မိရိုးဖလာစီးပွားရေးလုပ်ငန်းများမှာ အချက်အလက်ဒေတာများစွာကို ဖိုင်နဲ့တွဲပြီး ရုံးမှာသိမ်းဆည်း လေ့ရှိကြပါတယ်။ ယနေ့ခေတ်မီနည်းပညာများရဲ့ ကောင်းကျိုးတွေကြောင့် အချိန်နဲ့ တပြေးညီမှတ်သားနိုင်ဖို့အတွက် ရုံးတွင်းဝန်ထမ်းများရဲ့ အချက်အလက်များစွာကို စာရွက်အစား Computer မှာ Spreadsheets စတဲ့ ဒေတာသိမ်းဆည်းတဲ့ Software များကို အသုံးပြုပြီး လွယ်ကူစွာ သိမ်းဆည်းနိုင်လာပြီ ဖြစ်ပါတယ်။ ကုမ္ပဏီကြီး/သေးများအတွက် လက်ရှိ တီထွင်ဆန်းသစ်ထားတဲ့ SaaS ကဲ့သို့အလိုလျောက် အချိန်နှင့် တပြေးညီခြေရာခံခြင်းစနစ်ဟာ ကုမ္ပဏီများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုထိရောက်ကောင်းမွန်စေပါတယ်။ ဒါကြောင့် Time Tracking က ဘယ်လိုကောင်းကျိုးမျိုးတွေ ယူဆောင် လာပေးမလဲဆိုတာကို JustLogin မှ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
တိကျမှု
လုပ်ငန်းခွင်ထဲမှာ နေ့စဉ်ကြားတွေ့နေရတဲ့ အကြောင်းပြချက်တစ်ချက်တော့ “လူဆိုတာအမှားနဲ့မကင်းတတ်ပါဘူး” ဆိုတဲ့ စကားဘဲ ဖြစ်ပါတယ်။ မန်နေဂျာများအနေနဲ့ ဝန်ထမ်းများရဲ့ မထင်မှတ်ထားတဲ့အမှားသေးသေးလေး တွေကို အသေးစိတ် လိုက်လံမှတ်သားပြီး လစာထဲက ဖြတ်တောက်တာမျိုး၊ မှတ်သားတာ မျိုးတွေကို ဘယ်လောက်အတိုင်းအတာအထိ စီမံကြီးကြပ်နိုင်မယ်လို့ သင်ထင်ပါလဲ? ဒါ့အပြင် ဒီလိုအမှားများစွာကိုလည်း စာရင်းစစ်ဌာနကို ပေးပို့ပြီး အသေးစိတ်ရှင်းပြဖို့ဆိုတာ မန်နေဂျာများ အတွက် လွယ်ကူတဲ့အလုပ် ဖြစ်ပ့ါမလား? တကယ်တော့ လုံး၀မလွယ်ကူတဲ့ ကိစ္စမို့ အသေးအဖွဲအမှားလေးတွေဟာ ဝန်ထမ်း၊ မန်နေဂျာများ နှင့် ကုမ္ပဏီများအတွက်ပါ နစ်နာမှုများရှိနိုင်ပါတယ်။ ဒီလိုအမှားတွေကို ကြီးကြပ်ကွက်ကဲဖို့အတွက် Time Tracking စနစ်အသုံးပြုခြင်းက ဝန်ထမ်းများရဲ့ လှုပ်ရှားမှုကို တိတိကျကျအသေးစိတ်ကြည့်ရှုရေးအတွက် အဖြေတစ်ခုဖြစ်ပါတယ်။
အချိန်ဇယားများကို စီစစ်ကြပ်မတ်နိုင်ခြင်း
ရုံးပျက်ကွက်ခြင်း၊ ရုံးနောက်ကျခြင်းဟာ ပြသနာကြီးတစ်ခုမဟုတ်သော်လည်း ရေရှည်မှာ ကိုင်တွယ်ဖို့ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ အလားတူဘဲ Break Time များရဲ့ အပို တစ်မိနစ်၊ နှစ်မိနစ်ဟာ Supervisor များအတွက် ဂရုထားရမယ့်ကိစ္စမဟုတ်သော်ငြားလည်း ရေရှည်အတွက် စည်းစနစ်မကျလှတဲ့ အုပ်ချုပ်ပုံဖြစ်လာနိုင်ပါတယ်။ ဒီလို တာဝန်မဲ့တဲ့ အပြု အမူ အသေးအမွှားလေးများဟာ ကုန်ကျစရိတ်ကို မထိခိုက်စေသော်လည်း ကုမ္ပဏီရဲ့ တန်ဖိုးရှိတဲ့ အချိန်များကို ဖြုန်းတီးပစ်ရာရောက်ပါတယ်။ ဒီလိုအပြုအမူများကို ကာကွယ်ဖို့အတွက် ဝန်ထမ်းများရဲ့ လိပ်စာများကို ထည့်သွင်းထားတဲ့ Time Tracking စနစ်တပ်ဆင်ထားခြင်းဟာ အချိန်ကို မလေးစားသော ဝန်ထမ်းများကို သတိပေးရာရောက်သလို ကုမ္ပဏီစည်းကမ်းများကို လိုက်နာစေဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်တာမို့ အင်မတန်မှကို အကျိုးရှိလှပါတယ်။
လူစားလဲလှယ်ခြင်းကို တားဆီပေးခြင်း
