Reading:
အလားအလာရှိသော စီးပွားရေးလုပ်ငန်းသစ်များကို ဒီဂျစ်တယ် စနစ် ကူးပြောင်းခြင်း

Image

အလားအလာရှိသော စီးပွားရေးလုပ်ငန်းသစ်များကို ဒီဂျစ်တယ် စနစ် ကူးပြောင်းခြင်း

by Yi Ting
ဇန်နဝါရီ 19, 2021

ကိုဗစ်ကူးစက်ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝှမ်း လုပ်ငန်းတွေရဲ့ ဒီဂျစ်တယ်စနစ် ကူးပြောင်းရေးကို အလျှင်မြန်ဆုံး လေ့လာ ထောက်လှမ်း နိုင်ခဲ့ပါတယ်။ ကူးစက်ရောဂါ ပြီးဆုံးသွားတဲ့အချိန်မှာတော့ အရင်လိုလုပ်ငန်းလည်ပတ်ပုံတွေကိုပဲ ပြန်တွေ့ ရနိုင်ပေမယ့် အနာဂတ်အတွက် ရည်စူးပြီးတော့ အခြေခံကျတဲ့ပြောင်းလဲမှုလေးတွေကိုတော့ ဆက်လုပ်ကြဖို့ မျှော်လင့် မိပါတယ်။

“အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းသစ်” တွေဆိုတာ ဘယ်လိုမျိုးလဲပြီးတော့ HR တွေအတွက်ကော ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲ သေချာပြောရရင်တော့ ဝန်ထမ်းရှာဖွေစုဆောင်းတာတွေ၊ လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေကြား ထိတွေ့ဆက်ဆံမှုကကော ဘယ်လိုတွေဖြစ်လာနိုင်ဦးမလဲ။

လုပ်ငန်းခွင်အသစ်များအတွက် အမြင်သဘောထား

ကူးစက်ရောဂါြဖစ်ပွားနေတဲ့ ကာလမျိုးမှာ လုပ်ငန်းလည်ပတ်တာမျိုးက အဖွဲ့တွေခွဲပြီးတော့လည်း လုပ်ငန်းတွေကို စီမံခန့်ခွဲတာ ကလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်ဆိုတာကို သက်သေပြပြီး ဖြစ်ပါတယ်။ ရှေ့ဆက် မျှော်လင့်ထားသော လုပ်ငန်းလည်ပတ်ပုံများ –

  • နေရာဖြန့်ကျက်ပြီး လုပ်ကိုင်တဲ့ လုပ်ငန်းခွင်တွေ တိုးပွားလာတာ ကို နေရာပြောင်းရွေ့ လုပ်ကိုင်နိုင်တဲ့ အဖွဲ့တွေအဖြစ် ခွဲခြားလိုက်တာကလည်း ပုံမှန်လည်ပတ်လာနိုင်မယ့် နည်းလမ်းသစ် ဖြစ်လာနိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ကိုယ်နေထိုင်တဲ့နေရာကို ရုံးနဲ့ နီးတဲ့နေရာရွေးပြီး သွားလာနေရတာမျိုးတွေ လိုအပ်လာမှာ မဟုတ်တော့ပါဘူး။ ဒီလိုလမ်းတွေဖွင့်ပေးလိုက်တာမျိုးကြောင့် တစ်ကမ္ဘာလုံး ဘယ်နေရာကမဆို ဝန်ထမ်းတွေ စုဆောင်းနိုင်တော့မှာ ဖြစ်ပါတယ်။ နောင်အနာဂတ်ရဲ့ ဝန်ထမ်းတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် လုံးဝမတွေ့ရတာမျိုးလည်း ဖြစ်လာနိုင်သလို နီးနီးကပ်ကပ် ထိုင်ပြီးပဲ စီမံခန့်ခွဲရတာမျိုး ဖြစ်နိုင်ပါသေးတယ်။
  • လုပ်ငန်းလည်ပတ်မှာ ပိုထိရောက်ကောင်းမွန်ဖို့အတွက် ယာယီဝန်ထမ်း တွေကို အမြဲတမ်းဝန်ထမ်းတွေနဲ့ တွဲပြီး အလုပ်အပြောင်းအလဲတွေကို စီမံခန့်ခွဲပေးခြင်းမျိုး။ ဒီလိုပြောင်းလဲမှုမျိုးတွေကို တခြားလုပ်ငန်းတွေမှာ တွေ့ဖူးကြပြီးသားဖြစ်မှာပါ ဥပမာ စားသောက်ဆိုင်တွေက ပါဆယ်မှာယူတဲ့ပစ္စည်းတွေကို အခုအချိန်မှာ Delivery Apps တွေအသုံးပြုပြီး ပို့ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။ သူတို့က ဝန်ထမ်းတွေကို ပရောဂျက်တစ်ခု ဒါမှမဟုတ် ကိစ္စလေးတစ်ခုပြီးတာနဲ့ ငွေရှင်းတာမျိုးတွေလုပ်ပေးပြီး သေချာစီစစ်ထားကြပါတယ်။ ဒီလိုလုပ်ငန်းမျိုးက သူတို့ရဲ့ အလုပ်ချိန်တွေ နေရာတွေကို ကိုယ်တိုင်ရွေးချယ်ခွင့် ရှိကြတဲ့အတွက် အဆင်ပြေတဲ့အလုပ်ချိန်စာရင်းဇယားတွေ ဆွဲနိုင်ပြီးတော့ လုပ်ငန်းနယ်ပယ်တော်တော်များများမှာ တွင်ကျယ်လာပြီ ဖြစ်ပါတယ်။
  • လက်တွေ့ကျပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အတွေ့အကြုံတွေကို ရှာဖွေနေတဲ့ နည်းပညာကျွမ်းကျင် ဝန်ထမ်း တွေနဲ့လည်း ဆက်ဆံရမှာ ဖြစ်ပါတယ်။ ဒီဂျစ်တယ် ပိုင်းဆိုင်ရာတွေက လုပ်ငန်းနယ်ပယ်တွေမှာ အသုံးချမှုပိုမြင့်မားလာတဲ့အတွက် နည်းပညာကျွမ်းကျင်တဲ့ ဝန်ထမ်းတွေခန့်အပ်ထားဖို့က ပိုပိုပြီးတိုးမြင့်လာပါတယ်။

