Reading:
အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ ငွေရေးကြေးရေး အခြေအနေကို ဘာကြောင့် ဂရုစိုက်သင့်တာလဲ

Image

အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ ငွေရေးကြေးရေး အခြေအနေကို ဘာကြောင့် ဂရုစိုက်သင့်တာလဲ

by Yi Ting
နိုဝင်ဘာ 10, 2020

ကျောင်းမှာတုန်းကတော့ သင်္ချာနဲ့ သိပ္ပံအတန်းတွေတက်ခဲ့ဖူးမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မိတ်ဆွေရဲ့ ငွေကြေးနဲ့ ပက်သက်ပြီး စီမံခန့်ခွဲဖို့အတွက်တော့ မသင်ခဲ့ရပါဘူး တစ်ချို့ကျတော့လည်း ဒါတွေကသင်ရိုးက တခြား Subject တွေနဲ့ တန်းတူလောက်ပဲ ဒါမှမဟုတ် တခြား Subject တွေထက် ပိုအရေးကြီးတယ်လို့လည်း ပြောကြပါတယ်။ ငွေရေးကြေးရေး ဆိုတာကတော့ အားလုံးနဲ့သက်ဆိုင်ပြီးတော့ လူတိုင်းရဲ့စိတ်ထဲမှာလည်း အမြဲရှိနေပါတယ်။ Princeton University ရဲ့ လေ့လာမှုတစ်ခုအရ ငွေရေးကြေးရေးကိစ္စကြောင့်  အလုပ်ကိစ္စတွေမှာ အာရုံမစိုက်နိုင်တော့ဘဲ သိသိသာသာ စိတ်တွေရှုပ်ထွေး လာတတ်တာ ဖြစ်ပါတယ်။ ဥပမာ မောင်မောင်က အခန်းငယ်လေးထဲမှာပဲ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ထိုင်နေမယ်ဆိုရင် သူလုပ်ရမယ့် ကိစ္စရပ်တွေကို လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုအကြောင်းမျိုးတွေကြောင့် ဝန်ထမ်းတွေရဲ့ ငွေရေးကြေးရေး ပြဿနာနဲ့ ပက်သက်ပြီး ဆွေးနွေးဖို့ လိုအပ်လာတာပါ။ ဒီလိုကိစ္စမျိုးက လုပ်ငန်းရှင်တွေရဲ့ အစည်းအဝေးပွဲတွေမှာ မကြာမကြာဆိုသလို တွေ့ရတတ်ပါတယ်။ တွေ့ရတဲ့အကြောင်းကလည်း ၆၉% သော ဝန်ထမ်းတွေဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ငွေးရေးကြေးရေး ကိစ္စကို အလုပ်အထိသယ်လာတတ်ကြပြီးတော့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း လျော့ကျစေနိုင်လို့ပဲ ဖြစ်ပါတယ်။

 

ငွေရေးကြေးရေးကောင်းမွန်တယ်ဆိုတာကဘာလဲ? ဘာကြောင့်အရေးပါရတာလဲ?

ငွေရေးကြေးရေးကောင်းမွန်မှုဆိုတာကတော့ သေချာတဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ လူတစ်ယောက်ရဲ့ ငွေကြေးနဲ့ ပက်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ လို့လည်း ပြောနိုင်ပါတယ်။ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ ငွေကြေးကိစ္စတွေကို ခေါင်းထဲကမဖယ်ထုတ်နိုင်ဘူးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာမှာလည်း ခံစားရလိမ့်မယ်လို့ ဆုံးဖြတ်နိုင်ပါတယ်။ အဓိကကတော့ ငွေကြေးကြောင့် စိတ်ထိခိုက်ရတာတွေက အလွန်အကျူး မဖြစ်သင့်ပါဘူး။

 

