Reading:
ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေစဉ်အတွင်း Work From Home အတွက် ဘာကြောင့် Cloud HR Software တွေကို အသုံးပြုသင့်တာလဲ

Image

ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေစဉ်အတွင်း Work From Home အတွက် ဘာကြောင့် Cloud HR Software တွေကို အသုံးပြုသင့်တာလဲ

by Yi Ting
မတ် 24, 2020

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ၂၀၂၀ ခုနှစ်ဟာ ဝန်ထမ်းတော်တော်များများအတွက် အိမ်မှာနေရင်း အလုပ်လုပ်ကြရမယ့် နှစ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတော်တော်များများကလည်း COVID-19 ကူးစက်ရောဂါကြောင့် လုပ်ငန်းပိုင်းတစ်စိတ်တစ်ဒေသဖြစ်စေ (သို့မဟုတ်) လုပ်ငန်းအားလုံး နီးပါးကို အိမ်ကနေထိန်းချုပ်လုပ်ကိုင်ဖို့ စီစဉ်စမ်းသပ် နေကြပြီလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် သတင်းကောင်းတစ်ခုကတော့ Cloud အခြေခံသုံးထားတဲ့ Software ကိုအသုံးပြုခြင်းကလည်း လုပ်ငန်းလည်ပတ်မှုကို များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ အဲ့ဒီ Software က လက်ရှိမှာ အသုံးပြုသူလည်း များပြားနေပြီး စီးပွားရေးလုပ်ငန်းတွေကို အိမ်ကနေထိန်းချုပ် စီမံခန့်ခွဲနိုင်လို့ ပါပဲ။ ၂၀၀၃ ခုနှစ်ကဖြစ်ခဲ့တဲ့ SARS ရောဂါပြန့်ပွားမှုလောက်တော့ အခြေအနေဆိုးနိုင်မှာမဟုတ်ဘူးလို့ ဆိုရပါမယ်။

HR ပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေကို လုပ်ကိုင်တဲ့သူတွေအတွက်တော့ မိမိရဲ့ဝန်ထမ်းတွေကို ဆိုးဝါးတဲ့ ခုလိုဖြစ်စဉ်တွေ ပြီးဆုံးသွားတဲ့အထိ ကောင်းမွန်တဲ့စီမံခန့်ခွဲနိုင်ဖို့ဆိုတာက အင်မတန်အရေးကြီး ပါတယ်။ အောက်ဖော်ပြပါ အချက် (၃) ချက်ကတော့ Cloud-based HR Software ကို ဘာကြောင့် အသုံးချသင့်သလဲဆိုတာ ရှင်းပြထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်

(၁) လုပ်ခလစာပေးခြင်းက လုပ်ငန်းတစ်ခုရဲ့ အဓိကကျတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။

ဝန်ထမ်းတစ်ဦးတစ်ယောက်ဖြစ်စေ (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုကို ဆွဲဆောင်နိုင်ဖို့ အဓိကအချက်ကတော့ အချိန်တန်ရင် လုပ်ခလစာရရှိစေခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီအချက်ဟာ မက်လုံး ပေးတာတွေ လျော်ကြေးပေးတာတွေ ထက်လည်း ပိုပြီး ကောင်းမွန်ပါတယ်။ ဒါကြောင့် စီးပွားရေး လုပ်ငန်းတော်တော်များများမှာ လုပ်ခလစာပေးခြင်းဟာ လုပ်ငန်းရဲ့အဓိကကျတဲ့ လုပ်ဆောင်ချက် တစ်ခုလို့ ဆိုရမှာပါ။

လုပ်ငန်းတစ်ခုလုံးက ဝန်ထမ်းတွေ အိမ်ကနေအလုပ်လုပ်ဖို့ ဖြစ်လာပြီဆိုရင်တော့ ဝန်ထမ်းတွေရဲ့ လစာတွေကို Software တွေအသုံးပြုပြီး ပေးချေရကောင်းရနိုင်ပါတယ်။ အဲ့ဒီအတွက် ယခင်ကလို လစာပေးစနစ်ပုံစံလည်း ပြောင်းလဲသွားမှာ အသေအချာပါပဲ။ စာရင်းမှတ်တမ်းတွေ၊ စာရွက်စာတမ်း အသုံးပြုရတာတွေလည်း သိသိသာသာ လျှော့နည်းသွားစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