အသေးစားလုပ်ငန်းများ ကြုံတွေ့နေရသော စိန်ခေါ်မှုများ

“ပုံမှန်လည်ပတ်နေနိုင်မယ့် လုပ်ငန်းသစ်” တွေကို ရှုထောင့်အမျိုးမျိုးကနေ ကြည့်ရင်တော့ ကောင်းတယ်လို့ ဆိုနိုင်ပေမယ့် အသေးစားလုပ်ငန်းတွေ အတွက်ကတော့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

  • ဝန်ထမ်းတွေကို အပြင်မှာထိတွေ့ဆက်ဆံမှု မရှိဘဲ လုပ်ငန်းစီမံ ခန့်ခွဲတာတွေကြောင့် အားနည်းတဲ့လုပ်ငန်း လုပ်ဆောင်ချက် တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သူတို့ ရုံးတက်ရောက်တာတွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို ဘယ်လို စိတ်ချရနိုင်မလဲ။
  • မစွန့်လွှတ်နိုင်သေးတဲ့ လုပ်ငန်း အုပ်ချုပ်ရေးစနစ် တစ်ခုလို့ပြောရမယ့် သမားရိုးကျ စာရွက်စာတမ်းတွေနဲ့ စီစစ်ပြီး ခန့်ခွဲတဲ့ စနစ်က အနေဝေးနေတဲ့ ဝန်ထမ်းတွေကို အုပ်ချုပ်တဲ့နေရာမှာတော့ တော်တော်လေးကို မဖြစ်နိုင်တဲ့ ကိစ္စဖြစ်နေပါတယ်။
  • သတင်းအချက်အလက်တွေကို ဒီဂျစ်တယ်ပိုင်းနည်းပညာဘက် ပြောင်းလဲလိုက်ခြင်းကလည်း ဥပဒေပိုင်းဆိုင်ရာ ပြဌာန်းချက် တွေမှာ ပြောင်းလဲမှုရှိလာနိုင်တဲ့အတွက် လုပ်ငန်းနဲ့ပက်သက်ပြီး စည်းကမ်းလိုက်နာမှု တွေကလည်း မြင့်တက် လာနိုင်ပါတယ်။
  • ဒီဂျစ်တယ်စနစ် မဟုတ်တာတွေကြောင့် အတွေ့အကြုံနည်းပါးတဲ့ဝန်ထမ်း တွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်အသစ် အခြေအနေလုပ်ဆောင်ချက် အသစ်တွေမှာ လိုအပ်တာတွေကို လုပ်ဆောင်ဖို့ လိုအပ်ချက်တွေ ရှိလာနိုင်ပါတယ်။