(၁) ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ခြင်း

ငွေကြေးနဲ့ပက်သက်ပြီး စိတ်ချထားနိုင်ခြင်းက ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်း ဆက်စပ်မှုတွေ အများကြီး ရှိပါတယ်။ Bankrate ကပြုလုပ်ထားတဲ့ စစ်တမ်းအသစ်တစ်ခုအရ လူတစ်ယောက်ရဲ့ စိတ်ကောလူကော ထိခိုက်စေနိုင်တဲ့ အိပ်မပျော်ခြင်းတွေကို ဖြစ်ပေါ်စေတဲ့ အကြီးမားဆုံးပြဿနာကတော့ ငွေကြေးကိစ္စတွေကို စိုးရိမ်ပူပန်နေရခြင်းပဲ ဖြစ်ပါတယ် လို့ ပြောထားပါတယ်။ PwC ရဲ့ တင်ပြချက်အရ ၃၀% အထက်ဝန်ထမ်းတွေကတော့ ငွေကြေးကိစ္စကို စိုးရိမ်ပူပန်နေရတာက သူတို့ရဲ့ ကျန်းမာရေးကို တစ်နည်းမဟုတ်တစ်နည်း သက်ရောက်မှုရှိပါတယ်လို့ ပြောပြထားကြပါတယ်။ ထုတ်လုပ်မှုလုပ်ငန်းတွေနဲ့ ရာထူးကြီးပိုင်း အလုပ်မျိုးတွေမှာ အလုပ်ထက်အခြားအရာကို ပိုပြီးစိုးရိမ်နေရတာမျိုးက မတော်တဆဖြစ်နိုင်ချေတွေကို အများကြီး မြင့်တက်စေပါတယ်။

 

(၂) ငွေကြေးကြောင့်စိတ်ဖိစီးရခြင်း = ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်လျော့ကျလာခြင်း

ဝန်ထမ်းတစ်ယောက်ရဲ့  ငွေရေးကြေးရေးကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်လာရတာက သူ့ရဲ့လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ချက်တွေကို လျော့ကျလာစေနိုင်ပါတယ်။ Society for Human Resource Management အဖွဲ့ရဲ့ အဆိုအရ ငွေကြေးကြောင့် စိတ်ဖိစီးနေရသူ ခန့်မှန်းချေ ၃၄% ရာခိုင်နှုန်းလောက်ဟာ အလုပ်ခွင်ပျက်ကွက်မှုနဲ့ လုပ်ဆောင်မှုနောက်ကျတာတွေ များပြားလာပါတယ်။ ၄၉% သော ဝန်ထမ်း တွေကတော့ သူတို့ကိုယ်တိုင် တစ်နေ့ကို ၃နာရီကျော်ကျော်လောက် တွေးနေမိတာ ဒါမှမဟုတ် ကိုယ့်ရဲ့ငွေကြေး အခက်အခဲတွေကို ဖြေရှင်းနေရင်းပဲ အချိန်ကုန်နေတာကို သတိထားမိကြပါတယ်။ အထက်မှာဖော်ပြခဲ့သလို ငွေကြေးကိစ္စတွေကို စီမံနေရလို့ အိပ်ရေးမဝတာခြင်းကလည်း ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် ဝန်ထမ်းတွေကို တွေးတောဖို့နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပြီးတော့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း လျော့ကျလာစေ နိုင်ပါတယ်။

 

(၃) ကုန်ကျစရိတ်မြင့်မားလာခြင်း

ဝန်ထမ်းတွေကပဲ ဒီလိုကိစ္စတွေကို ခံစားနေရတာ မဟုတ်ပါဘူး။ ငွေကြေးကြောင့် စိတ်ဖိစီးမှုတွေကလည်း အလုပ်ရှင်တွေ ကိုယ်တိုင်လည်း အနည်းနဲ့အများ ခံစားရတာပါပဲ။ ငွေကြေးပြဿနာတွေ ရင်ဆိုင်နေရတဲ့ ဝန်ထမ်းတွေအနေနဲ့ ကုမ္ပဏီက နေအလုပ်ပိုထွက်ချင်ပြီးတော့ သူတို့ကိုလစာများများ ပိုပေးနိုင်ပြီး အခွင့်အလမ်းပိုများတဲ့ နေရာကို ရှာဖွေချင်ကြပါတယ်။ လုပ်ငန်း လုပ်ဆောင်ချက် အလားအလာတွေ ကျဆင်းလာပြီး ဝန်ထမ်းအပြောင်းအလဲများလာတာနဲ့ ငွေကြေးမလုံလောက်တဲ့ ကဏ္ဍတွေ များလာနိုင်ပြီး အလုပ်ရှင်ရဲ့လစာပေးရတဲ့ ပမာဏ ပျမ်းမျှ ၁၁% ကနေ ၁၄% အထိ ပိုပြီး ကုန်ကျလာစေနိုင်ပါတယ်။

 

 

