Reading:
မိုဘိုင်းဖုန်းမှ ခွင့်ယူနိုင်မယ့် Mobile Leave App က ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

Image

မိုဘိုင်းဖုန်းမှ ခွင့်ယူနိုင်မယ့် Mobile Leave App က ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

by Yi Ting
ဇန်နဝါရီ 29, 2018

မိုဘိုင်း အဆင့်မြင့်နည်းပညာဟာ ယနေ့လူသားများရဲ့ နေ့စဉ်ဘ၀ကို ဘယ်လောက်ထိများ လွှမ်းမိုးနေ လာပြီလဲဆိုတာ အားလုံးသိထားကြပြီး ဖြစ်ပါတယ်နော်။ ဥပမာ၊ အွန်လိုင်း Banking၊ ဘာသာစကားအသစ် စတင်လေ့လာတာဖို့ Application များ နှင့် ခရီးသွားလာဖို့ ပြင်ဆင်တဲ့အခါမှာပါ နည်းပညာအသစ်များကို အားကိုးအသုံးပြုနေကြပြီ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း ခွင့်ရက်များကို စီမံခန့်ခွဲရာမှာ အချို့သော အဖွဲ့အစည်များဟာ  ယခင်က လုပ်ငန်းတွင်းသုံး Software ကို အသုံးပြုပြီး စီမံခန့်ခွဲတာကို တွေ့ရပေမယ့်လည်း ယနေ့ Mobile နည်းပညာသစ်တွေ ပေါ်ပေါက်လာပြီးနောက်မှာတော့ ဒီ Software များအသုံးပြုတဲ့ စနစ်ဟာ ပျောက်ကွယ်လု နီးပါး ဖြစ်နေတာကို တွေ့ရှိရပါတယ်။

မည်သို့သော နည်းပညာအပြောင်းအလဲကို မဆိုလက်ခံနိုင်ဖို့ဆိုတာ တော်တော်လေးခံနိုင်ရည် ရှိဖို့ လိုအပ်ပါတယ်။ Mobile Leave Applications များဟာ ကောင်းကျိုးများစွာ ရှိနေသည့်တိုင်အောင် အချို့သော Company များအနေနဲ့ လက်ခံနိုင်ဖို့ အတော်လေးခက်ခဲနေသေးတာဟာ ၎င်းတို့ရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်နဲ့ နည်းပညာသစ်ရဲ့ ဖြစ်စေနိုင်တဲ့ဆိုးကျိုးများကိုသာ  မှန်းဆထားလို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရှေးဦးစွာ နည်းပညာသစ်တွေကို အဟန့်အတားလို့ မှားယွင်းစွာယူဆထားသေးတဲ့ အဆိုပါအဖွဲ့အစည်းများရဲ့ အလေ့အထတွေကို လေ့လာကြည့်ကြ ရအောင်နော်။

 

 ၁။ ရက်ပိုခွင့် (ခွင့်လုံလောက်စွာမပေးခြင်း)

အားလပ်ရက်များဟာ Company ရဲ့ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်နှုန်းကို ထိခိုက်စေနိုင်တယ်လို့ မန်နေဂျာတော်တော်များများက မှားယွင်းစွာယူဆထားကြပါတယ်။ ဒါဟာ အယူအဆအမှားကြီး တစ်ခုတော့ မဟုတ်သော်လည်း သုတေသနပြုလုပ်ချက်များအရ မိမိတို့ရပိုင်ခွင့်ရှိတဲ့ အားလပ်ရက်များကိုတောင် အသုံးမချဘဲ အလုပ်လုပ်လေ့ရှိတဲ့ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ဟာ သိပ်ထူးခြားပြီးကောင်းလှတယ်ဆိုတာ မရှိပါဘူးလို့ အဆိုပြုထားကြပါတယ်။ Harvard Business Review မှာ ဖော်ပြတားခဲ့တဲ့ ဝန်ထမ်းစွမ်းဆောင်ရည်နှင့် အားလပ်ရက်ကြား ဆက်နွယ်မှုစစ်တမ်း အရ ဆိုရင်တော့ နိုင်ငံအတော်များများမှာရှိကြတဲ့ ခေါင်းဆောင်များဟာ လစာပြည့်ခွင့်ရက်များ ခံစားခွင့်ရခြင်းဖြင် လုပ်ငန်းတွင်းစွမ်းဆောင်ရည်ကို ပိုမိုအားစိုက်နိုင်တဲ့အပြင် အလုပ်တွေကိုလည်း လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်နိုင်ကြတယ်လို့ ဖော်ပြထားပါတယ်။ ဝန်ထမ်းများ၏ စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်စေဖို့နှင့် ဖန်တီးနိုင်မှုစွမ်းအား မြင့်မားစေဖို့အတွက် ပုံမှန်အလုပ်မှ ခွင့်ရက် အနားယူပေးခြင်းဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Mobile Leave Application များဟာ လုပ်ငန်းခွင်တွင်းလိုအပ်တဲ့ ခွင့်နှင့် အားလပ်ရက်ဆိုင်ရာကျင့်ဝတ်များနှင့်အညီ စီမံနိုင်သလို ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်မြင့်မားစေဖို့ သက်တောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်ဆိုတာကို ကုမ္ပဏီတော်တော်များများက သတိမပြုမိကြပါဘူး။