JustPayroll လို Cloud ကိုအခြေခံသုံးထားတဲ့ လစာပေးတဲ့ software တွေနဲ့ဆိုရင်တော့ လစာပေးရမယ့် စာရင်းအတိအကျ၊ ခွင့်ရက်၊ အချိန်ပိုဆင်းတဲ့အချိန်တွေ၊ ဘဏ်ပိုင်းဆိုင်ရာအချက်အလက်တွေလို လိုအပ်တဲ့ အချက်အလက်တွေအားလုံးကို Cloud ပေါ်မှာ တစ်နေရာတည်းသိမ်းထားနိုင်ပါတယ်။ လစာကို ဘယ်နေရာရောက်ရောက် ပေးနိုင်မှာဖြစ်ပြီးတော့ ဘဏ်စာရင်းတွေ လွယ်လွယ်ကူကူ Download ဆွဲနိုင်ပြီး GIRO နဲ့ လစာတွေ ပေးချေနိုင်မှာဖြစ်ပါတယ်။

(၂) ခွင့်ရက်မှတ်သားတဲ့စနစ်ကလည်း ကောင်းမွန်စွာအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

ဗိုင်းရပ်ကူးစက်တဲ့ ပြဿနာတွေကို စိုးရိမ်ရတဲ့အတွက် လုပ်ငန်းတော်တော်များများဟာ အဖျား လက္ခဏာရှိတဲ့ ဝန်ထမ်းတွေကို ခွင့်ရက်ပေးပြီး အနားယူခိုင်းတာဖြစ်ဖြစ်၊ အိမ်ကနေ အလုပ်လုပ်စေတာဖြစ်ဖြစ် ဝန်ထမ်းရေးရာ ကိစ္စတွေကို လျှော့ပေါ့ပေးစေမှာပါ။ ခွင့်ရက်ရှည် လျှောက်ထားတာတွေများလာတဲ့အခါ ခွင့်ရက်တွေကိုတွက်ချက် မှတ်သားရတာတွေမှာလည်း အလုပ်ပိုမိုရှုပ်ထွေးစေသလို ဆေးဖက်ဆိုင်ရာလက်မှတ်တွေ၊ အခြားအထောက်အထားတွေ ကို မှတ်ထားရတာက စိတ်ရှုပ်စရာတွေပါပဲ။

တစ်ဘက်ကကြည့်ရင်လည်း ခရီးသွားဖို့ပြင်ဆင်နေကြတဲ့ ဝန်ထမ်းတွေလည်း ရှိပြန်ပါတယ်။ ခွင့်ရက်ရှည်ယူထားတဲ့ အချိန်မှာ ခရီးထွက်ဖို့ကိစ္စဆိုတာကလည်း သူတို့အတွက်အရေးကြီးတဲ့ ကိစ္စတစ်ခု လို့လည်း ဆိုရမှာပါ။ ဝန်ထမ်းတစ်ယောက်ချင်းစီက သွားမယ့်နေရာကို တင်ပြလျှောက်ထားမှုကို လိုက် မှတ်သားရတာကလည်း HR တွေအတွက် အလုပ်ပိုစေပြန်ပါတယ်။

JustLeave လို Cloud အသုံးပြုထားတဲ့ Software နဲ့သာဆိုရင်တော့ စာရွက်စာတမ်းတွေ အမှတ်အသား တွေမလိုတော့ပဲ ဝန်ထမ်းတွေ အိမ်မှာပဲရှိရှိ ရုံးမှာပဲရှိရှိ၊ ဖုန်းအက်ပလီကေးရှင်းတစ်ခုကနေ အခက်အခဲ မရှိစေဘဲ အလွယ်တကူ ခွင့်ရက် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ မန်နေဂျာ အနေနဲ့လည်း ခွင့်ရက်လျှောက်လွှာတွေကို မြန်မြန် ဆန်ဆန် ခွင့်ပြုပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခွင့်လျှောက်လွှာအားလုံးကိုလည်း အတည်ပြုပြီးတာနဲ့ အလိုအလျောက် update တင်ပေးသွား နိုင်မှာပါ။