ဝန်ထမ်းများကျန်းမာအဆင်ပြေစေရေး

ဈေးကွက်အတွင်းမှာ အသုံးပြုတဲ့သူတွေကို ဝန်ထမ်းတွေအနေနဲ့ ဆွဲဆောင်နိုင်မယ်၊ စွမ်းဆောင်ရည်တွေပြနိုင်မယ်၊ သေချာ ပြိုင်ဆိုင်နိုင်ဖို့ကို လုပ်ငန်းရှင်တွေအနေနဲ့လိုချင်တာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ဝန်ထမ်းတွေကို ငွေရေးကြေးရေးပိုင်နိုင်ပြီး ငွေကြေးနဲ့ ပက်သက်ပြီးတော့လည်း စိတ်ရှင်းနေတာမျိုး ဖြစ်စေချင်တာ ဖြစ်ပါတယ်။

MoneySense Council ကပြုလုပ်တဲ့ Financial Planning Attitudes Survey 2017 မှာတွေ့ရတဲ့ အချက်တစ်ချို့ကိုကြည့်ပါ –

  • မီလီယံနာ ၃၀% လောက်ကပဲ သူတို့ဟာ ရင်းနှီးမြှုပ်နှံမှုမှာ သေချာနှံ့စပ်တယ်လို့ ထင်ကြပါတယ်။
  • မီလီယံနာ ၂၅% လောက်ဟာ ရှေ့ရေးကို အစီအစဉ်ချနေတာထက် လက်ရှိအချိန်မှာပဲ လုပ်ကိုင်နေရတာကို သဘောကျ ကြပါတယ်။
  • မီလီယံနာ တစ်ဝက်လောက်နီးပါးကပဲ အရေးပါတဲ့ လုပ်ငန်းပြောင်းလဲလာမှုမျိုးတွေကို နားလည်ကြပါတယ်။
  • မီလီယံနာ ၄၃% လောက်ကပဲ အနားယူတဲ့အချိန်အတွက် ငွေရေးကြေးရေးကို ကြိုပြင်ဆင်ထားတယ်လို့ ပြောကြပါတယ်။

ဝန်ထမ်းတွေရဲ့ ငွေကြေးပြဿနာတွေကို ကူညီပေးတတ်တဲ့ အလုပ်ရှင်တွေကို ဝန်ထမ်းတွေအနေနဲ့ သဘောကျကြပါတယ်လို့ Workforce.com ကဖော်ပြထားပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အောက်ကအချက်တွေကို ကြည့်ပြီး စဉ်းစားနိုင်ပါတယ်။

 

(၁) ဘဏ္ဍာရေးနဲ့ ပက်သက်တဲ့ လေ့လာမှုတစ်ခု လုပ်ထားသင့်ပါတယ်။

ဝန်ထမ်းတွေကို ငွေရေးကြေးရေးနဲ့ပက်သက်တဲ့ လေ့လာမှုတွေပြုလုပ်ပေးတာမျိုးက သူတို့ရဲ့ ငွေကြေးကြောင့်ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေကိုလည်း ထိပ်ဆုံးကနေ တွန်းလှန်ပေးနိုင်ပါတယ်။ ဒါတွေကို ငွေကြေးကိစ္စတွေကို ကျွမ်းကျင်သူနဲ့ တစ်ဦးချင်း ဆွေးနွေးခြင်း အပြင် Financial Workshops တွေကနေ ပြုလုပ်ပေးနိုင်ပါတယ်။

Financial Workshops တွေက Financial Wellness Program တစ်ခုပြုလုပ်ဖို့ အခြေခံလည်းကျပြီး အကုန်အကျလည်းနည်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ Speaker တွေငှားရမ်းပြီး အငြိမ်းစားယူတဲ့အချိန်ငွေကြေးစီမံမှုများ၊ အထွေထွေ ဘတ်ဂျက်စီမံခြင်းနဲ့ ချေးငွေများကိုသေချာစွာစီမံခြင်း စတဲ့ခေါင်းစဉ်တွေနဲ့ ဟောပြောလို့ရနိုင်ပါတယ်။ ငွေရေးကြေးရေး ဆွေးနွေးတိုင်ပင်သူတွေအနေနဲ့ ဝင်ငွေထွက်ငွေစီမံရ အခက်တွေ့နေတဲ့ ဝန်ထမ်းတွေကို တော်တော်လေး ကူညီပေးတတ် ကြပါတယ်။

 