Supervisors များနှင့် HR များ ရင်ဆိုင်ရသော ပြသနာတွေထဲကတစ်ခုကတော့ ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး လူအစားထိုး ဝင်ရောက် ကူညီလုပ်ကိုင်ပေးခြင်းဘဲဖြစ်ပါတယ်။ ဒီလို ကိုယ်စားဝင်ရောက် ကူညီပေးခြင်းဟာ အချိန်မလေးစားသော ဝန်ထမ်းများကို ရုံးအလွယ်တကူ နောက်ကျစေဖို့ တွန်းအား တစ်ခုလည်းဖြစ်သလို ဝန်ထမ်းအချင်းချင်း အခကြေးငွေမပေးဘဲ လုပ်အားခများကို အလွဲသုံးစားပြုလုပ်ခြင်းစတဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာပါ ကျင့်ဝတ်ဖောက်ပြားများမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ အထက်ပါ ပြသနာများကို ဖြေရှင်းနိုင်ဖို့ Time tracking software ထဲမှာဝန်ထမ်းတစ်ဦးချင်းစီရဲ့ အမည်၊ Password များ၊ ဓါတ်ပုံနှင့် လိပ်စာများကို Software ထဲမှာ Register လုပ်ပြီး ထည့်သွင်းပေးထားခြင်းအားဖြင့် ဝန်ထမ်းများရဲ့ အဝင်အထွက်စာရင်းကို သေချာစွာ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်း အဆင်ပြေချောမွေ့ခြင်း
စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်စွာ လည်ပတ်ဖို့ဆိုတာဟာ အလွန်ဘဲရှုပ်ထွေးနက်နဲတာမို့ အချိန်နဲ့တပြေးညီ လုပ်ငန်းတွင်းစီမံခန့်ခွဲဖို့ဆိုတာ သိပ်တော့ မရိုးရှင်းလှပါဘူး။ ဒါကြောင့် Real-time စနစ်ပါဝင်တဲ့ အချိန်နဲ့တပြေးညီ ခြေရာခံ Software ကို အသုံးပြုခြင်းဟာ ဝန်ထမ်းများအဝင်အထွက် စာရင်းကအစ၊ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လုပ်ဆောင်ရမယ့်အလုပ်ချိန်၊ ကျန်ရှိနေသော အလုပ်ရက်များစတာတွေကို တိကျ အချိန်မှန်ကန်စွာ မှတ်သားပေးနိုင်တာကြောင့် အရမ်းကို အကျိုးရှိလှပါတယ်။ Time Tracking ရဲ့ ဗဟိုထိန်းချုပ်မှုစနစ်တစ်ခုတည်းကဘဲ လုပ်ငန်းရဲ့ မည်မျှသော ဌာနများ၊ ရုံးခွဲနေရာများအတွက်ကိုမဆို စီမံမှတ်သားပေးနိုင်တာကြောင့် ဝန်ထမ်းများရဲ့ အချက်အလက်များကို ရုံးတွင်းမည်သည့်ကွန်ပြူတာများမှာမဆို ဝင်ရောက်ရယူနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ အချက်အလက်များကို ဌာနအချင်းချင်းအလွယ်တကူ မြန်မြန်ဆန်ဆန်ချိတ်ဆက်မျှဝေနိုင် လာပြီး ရှေးရိုးအတိုင်း စာရွက်စာတမ်း အချက်အလက်တွေ အများကြီး ရုံးမှာသိမ်းဆည်းဖို့ မလိုအပ်တော့ပါဘူး။
အလုပ်သမားဥပဒေကို လေးစားလိုက်နာခြင်း
မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေထဲမှာ Overtime အလုပ်ချိန်အပိုများနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်ပါတယ်။ သို့သော်လည်း လုပ်ငန်းခွင်များထဲမှာ ယနေ့ထိတိုင် လူသားများရဲ့ တွက်ချက်မှုဆိုင်ရာ အမှားအယွင်းများကြောင့် ဝန်ထမ်းများရဲ့ Overtime အတွက် ရသင့်ရထိုက်တဲ့ လစာပေးချေမှုများမရှိခြင်းကို ကြားတွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Time Tracking Software ကို အသုံးပြုခြင်းခြင့် အလုပ်ချိန်အပိုများကို တိကျစွာမှတ်သားပေးနိုင်မှာ ဖြစ်သလို တရားမျှတစွာ အမှားကင်းကင်းတွက်ချက်ပေးနိုင်တာကြောင့် လစာပေးချေမှုအငြင်းပွားဖွယ် ပြသနာများကို သိသာစွာ လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
For simple-to-use and easy-to-set-up time tracking software, try out JustClock for free today.