစ်ခုပါ။ ပထမဆုံး စင်္ကာပူကို လုပ်ငန်း တိုးချဲ့တဲ့ အချိန်မှာ သူတို့ရဲ့ အလုပ်သမား အင်အားကို စီမံရန် ပိုမို လွယ်ကူထိရောက်သည့် HR နည်းလမ်းများ လိုအပ်သည်ဟု သဘောပေါက် သိရှိထားပါသည်။ JustLogin ကို အသုံးပြုတဲ့ အခါ Admin အလုပ်တွေအတွက် နာရီပေါင်းများ သက်သာစွာ လုပ်ဆောင်နိုင်ခဲ့ သလို ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုလည်း တိုးတက် လာခဲ့ပါသည်။

Ronald Chen

HR Manager, Owndays Singapore

JustLogin နဲ့ ခုပဲ စတင်လိုက်ပါ

Arrow-up