(၂) ဝန်ထမ်းများ၏ အကျိုးခံစားခွင့်ကို ထိုက်ထိုက်တန်တန်ပေးခြင်း

ပညာရေးအသိပညာပေးအစီအစဉ်တွေအပြင် အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ ငွေကြေးကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ဖို့အတွက် လိုအပ်ချက်အမျိုးမျိုးအတွက် ကျန်းမာရေးစောင့်ရှောက်မှု အမျိုးမျိုးကို သူတို့ရဲ့အကျိုးခံစားခွင့် အဖြစ်လည်း စီစဉ်ပေးနိုင်ပါသေးတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့တစ်ဘဝလုံး အဖွဲ့အစည်းတစ်ခုအတွက်ပဲ အလုပ်လုပ်ပေးတယ် ဆိုတာက တော်တော်လေးရှားတဲ့အတွက် အငြိမ်းစားယူတဲ့အချိန်အတွက် အစီအစဉ်တွေက ဒီနေ့ခေတ်မှာ အလုပ်ဖြစ်မှာ မဟုတ်ပေမယ့် သူတို့ရဲ့ အနာဂတ်ခရီးလမ်းအတွက် လစာကိုလျှော့ပေါ့ပြီး ပြုလုပ်ပေးတဲ့ အငြိမ်းစားယူချိန်အတွက် အစီအစဉ်မျိုး ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ခရီးသွားစရိတ်လျှော့ချပေးတာမျိုးနဲ့ ပုံမှန်ဝတ်နေကျအဝတ်အစား (ပုံမှန်ဝတ်နေကျအဝတ်အစားတွေက အကုန်အကျလည်းသိပ်မများဘဲ အခြောက်လျှောက်စရာလည်း မလိုအပ်ပါဘူး။) ဒါမှမဟုတ် အဆင်ပြေတဲ့ အလုပ်ချိန်သတ်မှတ်ပေးထားတာမျိုးက ဝန်ထမ်းတွေအတွက် စိတ်သက်သာရာရပြီး ရေရှည်အထိ အလုပ်တွဲလုပ်သွား နိုင်ပါတယ်။

 

(၃) ငွေကြေးတွက်ချက်မှုအဆင်ပြေစေတဲ့ Tool များအသုံးပြုခြင်း

ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို သေချာလုပ်ဆောင်နိုင်ဖို့ဆိုတာ ငွေကြေးကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားရပါမယ်။ ဒီအတွက် Digital Tool တွေကို အသုံးပြုပေးတာကလည်း အရေးပါပါတယ်။ StashAway လို App မျိုးက သူတို့ရဲ့ ငွေကြေးတွေကို သေချာစီမံခန့်ခွဲပေးနိုင်ပြီးတော့ ဝင်ငွေထွက်ငွေကို ထိန်းညှိပေးနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒီလိုနည်းပညာမျိုးက ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ လုပ်ငန်းအပြောင်းအလဲမြင့်တက်လာနိုင်မှုတွေ၊ ငွေစုရတာတွေနဲ့၊ အငြိမ်းစားယူတဲ့အချိန်အတွက် အစီအစဉ်ချတာတွေက အစ လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။

 

JustLogin နှင့်အတူ Cloud-based HR ကို စတင်လိုက်ပါ

JustLogin ဟာ Cloud based HR application တခုဖြစ်ပါတယ်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် သူတို့ရဲ့ လစာပေးစနစ်တွေခွင့်ရုံးတက်စာရင်အသုံးစရိတ်နှင့် အကျိုးခံစားခွင့်တွေကို စီမံခန့်ခွဲရာမှာ အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ထောင်ချီတဲ့ စီးပွားရေးလုပ်ငန်းတွေကို သူတို့ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားပိုမိုမြင့်မားလာအောင် သူတို့ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေ ပိုမိုကောင်းမွန်လာအောင် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရုံးတစ်ခု၊ စားသောက်ဆိုင်တစ်ခု၊ လက်လီဆိုင်တစ်ခု၊ ဂိုထောင်တစ်ခုမှာ အလုပ်လုပ်နေရရင်လည်း ကိစ္စမရှိပါဘူး အိမ်ကနေ အလုပ်လုပ်နေရရင်တောင်မှ ကိစ္စမရှိတော့ပါဘူး။ JustLogin ကို ဒီနေ့ပဲ http://mm.justlogin.com/my/free-trial/ မှာ စမ်းသုံးကြည့်လိုက်ပါ။



0 Comments

ပြန်စာထားခဲ့ပါ။

Related Stories

Arrow-up