Reading:
ဘာကြောင့် အလုပ်နှင့်ဘ၀မျှတစွာ ရှင်သန်ခြင်းက အရေးကြီးတာလဲ?ဘယ်လိုတွေ စီမံသင့်သလဲ?

Image

ဘာကြောင့် အလုပ်နှင့်ဘ၀မျှတစွာ ရှင်သန်ခြင်းက အရေးကြီးတာလဲ?ဘယ်လိုတွေ စီမံသင့်သလဲ?

by Yi Ting
မတ် 27, 2020

အလုပ်နှင့် ဘ၀မျှတစွာရှင်သန်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လုပ်ငန်းရှင်များဘက်မှ ထည့်မတွေးခဲ့ကြဘဲ ဝန်ထမ်းများရဲ့ ဘ၀ရပ်တည်ရေး၊ ဝင်ငွေပုံမှန်ရရှိရေးတို့အတွက်သာ ဦးစားပေးပြီး လူသားစက်ယန္တယားများကဲ့သို့ လည်ပတ်ခဲ့ကြပါတယ်။ ဒီလိုအပြုအမူများဟာ ဝန်ထမ်းများရဲ့ ကျန်းမာရေးနှင့် မိသားစုအရေးတွေကိုစဉ်စားပေးခဲ့ခြင်းမရှိဘဲ လုပ်အားကိုသာ အသုံးချခဲ့တဲ့ အဆင့်ထိဖြစ်ခဲ့ကြပြီး ကုမ္ပဏီများအတွက် ထိရောက် ကောင်းမွန်တဲ့စွမ်းဆောင်ရည်များလည်း မှန်းဆသလောက်မရရှိခဲ့တဲ့ သာဓကများစွာ ရှိခဲ့ပြီးဖြစ်ပါတယ်။ 

Work-life balance ဆိုတာ တကယ်တမ်းတော့ အကြောင်းအရာအသစ်ကြီးတော့ မဟုတ်လှပါဘူး။ သို့သော်လည်း ယနေ့အချိန်ထိတိုင် ဝန်ထမ်းများရဲ့ အလုပ်နှင့်ဘ၀မျှတစွာ ရှင်သန်ဖို့ထက် လုပ်ငန်းလည်ပတ်ဖို့သာ ဦးစားပေးနေသေးတဲ့ ကုမ္ပဏီများလည်းရှိနေသေးတာမို့ အဆိုပါ ကုမ္ပဏီများအတွက် Work-life balance လို့ခေါ်တဲ့ အလုပ်နှင့်ဘ၀မျှတစွာရှင်သန်ခြင်းနှင့် ပတ်သက်တဲ့ အကြောင်းအရာကို အကြံပြုဆွေးနွေးလိုက်ပါတယ်နော်။

ဆက်သွယ်ရေး

ဝန်ထမ်းများအတွက် မည်သည့်နေရာမှာမဆို လွယ်ကူစွာ ချိတ်ဆက်တာဝန်ထမ်းဆောင်နိုင်မယ့် ဆက်သွယ်ရေး အလေ့အကျင့်တစ်ခုကို အရင်ဆုံးတည်ဆောက်သင့်ပါတယ်။ ဥပမာ- ဝန်ထမ်းများအနေနဲ့ အပြီးသတ်ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တစ်ခုခုကို ၎င်းတို့ရဲ့ အိမ်မှာဘဲဖြစ်စေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်ပိုင်ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး System ထဲကိုဝင်ရောင်နိုင်မည့် Software ကို တပ်ဆင်ပေးသင့်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ ဆက်သွယ်ရေး စံစနစ်တစ်ခုဟာ ဝန်ထမ်းများ နေထိုင်မကောင်းလို့ဖြစ်စေ၊ နာတာရှည် (သို့) မိသားစုပြသနာများကြုံ ကြိုက်တဲ့အခါဖြစ်စေ ရုံးတက်စရာမလိုဘဲ အလုပ်လုပ်နိုင်တာကြောင့် အလုပ်ရှင်နှင့် ဝန်ထမ်းများကြား Win-Win ဖြစ်စေမယ့် အလေ့အထကောင်းတစ်ခုဖြစ်ပါတယ်။    ဒါကြောင့် Viruses ကဲ့သို့သော မထင်မှတ်ထားတဲ့ ရောဂါပြန့်ပွားမှုမျိုးတွေ ကြုံရသည့်တိုင် ကုမ္ပဏီရဲ့ လုပ်ငန်း လည်ပတ်မှုကို နှောင့်နှေးမသွားစေမယ့် အစီအစဉ်တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