(၃) အဝေးရောက် ဝန်ထမ်းတွေအတွက် အလုပ်တက်ရောက်မှုကို စနစ်တကျ ကောက်ခံရပါမယ်။

အိမ်ကနေအလုပ်လုပ်တဲ့ ဝန်ထမ်းတွေအတွက် ရုံးချိန်အပြည့်တက်ရောက်မှုရှိ/မရှိကို သိရှိမှတ်တမ်းတင် နိုင်ဖို့ ကတ်အသုံးပြုပြီး အလုပ် အဝင်အထွက်စနစ်တွေ၊ ရုံးမှာတပ်ထားတဲ့ Biometric စက်ပစ္စည်းတွေက အသုံးဝင်မပါဘူး။ Software တွေကသာ သိရှိမှတ်တမ်းတင်နိုင်ဖို့ နည်းလမ်းကောင်းတွေဖြစ်ပါတယ်။ စည်းကမ်းထိန်းသိမ်းတာတွေကအစ အကျိုးကျိုးရှိရှိ အသုံးပြုနိုင်မှာပါ။ တချို့ဝန်ထမ်းတွေကလည်း အိမ်ကနေအလုပ်လုပ်တဲ့အခါ ရုံးမှာအလုပ်လုပ်ရတာမျိုး စိတ်ပါလက်ပါမလုပ်ပဲ ပေါ့ပေါ့ဆဆနဲ့ တစ်နေ့တာရုံးချိန်ကို ကုန်ဆုံးသွားကြစေပြန်ပါတယ်။ အိမ်မှာလုပ်တဲ့အလုပ်ချိန်ကို ပုံမှန်ရုံးမှာလုပ်တဲ့ အလုပ်ချိန် လိုသတ်မှတ်ပြီး ဝန်ထမ်းတွေကို စောင့်ကြည့်နိုင်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါပဲ။

JustClock လို Cloud အသုံးပြု ရုံးတက်ရုံးဆင်းမှတ်တမ်းယူထားတဲ့ Application နဲ့သာဆိုရင် ဝန်ထမ်းတွေ သူတို့အလုပ်ချိန်ကို ဖုန်း App ကနေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူတို့ရဲ့ တည်နေရာ တွေကို GPS နဲ့မှတ်ယူထားပြီးတော့ သူတို့ရဲ့ဓာတ်ပုံတွေကိုလည်း facial recognition စနစ်နဲ့ စစ်ဆေး နိုင်ပါတယ်။ ဒါကြောင့် HR တွေအနေနဲ့ ဝန်ထမ်းတွေကို အချိန်နဲ့တပြေးညီ စစ်ဆေးနိုင်ပါတယ်။ အိမ်ကနေအလုပ်လုပ်ဖို့အကြောင်းပြပြီး အခြားတစ်နေရာကို သွားလာလည်ပတ်နေမှု တွေကိုလည်း တားစီးနိုင်မှာဖြစ်ပါတယ်။ ရုံးတက်ရောက်မှုတွေကို မှတ်တမ်းတင်တာတွေအပြင် HR တွေအနေနဲ့လည်း စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်ချမှတ်ထားရမှာပါ။ အဲ့ဒါမှလည်း လုပ်ငန်းပိုင်း ဆိုင်ရာ မန်နေဂျာတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး လုပ်ငန်း လည်ပတ်မှုပိုမိုကောင်းမွန်နေစေမှာ လည်းဖြစ်ပါတယ်။

JustClock Application ကတော့ ရုံးတက်၊ ရုံးဆင်းချိန်မှတ်သားပေးနိုင်တာကြောင့် မနက်အလုပ်စဆင်းချိန်နဲ့ ညနေ အလုပ်ဆင်းချိန်တွေမှာ ဝန်ထမ်းတွေရဲ့ ကိုယ်အပူချိန်ကို တစ်နေ့နှစ်ကြိမ် တိုင်းတာပေးနိုင်ဖို့အတွက် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ အသုံးချသင့်တဲ့ အကောင်းဆုံး Application တစ်ခု ဖြစ်ပါတယ်။

JustLogin နဲ့ Cloud အသုံးပြု HR Application တွေကို အခုပဲစတင်အသုံးပြုကြည့်စေချင်ပါတယ်။

JustLogin ဆိုတာကတော့ Cloud အသုံးပြု HR Application တွေကိုစုစည်းပေးထားပြီး အသေးစား၊ အလတ်စား လုပ်ငန်းတွေကအစ ဝန်ထမ်းတွေရဲ့ လစာ၊ ခွင့်ရက်၊ ရုံးတက်ရက်၊ အသုံးစရိတ် စတဲ့ လုပ်ဆောင်ချက်တွေကို အလိုအလောက် စီမံခန့်ခွဲပေးနိုင်မှာဖြစ်ပါတယ်။ JustLogin အနေနဲ့ အခုဆိုရင် လုပ်ငန်းပေါင်းထောင်ကျော်ကို လုပ်ဆောင်ရည် ပိုတိုးတက်လာအောင် ထောက်ပံ့ပေးပြီးပြီဖြစ်ပါတယ်။ Application တွေကို ရုံး၊ စားသောက်ဆိုင်၊ လက်လီလက်ကားအရောင်းဆိုင် စတဲ့နေရာတွေမှာ အသုံးပြုခြင်းနဲ့လည်း အတွေ့အကြုံကောင်းတွေရလာစေမှာ သေချာ ပါပဲ။ အောက်မှာပြထား တဲ့ Link ကနေ JustLogin ကိုစမ်းသုံးကြည့်နိုင်ပါတယ်။

Related Stories

Arrow-up