JustLogin_Product Icons_FA_JustExpense (2)

ဝန်ထမ်းများနှစ်သက်သည့် အသုံးစရိတ်တောင်းခံရန်အသုံးပြုသည့် ဆော့ဖ်ဝဲလ်

ကြောင့်ကြမဲ့စွာ အသုံးစရိတ်ပြန်လည်တောင်းခံသည့် အတွေ့အကြုံကို ပေးစွမ်းနိုင်သည့် လက်ကိုင်ဖုန်းပေါ်တွင် သာအသုံးပြုရန်လိုသည်။ အသုံးစရိတ်ပြန်လည်တောင်းခံသည့် ဆော့ဖ်ဝဲလ်ကို အသုံးပြုကာ စာရွက်စာတမ်းကိစ္စများလုပ်စရာမလိုဘဲ အသုံးစရိတ်ပြန်လည်တောင်းခံခြင်းကို ဆောင်ရွက်နိုင်သည်။ ဓာတ်ပုံရိုက်ခြင်း၊ မျက်နှာပြင်ဖတ်ရှုခြင်း၊ ပို့ဆောင်ခြင်း တို့ပြုလုပ်ရန်သာလိုပါသည်။


JustLogin၏ လက်ကိုင်ဖုန်းအသုံးစရိတ် အပ်ပလီကေးရှင်းကို အသုံးပြု၍ အသုံးစရိတ်အစီရင်ခံစာများကို တင်သွင်းခြင်းနှင့် ခွင့်ပြုခြင်းများကို တောက်လျောက်လွယ်ကူစွာ ပြုလုပ်နိုင်သည်။ အသုံးစရိတ်ရှိသည့် အချိန်တိုင်းသင်၏ပြေစာများကို ဒစ်ဂျစ်တယ်နည်းဖြင့် မှတ်တမ်းတင်နိုင်ပါသည်။ စက္ကူမဲ့ အသုံးစရိတ်အတွေ့အကြုံသို့ ကြိုဆိုပါသည်။


Image

မူရင်းပါရှိသော OCR လုပ်ဆောင်ချက်သည် သင်၏ပြေစာများကို အလိုအလျောက် ဖတ်ရှုပေးပြီး အသုံးစရိတ် ဇယားဖြည့်ရန်အတွက် လိုအပ်‌သော အချက်အလက်များကို ထုတ်နုတ်ပေးခြင်းဖြင့် လက်ဖြင့်အချက်အလက်သွင်းရခြင်း အလုပ်ကို သက်သာစေပါသည်။ ဓာတ်ပုံရိုက်ခြင်း၊ မျက်နှာပြင်ဖတ်ရှုခြင်း၊ ပို့ဆောင်ခြင်း တို့ကို ရိုးရှင်းစွာ ပြုလုပ်ရန်သာလိုပါသည်။


Image

ဝန်ထမ်းတစ်ဦးစီအတွက် အတည်ပြုချက်အဆင့် အများအပြား သတ်မှတ်ထားနိုင်ပြီး ၄င်းတို့၏ အသုံးစရိတ် အစီရင်ခံစာများသည် အတည်ပြုပေးနိုင်သော မန်နေဂျာများနှင့် ဘဏ္ဍာရေး အဖွဲ့ တို့သို့ အကြားအလပ်မရှိလမ်းပေါက်သွားမည်ဖြစ်သည်။


Image

သင်၏စီးပွားရေး လုပ်ငန်းလိုအပ်ချက်များ နှင့် ကိုက်ညီမှုရှိသည့် အသုံးစရိတ်အမျိုးအစားများကို အတိုင်းအဆမဲ့ ဖန်တီးနိုင်သည်။


Image

ကျွန်ုပ်တို့၏ သုံးစွဲသူများ မည်သို့ပြောကြားသည်ကို နားဆင်နိုင်သည်။

အခြားသော လုပ်ဆောင်ချက်များ

File-plus

တစုတပေါင်းတည်းအသုံးစရိတ်အစီရင်ခံစာများ

အသုံးစရိတ်အစီရင်ခံစာများစွာကို တစုတ‌ပေါင်းစုစည်းပြီး အစီရင်ခံစာတစ်စောင်တည်းအနေဖြင့် တင်သွင်းခြင်းနှင့် အတည်ပြုခြင်းများပြုလုပ်နိုင်သည်။

Exchange

အချိန်နှင့် တပြေးညီငွေလဲနှုန်းများ

အွန်လိုင်း ငွေလဲနှုန်းများနှင့် ချိတ်ဆက်ထားခြင်းဖြင့် နိုင်ငံခြားငွေကြေးအသုံးစရိတ်တောင်းခံခြင်းများကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပါသည်။ သင့်ကိုယ်ပိုင်ငွေလဲနှုန်းမူဝါဒနှင့် အညီပြုလုပ်နိုင်ရန်လည်းရွေးချယ်မှတ်သားနိုင်ပါသည်။

Money

အခွန်အမျိုးအစားများ

အစိုးရငွေစုခွန် သို့မဟုတ် တန်ဖိုးမြှင့်အခွန် ကဲ့သို့သော အခွန်အမျိုးအစားများကို လိုအပ်သလို မှတ်သားထားနိုင်ပါသည်။

Plus

ဝန်ထမ်းလစာစာရင်းသို့ပေါင်းစည်းခြင်း

အတည်ပြုချက်ပေးသည်နှင့် တပြိုင်နက် ဝန်ထမ်း၏ အသုံးစရိတ်တောင်းခံခြင်းကို လစာစာရင်းနှင့် အတူ အလွယ်တကူ ပေးချေနိုင်ပါသည်။