 ၂။ ရင်းနှီးမှုဦးစားပေး စီမံခန့်ခွဲခြင်း

အချို့သော အလုပ်ရှင်များဟာ စည်းကမ်းတင်းကျပ်တဲ့ ဘောင်အတွင်းမှာလုပ်ငန်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြသလို အချို့သောသူများကတော့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာမှာ ကိုယ်ရေးကိုယ်တာ ဆက်နွယ်ရင်းနှီးမှုအပေါ် တန်ဖိုးထားစီမံဆောင်ရွက်လိုကြတဲ့ မတူညီသော အမြင်များရှိတတ် ကြပါတယ်။ ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုဦးစားပေးစီမံခန့်ခွဲမှုမျိုးဟာ လွဲမှားတဲ့ အချက်တစ်ခုတော့ မဟုတ်သော်လည်း လုပ်ငန်းတွင်းစီမံခန့်ခွဲအုပ်ချုပ်မှုနှင့် အလုပ်သမားများအကြား ရေရှည်အဆင်ပြေစေဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီလိုလုပ်ငန်းတွင်း အသေးစားစီမံခန့်ခွဲမှုလေးတွေကို မန်နေဂျာများကိုယ်တိုင်က အသေးစိတ်တာဝန်ယူနေရတယ်ဆိုတာဟာ ပြင်ပစီမံခန့်ခွဲမှု နည်းစနစ်များကို အသုံးပြုဖို့ မယုံကြည်တာကြောင့်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း လုပ်ငန်းတွင်း အသေးအမွှားလေးများကအစ လူချင်းရင်းနှီးမှုရယူကာ ဖြေရှင်းတဲ့ နည်းလမ်းကတော့ စနစ်ကျတဲ့ စီမံခန့်ခွဲမှုလည်းမဟုတ်သလို မည်သူ့အတွက်မှလည်း အကျိုးမရှိလှပါဘူး။ ဒါကြောင့် ကိုယ်ရေးကိုယ်တာဆက်နွယ်မှုကို အခြေခံတဲ့ စီမံခန့်ခွဲမှုမျိုးကို ရှောင် ကြဉ်သင့်ပါတယ်။

 

Mobile Leave Applications များရဲ့ အကျိုးကျေးဇူးများ

တကယ်လို့ သင့် Company ဟာ အထက်ဖော်ပြပါ အလေ့အထများကို ကျင့်သုံးနေတယ်ဆိုရင်တော့ Mobile Leave Applications ရဲ့ အောက်ပါအကျိုးကျေးဇူးတွေကို သိထားဖို့လိုအပ်နေပြီနော်။

 

 ၁။ ကုန်ကျစရိတ် ချွေတာခြင်း

ဘယ်စီးပွားရေးလုပ်ငန်းမဆို ငွေကြေးဆိုင်ရာအကျိုးအမြတ်ရနိုင်သမျှ များများရချင်တာ သဘာ၀ဘဲ မဟုတ်ပါလား။ ဥပမာ။ စက္ကူအပိုတွေ သုံးမိတာမျိုးကအစ မလိုအပ်တဲ့ အပိုကုန်ကျစရိတ်တွေဟာ ကုမ္ပဏီ အသေး၊ အကြီး ဖြစ်ပါစေ ရေရှည်မှာထိခိုက်မှုရှိစေမယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါတယ်။ Mobile Leave Applications များအား ခွင့်စာရွက်များ၊ ခွင့်မှတ်တမ်းများသုံးစွဲခြင်းကို သိသိသာသာလျော့ပါးစေတဲ့ အပြင် Cloud မှာအလွယ်တကူ သိမ်းထားနိုင်တာ ကြောင့် လိုအပ်တဲ့အချက်အလက်များကိုလည်း မည်သည့်နေရာ၊ မည်သည့်အချိန်မှာမဆို ဖွင့်ကြည့်နိုင်တာမို့ အရမ်းကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စက္ကူအပိုသုံးစွဲမှုကို လျော့ချခြင်းဟာ သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရာရောက်ပြီး “အစိမ်းရောင်” လို့ခေါ်တဲ့ ကမ္ဘာမြေကြီး စိမ်းလိန်းစိုပြေရေးအတွက် ကျင့်ဝတ်နဲ့အညီစောင့်ထိန်းနေကြတဲ့ အဖွဲ့အစည်းမျာအတွက် အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

 