ကလေးငယ်များ ထိန်းသိမ်းစောင့်ရှောက်ရေး

ကလေးများဟာ အချို့မိသားစုများအတွက် အလွန်ကိုအရေးပါတဲ့ ကဏ္ဍမှာပါဝင်နေပါတယ် (ဝန်ထမ်းများအားလုံးအတွက် မဆိုလိုပါ)။ မိသားစုအတွက် ဦးစားပေးဆောင်ရွက်ရန်လိုအပ်နေတဲ့ ဝန်ထမ်းများအတွက် Family Positive Work Environment လို့ခေါ်တဲ့ မိဘများအတွက် ခလေး ထိန်းကျောင်းရင်း အလုပ်လုပ်နိုင်မယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရင်တော့ အလွန်ကောင်းပါတယ်။ သို့သော်လည်း နေ့ခလေးထိန်းကျောင်းကဲ့သို့ ခလေးထိန်းစင်တာကို ရုံးမှာ ထားပေးဖို့ဆိုတာဟာ ငွေအားဖြင့်ရော၊ စီမံခန့်ခွဲမှုအပိုင်းများပါ စီမံရခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အချို့ ဝန်ထမ်းမိဘများအတွက် Discount အနေနဲ့ ရုံးပြင်ပ လုပ်ငန်းတာဝန်များကို ထမ်းဆောင်စေခြင်းဟာ ရုံးပျက်ကွက်ခြင်း၊ ခလေးငယ်များကြောင့် လုပ်ငန်းတွင်း အနှောက်အယှက်ဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ပြီး လုပ်ငန်းလည်ပတ်မှုကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ငြင်းဆန်ခြင်းကို လက်ခံပါ

လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းများကို လုပ်ငန်းရှင်များဘက်မှ အချိန်ပိုတာဝန်ထမ်းဆောင်ဖို့ တောင်းဆိုရတဲ့ အခြေအနေတွေရှိတတ်ပါတယ်။ သို့သော် လည်း တစ်ခါတစ်ရံမှာ ဝန်ထမ်းများဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ငြင်းဆန်တာမျိုးတွေ ကြုံရကောင်း ကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်ရှင်များ၊ မန်နေဂျာများအနေနဲ့ စိတ်ပျက်သွားတဲ့ အပြုအမူများကို မပြုလုပ်သင့်ပါဘူး။ ဝန်ထမ်းများအတွက်လည်း လိုအပ်တဲ့ အနားပေးမှုမျိုး၊ မိသားစုကိစ္စရပ်မျိုးစတဲ့ အကြောင်းပြချက်တာဝန် အမျိုးမျိုးရှိနိုင်တာကို နားလည်ပေးပြီး အခြေအနေများကို အလုပ်ရှင် (သို့) မန်နေဂျာများမှ နားလည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်းကို နှုတ်မှ ဖွင့်ဟပြောဆိုသင့်ပါတယ်။

အချိန်ပိုင်း အလုပ်လုပ်ခွင့်ပေးပါ

ဘ၀ဆိုတာ မထင်မှတ်ထားတဲ့ အကြောင်းအရာ၊ အခြေအနေမျိုးစုံ ကြုံကြိုက်နိုင်တာကြောင့် ဝန်ထမ်းများဘက်မှပြောင်းလဲသွားတဲ့ အချို့သော အခြေအနေများအပေါ် ချိန်ဆဆုံးဖြတ်တတ်ဖို့ လိုအပ်ပါတယ်။ ဥပမာ – မီးဖွားမယ့်မိခင်များ (သို့) ပညာရပ်အသစ်ကို အချိန်ပေးလေ့လာလိုသော ဝန်ထမ်းများရဲ့ အခြေအနေကို နားလည်ပေးပြီး အလုပ်ထွက်ဖို့ ခွင့်ပြုပေးမယ့်အစား အချိန်ပိုင်း အလုပ်ချိန်ကို ပြောင်းလဲဖို့ အခွင့်အရေးပေးသင့်ပါတယ်။ ဒီလို ဝန်ထမ်းကောင်းများကို ထွက်ခွင့်ပြုမယ့်အစား လုပ်ငန်းလည်ပတ်မှုအရှိန်ကိုလည်း မလျော့ပါးစေဘဲ အရည်အသွေး ထိန်းထားနိုင်မယ့် Part-Time လုပ်ကိုင်ခွင့်ကို ပေးအပ်သင့်ပါတယ်။ ထို့အတူ အချိန်ပိုင်း ဝန်ထမ်းများနေရာမှာ ယာယီအလုပ်သင်များ (သို့) Cross-Training Program အခွင့်အရေးများ ဖန်တီးပေးခြင်းဖြင့် ဝန်ထမ်းဦးရေကွာဟချက်ကိုလည်း ထိန်းသိမ်းပေးထားနိုင်မှာ ဖြစ်ပါတယ်။

