JustLogin အနေဖြင့် မိတ်ဆွေ နှင့် မိတ်ဆွေရဲ့ အကြံပေးလုပ်ငန်းမှာရှိတဲ့ လူတွေရဲ့ လုပ်ငန်း ဆောင်တာတွေကို ဘယ်လို ကူညီနိုင်လဲ

အကြံပေးလုပ်ငန်း များ ကြိုက်နှစ်သက်သည့် လုပ်ဆောင်ချက်များ

Dollar

အလိုအလျောက် လစာ တွက်ချက်ခြင်း

လစာ တွက်ချက်ရသူတွေအနေဖြင့် JustLogin နှင့်သာဆိုရင် လစာပေးရမယ်နေ့တွေကို ပျော်ရွှင်စွာ လုပ်ဆောင်နိုင်ပါသည်။ SSB ထည့်ဝင်ငွေများကို အလိုအလျောက်တွက်ချက်ပေးခြင်း ဖောင် ၁၅ နှင့် ဖောင် ၁၆ ကဲ့သို့ အခွန်ဖိုင်များကို အလွယ်တကူ လုပ်ဆောင်ပေးခြင်းတို့ကို JustLogin မှ တိုက်ရိုက် လုပ်ဆောင်နိုင်ပါသည်။ မိတ်ဆွေ၏ ဝန်ထမ်းများသည် သူတို့၏ လစာ စလစ်များကို မည်သည့် နေရာ မည့်သည့် အချိန်မှာ မဆို ကိုယ်ပိုင် Mobile App မှတဆင့် ရရှိ နိုင်ပါသည်။

လစာ စာရင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်

iPhone-X

ခွင့်တင်မည်

မန်နေဂျာများ နှင့် ဝန်ထမ်းများအနေဖြင့် ခွင့် တင်ခြင်း ခွင့်လက်ခံခွင့်ပြုခြင်းကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ သူတို့၏ ခွင့်လက်ကျန်များကို စစ်ဆေးခြင်း ခွင့် ပြက္ခဒိန် မျှဝေခြင်း စသည် တို့ကို မိုဘိုင်း App မှတဆင့် စစ်ဆေးနိုင်ပါသည်။ လုပ်သက် နှင့် အလုပ် အဆင့်များပေါ် အခြေခံပြီး ခွင့်ခံစားခွင့်များကို အလိုအလျောက် သတ်မှတ်နိုင်ပါသည်။ မိတ်ဆွေရဲ့ လုပ်ငန်းမှာရှိတဲ့ ရွှေ့ပြောင်းယူဆောင်ခွင့် စည်းမျဉ်းများပေါ် မူတည်ပြီး နောက်နှစ်ထဲသို့ ခွင့်များကို အလွယ်တကူ ရွေ့ပြောင်းနိုင်ပါသည်။

ခွင့် နှင့် ပတ်သက်ပြီး ပိုမိုသိရှိရန်

Money

စာရွက်စာတမ်းများ မလိုတဲ့ Expense

Snap, Scan လုပ်ပြီး ပို့လိုက်ရုံနဲ့ ကုန်ကျစရိတ်များကို အလုပ်မရှုပ်ပဲ တောင်းခံနိုင်တဲ့ မိုဘိုင်း ကုန်ကျစာရိတ် စီမံခန့်ခွဲတဲ့ App ကို ဝန်ထမ်းများ နှစ်သက် သဘောကျပါလိမ့်မည်။ ကုန်ကျစာရိတ် အစီရင်ခံစာသည် ခွင့်ပြုပေးသူမှ တခြားသူဆီသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားပါလိမ့်မည်။ လစာစာရင်းဖြင့် တိုက်ရိုက် ချိတ်ဆက်ထားခြင်း အားဖြင့် ဝန်ထမ်းများထံ အလွယ်တကူ ကုန်ကျစာရိတ်ပြန်ပေးခြင်းကို ခွင့်ပြုချက်ရရှိပြီးသည်နှင့် လုပ်ဆောင်နိုင်ပါသည်။

Expense အကြောင်းပိုမိုသိရှိရန်

Folder

ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖိုင်များ

မိတ်ဆွေ၏ ဝန်ထမ်းများ၏ မှတ်တမ်းများ စာရွက် စာတမ်း အချက်အလက်များအားလုံးကို Cloud ပေါ်တွင် လုံခြုံစွာ သိမ်းဆည်းနိုင်ပါသည်။ ဝန်ထမ်းများ၏ အလုပ်ခန့်အပ် အတည်ပြုသည့်နေ့ နှင့် မွေးနေ့များကဲ့သို့ အရေးကြီးတဲ့ ရက်များကို အသိပေးချက်ရရှိအောင် လုပ်ဆောင်ထားနိုင်တဲ့အတွက် မေ့လျော့တာမျိုး မဖြစ်တော့ပါဘူး။

People အကြောင်း ပိုမိုသိရှိရန်

ယုံကြည်စွာ သုံးစွဲနေကြသည့် အသေးစား အလတ်စားလုပ်ငန်းများ

Panellist Business Services အနေဖြင့် ဘာကြောင့် JustLogin ကို နှစ်သက်စွာ အသုံးပြုနေတာလဲ

"စာရွက်စာတမ်းများ မလိုအောင် တီထွင် ဖန်တီးထားတာကို အရမ်းကြိုက်ပါတယ်။ အစ်မတို့လို ကုမ္ပဏီ အသေးလေးတွေအတွက် JustLogin က တော်တော် အဆင်ပြေပါတယ်။ JustLogin ကပေးရတာနဲ့ တန်တဲ့ software ဖြစ်တာကြောင့် ရေရှည် သုံးဖို့ စီစဉ်ထားပါတယ်။"

Panellist Business Services သည် စီးပွားရေးလုပ်ငန်း မျိုးစုံအတွက် HR ဆိုင်ရာ အကြံပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးနေပါသည်။ Panellist ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Baydar & Co သည် ချည်သားပေါ်တွင် သဘာဝအတိုင်းဆေးဆိုးထားသည့် လက်လုပ် အဝတ်အထည်များအတွက် မြန်မာ ပြည်တွင်း အမှတ်တံဆိပ် တစ်ခုဖြစ်ပါသည်။ ပြည်တွင်းပညာရှင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် မြန်မာပြည်တွင်း လက်မှုပစ္စည်းများ နိုင်ငံတကာသို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်ပါသည်။

မအိအိငြိမ်းချမ်း

HR Consultant, Panellist Business Services

JustLogin နဲ့ ခုပဲ စတင်လိုက်ပါ

Arrow-up