 ၂။ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တက်စေခြင်း

အလုပ်တွင်ခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်စေဖို့ အရေးပါတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ဝန်ထမ်းများအတွက် ခွင့်တိုင်ရတဲ့လုပ်ငန်းစဉ်ဟာ အနည်းငယ်စိတ်ဖိစီးမှုရှိသလို စီမံညွှန်ကြားပေးရတဲ့ မန်နေဂျာအတွက်လည်း အဆိုပါ ခွင့်နဲ့ပတ်သက်ပြီး အချိန်အနည်းငယ် ပေးရတာတွေ ရှိပါတယ်။ ဒီလိုမလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးပြီး အချိန်ကုန်သက်သာစေဖို့အတွက် Mobile Leave Apps ရဲ့ စနစ်က အလိုအလျောက် စီမံကူညီပေးမှာ ဖြစ်ပါတယ်။ ဥပမာ။ တစ်ချိန်တည်းမှာ ဝန်ထမ်းအများကြီးက ခွင့်ယူနေကြသလား။ ဝန်ထမ်းဘယ်နှဦးက ခွင့်စာတင်ထားသလဲ စသဖြင့် အလိုအလျောက်စီမံဖော်ပြပေးသွားမှာ ဖြစ်တာကြောင့် ခွင့်နှင့်သက်ဆိုင်သော လုပ်ငန်းဆောင်တာများကို လွယ်ကူချောမွေ့စွာနဲ့ ကိုင်တွယ်စီမံသွားနိုင်မှာ ဖြစ်ပါတယ်နော်။

 

 ၃။ အလိုလျောက် ခြေရာခံခြင်း

ဝန်ထမ်းများရဲ့ လှုပ်ရှားမှုများကို ကုမ္ပဏီများအနေနဲ့ ခြေရာခံဖို့လည်းလိုအပ်ပါတယ်။ ဒီလိုခြေရာခံတာဟာလည်း Supervisor များရဲ့ တာဝန်ဖြစ်တာမို့ တာဝန်တစ်ခုတိုးလို့ လာပြန်ပါတယ်။ ဝန်ထမ်းများအတွက် အလုပ်နာရီချိန်၊ အလုပ်ရက်၊ ခွင့်ရက်စတာတွေကို တွက်ချက်ရတာဟာ အတော်လေးခေါင်းစားရတဲ့ အလုပ်တွေထဲက တစ်ခုပါ။ဒီလိုပြသနာကို ဖြေရှင်းဖို့အတွက် Mobile Leave Apps က ဂဏန်းသင်္ချာစနစ်များအခြေခံတဲ့ အလိုလျောက်တွက်ချက်မှု စနစ်ကိုပါ ထည့်သွင်းပေးထားတာကြောင့် ဝန်ထမ်းများအနေနဲ့ ၎င်းတို့ ကိုယ်တိုင် ရနိုင်သောခွင့်ရက်၊ ကျန်ရှိနေသော ခွင့်ရက်စတာတွေကိုချက်ချင်းစစ်ဆေးနိုင်သလို ခွင့်ယူမယ့်ရက်များအတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

 

၄။ တိကျမှုရှိခြင်း

Software ကို ပြုပြင်ရတာဟာ လူသားတစ်ဦးကို ပြုပြင်ရတာထက်များစွာလွယ်ကူတာမို့ လူသားများရဲ့ အမှားဟာ အလိုလျောက်စနစ်ရဲ့အမှားထက် ပိုမိုများပြားတယ်လို့ဆိုနိုင်ပါတယ်။ အသုံးပြုသူတစ်စုံတစ်ယောက်ဟာ ၎င်းတို့ရဲ့ ခွင့်စာမှာ အချိန်နှင့်နေ့ရက်မှားယွင်းစွာ ထည့်သွင်းခြင်းမှလွဲပြီး တိကျသေချာစွာစီမံထားတဲ့ အလိုလျောက်စနစ်ဟာ မှားယွင်းဖော်ပြနိုင်မှု ရာခိုင်နှုန်းဟာ မရှိသလောက်ကို နည်းပါးပါတယ်။ ဒါ့အပြင် မှားယွင်းစွာထည့်သွင်းထားမိတဲ့ Data များကိုလည်း အလွယ်တကူ ပြန်လည်ပြင်ဆင်နိုင်တာမို့ သုံးစွဲရတာအရမ်းကို အဆင်ပြေ ပါတယ်နော်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ Mobile Leave Apps ရဲ့ ကောင်းကျိုးများဟာ အင်မတန်ကြီးမားပြီး မိရိုးဖလာစီးပွားရေးကျင့်ထုံးများကို ကျော်လွန်ကာ ပိုမိုအောင်မြင်တိုးတက်လို သော၊ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းကူညီလိုသော အဖွဲ့အစည်းများအတွက် အလွန်သင့်လျော်တာကို ဖော်ပြခဲ့ပြီးဖြစ်လို့ Mobile Leave စနစ်သစ်ပြောင်းလဲကြဖို့ အကြံပြုလိုက်ပါတယ်နော်။

Related Stories

Arrow-up