Search

ဝက်ဆိုဒ် ဖြင့် လုပ်ဆောင်ချက်

အသုံးစရိတ်တောင်းခံခြင်းများကို အွန်လိုင်း မျက်နှာပြင်တွင် ပြုလုပ်ဖို့ ပိုမိုနှစ်သက်ပါကလည်း ရွေးချယ်နိုင်ပါသည်။

Dollar

အလုံးအရင်းလိုက်အသုံးစရိတ်

အွန်လိုင်းမျက်နှာပြင်တွင် အလုံးအရင်းအသုံးစရိတ်များကို စာမျက်နှာ တစ်ခုတွင် တခါတည်း မတူညီသော အသုံးစရိတ်မှတ်တမ်းများကို ထည့်သွင်းနိုင်သည်။

User

ပြုပြင်လွယ်သောအသုံးပြုသူများ၏ အခန်းကဏ္ဍ

မည်သည့်ဝန်ထမ်းက မည်သည့်ဝန်ထမ်းအတွက် အသုံးစရိတ်တောင်းခံခြင်းများကို ကြည့်ရှုခြင်း အတည်ပြုခြင်းနှင့် ပေးချေမှုများ လုပ်ဆောင်နိုင်သည်ကို ဆုံးဖြတ်ပေးသော သီးသန့် အသုံးစရိတ် အသုံးပြုသူ အခန်းကဏ္ဍများကိုလည်း သတ်မှတ်ပေးနိုင်သည်။

File

အစီရင်ခံစာများ

JustExpense ဖြင့် သက်ဆိုင်ရာ ဝန်ထမ်းများ၊အသုံးစရိတ်အမျိုးအစားများနှင့် အသုံးစရိတ်အခြေအနေတို့ ကို ခွဲခြားကာ သင့်အတွက် သီးသန့် အသုံးစရိတ်အစီရင်ခံစာများကို ထုတ်ယူနိုင်သည်။

Clipboard-check

စာရင်းစစ်မှတ်တမ်းများ

သင်၏အသုံးစရိတ် သို့မဟုတ် အသုံးစရိတ်အစီရင်ခံစာများတွင် ပြောင်းလဲမှု ၊ တိုးတက်မှု နှင့် အခြေအနေအပြောင်းအလဲ တို့ကို တိကျသေချာသော စာရင်းစစ်မှတ်တမ်းများဖြင့် စဥ်ဆက်မပြတ်စစ်ဆေးနိုင်သည်။

ဝန်ထမ်း ပဓာန HR ဆော့ဖ်ဝဲလ်

အလုံးစုံပေါင်းစည်းထားသော လူ့စွမ်းအားအရင်းအမြစ်ရေးရာ ဆော့ဖ်ဝဲလ်

JustLogin သည် အသုံးစာရိတ် စီမံခြင်းအတွက် ဆိုသည်ထက်ပိုပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်ရေးရာ စကြံသည် အကောင်းဆုံးအတွေ့အကြုံအတွက် အလုံးစုံပေါင်းစည်းထားပါသည်။

ဝန်ထမ်းရေးရာ

စာရွက်စာတမ်းတွေကို လက်ပြနှုတ်ဆက်ပြီး လူတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ။ သင်၏ ဝန်ထမ်းအချက်အလက်များနှင့် စာရွက်စာတမ်းများကို JustLogin ၏ cloud ပေါ်တွင် လုံခြုံစွာ သိမ်းဆည်းလိုက်ပါ။

နောက်ထပ်လေ့လာရန် >

ခွင့်စနစ်

သင်၏ခွင့်ရက်စီစဥ်မှုများကိုအပြည့်အဝအလိုအလျောက်ဆောင်ရွက်နိုင်သည်။ အစိုးရရုံးပိတ်ရက်များနှင့် ဘုံသုံး ခွင့်ရက်ပြ ပြက္ခဒိန်တို့၏အလိုအလျောက် ဖြစ်ခြင်း အတွက် အဆင်ပြေမှုကို ခံစားပျော်ရွှင်နိုင်သည်။ သင်၏ခွင့်ရက်အတည်ပြုချက်ကျရန်အတွက်စောင့်ရသောအချိန်များကို လျော့ချနိုင်သည်။

နောက်ထပ်လေ့လာရန် >

လစာစာရင်း

ဝန်ထမ်းလစာစာရင်းအတွက် သုံးစွဲရသောအချိန်ကို ၉၀ ရာခိုင်နှုန်းအထိလျော့ချပေးနိုင်သည်။ နောက်ဆုံးပေါ်စည်းမျဥ်းဥပဒေပြဌာန်းချက်များနှင့် အပြည့်အဝလိုက်နာဆောင်ရွက်ပြီး သင်၏နှစ်သက်ရာ စာရင်းအင်း ဆော့ဖ်ဝဲလ်ဖြင့်ပေါင်းစပ်ပေးမည်ဖြစ်သည်။

နောက်ထပ်လေ့လာရန် >

အလုပ်တက်ရောက်မှုမှတ်တမ်း

သင်၏ဝန်ထမ်းများ အလုပ်နေရာအများအပြားတွင် အလုပ်ချိန်တက်ရောက်မှုမှတ်တမ်းများကို တောက်လျောက် တိကျစွာ စီမံနိုင်သည်။ အလုပ်ဆိုင်းအများအပြားကို အချိန်ဇယားဆွဲနိုင်သည်။ အလုပ်ချိန်နာရီများနှင့် အချိန်ပိုတွက်ချက်နိုင်သည်။ ဒစ်ဂျစ်တယ်အလုပ်တက်အလုပ်ဆင်းမှတ်တမ်းကိုထုတ်လုပ်ပေးပါသည်။

နောက်ထပ်လေ့လာရန် >

JustLogin ဖြင့်စတင်လိုက်ပါ။

Arrow-up