သင့်လျော်သော အလုပ်စီမံကြီးကြပ်မှု

Flexible work arrangements (FWAs)

Flexible work arrangements (FWAs) လို့ခေါ်တဲ့ သင့်လျော်သော အလုပ်စီမံကြီးကြပ်မှု ဟာ အလုပ်နှင့်ဘ၀မျှတစွာရှင်သန်ဖို့ကို ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ Justlogin မှာဆိုရင်တော့ FWA ရဲ့ကောင်းကျိုးတွေကို အလွန်အလေးထားပြီး စီမံဆောင်ရွက်လေ့ ရှိပါတယ်။

 ဥပမာ – FWA အစီအစဉ်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ မိမိနဲ့ သင့်လျော် အဆင်ပြေသော အလုပ်ချိန်အစ၊ အဆုံးကို ချိန်ညှိဆောင်ရွက်ခြင်းဘဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အချိန်သူခိုးလို့ခေါ်တဲ့ အလုပ်အချိန်ပြည့် တိတိကျကျမလိုက်နာတဲ့ ဝန်ထမ်းများကို ခြေရာခံဖို့အတွက် လုံခြုံရေးတိုင်းတာမှုစနစ်များကို အသုံးပြုထားတာကြောင့် တရားမျှတစွာ စီမံကွက်ကဲနိုင်ပါတယ်။  JustClock စနစ်ဟာ Virtual foolproof ဖြစ်ပြီး ကတ်များ (သို့) login စနစ်များကဲ့သို့ သမရိုးကျ အလုပ်ချိန်အဝင်အထွက်စာရင်းကိုသာ မှတ်သားတဲ့စနစ်မဟုတ်ဘဲ ဝန်ထမ်းများအနေနဲ့ အဆင်ပြေတဲ့ ရုံးနေရာမှာရှိသော iPad တစ်ခု (သို့)  လိုအပ်ပါက ဝန်ထမ်းများရဲ့ iPhones (သို့) Android များမှတစ်ဆင့် Passcode နဲ့ ဝင်ရောက်ရတာဖြစ်ပါတယ်။ ဒီစနစ်ဟာ ဝန်ထမ်းများရဲ့ပုံရိပ်ကို အချိန်နှင့်တပြေးညီ မှတ်သားထားပေးပြီး GPS location လည်း ပါဝင်တာကြောင့် ဝန်ထမ်းများရဲ့ တည်နေရာကိုပါ သိရှိနိုင်သလို လူအစားထိုး ကူညီပေးခြင်း များကိုပါ ကာကွယ်ပေးပြီး ဖြစ်ပါတယ်။

အချုပ်အားဖြင့် ဝန်ထမ်းများမှာလည်း ထိုက်သင့်တဲ့ လွတ်လပ်မှုနှင့် အခွင့်အရေးကို ရရှိသင့်ပြီး အလုပ်နှင့်ဘ၀မျှတစွာ ရှင်သန်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ လုပ်ငန်းတွင်းစွမ်းဆောင်ရည်ပိုမို တိုးတက်လာနိုင်တာဖြစ်ပြီး Work-life balance မျှတမယ်ဆိုရင် လုပ်ငန်းလည်ပတ်မှုများလည်း နေရာတကျ ပိုမိုကောင်းမွန်စွာလည်ပတ်လာနိုင်မှာဖြစ်လို့အထက်ဖော်ပြပါ အချက်များကို ကျင့်သုံး ကြဖို့ အကြံပြု လိုက်ပါတယ်နော်။

You can try JustClock for free! Sign up for a 14-day free trial today.

Related Stories

Arrow-up