နောင်အနာဂတ်အတွက် HR တွေရဲ့ အခန်းကဏ္ဍကဘာဖြစ်လာမလဲ

ကူးစက်ရောဂါကြောင့် မလိုအပ်တဲ့ အပိုကိစ္စရပ်တွေ ဖြစ်ပွားမှု မြင့်တက် လာတာကိုလည်း အားလုံးက သတိထားနေရတာ ဖြစ်ပါတယ်။ ဝန်ထမ်းတော်တော် များများနဲ့ အဓိကသက်ဆိုင်တဲ့ ကိစ္စဖြစ်ပြီးတော့ ဖြစ်လာနိုင်တဲ့ အကြောင်းအရင်း ကလည်း နှစ်ချက်ရှိပါတယ်။ အလုပ်ရုံတော်တော်များများကလည်း အခုအချိန်ထိ အကျိုးအမြတ်ရဖို့ တော်တော်လေး ဖိအားများနေပြီးတော့ ဝန်ထမ်းလျှော့ချမှုတွေကို ဆက်လုပ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ လုပ်ဆောင်ချက်တွေကို ဒီဂျစ်တယ်စနစ် ပြောင်းလဲ နေတာကလည်း သမရိုးကျလုပ်ရိုးလုပ်စဉ်တွေကို အပိုအလုပ်တစ်ခုလို ဖြစ်လာစေပါတယ်။

၂၀၂၀ ကမ္ဘာ့စီးပွားရေးဖိုရမ် ရဲ့ အနာဂတ်လုပ်ငန်းခွင် လေ့လာမှုနဲ့ပက်သက်ပြီးတော့ အနာဂတ်ကာလမှာ မလိုအပ်တော့မယ့် ထိပ်တန်းအလုပ်အပို ၁၀ ခုကိုချပြခဲ့ပါတယ်။ HR ကျွမ်းကျင်သူတွေကလည်း အဲ့ဒီအလုပ် ၁၀ ခုမှာ ပါဝင်နေပါသေးတယ်။ ၂၀၁၉ ခုနှစ် KPMG 2019 ရဲ့ စစ်တမ်းတွေအရ ၂၀၁၉ ခုနှစ်အတွက် HR တွေရဲ့ ၆၀ ရာခိုင်နှုန်း လောက်က ဒီဂျစ်တယ်စနစ် ကူးပြောင်းဖို့အတွက် အစီအစဉ်မရှိဘူးလို့ သိရပါတယ်။  ရှေ့ဆောင်စီးပွားရေး လုပ်ငန်းနည်းစနစ်တွေထဲမှာ လုပ်ခလစာ စီမံပေးတာနဲ့ ဝန်ထမ်းတွေကို စီစဉ်စစ်ဆေးပေးတဲ့ HR နည်းပညာတွေ ပါဝင်နေတဲ့အတွက် တတိယမြောက် စက်မှုတော်လှန်ရေးနဲ့ ယှဉ်လိုက်ရင်လည်း တော်တော်လေးကို သိသာ ကွဲပြား နေပါတယ်။

ဒါဆိုရင် စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးအတွက် HR တွေက ဘယ်လိုပုံစံမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ကိုင် နေရမလဲ။ ဒီကိစ္စနဲ့ ပက်သက်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ အမြဲတမ်း ဝန်ထမ်းအကြီးအကဲ Rahm Emanuel ရဲ့ ပြောစကားအရ “ကြုံတွေ့လာရတဲ့ အကြပ်အတည်း ကြီးကြီးမားမားတွေ ကိုလည်း အကျိုးမရှိသလို မဖြုန်းတီး ပစ်လိုက်ပါနဲ့” လို့ပြောကြား ခဲ့ပါတယ်။ ဒီကူးစက်ရောဂါကြီးက HR ကျွမ်းကျင်သူတွေကို တုန်လှုပ်စေခဲ့တာမှန်ပေမယ့် ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းပြီး ကိုယ့်အတွက်အကျိုးရှိအောင်လုပ်ဖို့ အခွင့်အလမ်းတွေ ပေးခဲ့တာဆိုလည်း ဟုတ်ပါတယ်။

အလိုအလျောက်စက်ရုပ် လုပ်ငန်းစဉ် (RPA)

HR နယ်ပယ်မှာ လက်ရှိအသုံးအများဆုံးဖြစ်နေတာကတော့ အလိုအလျောက် စက်ရုပ်လုပ်ငန်းစဉ် (သို့) RPA ဖြစ်ပါတယ်။ RPA ဆိုတာကတော့ နည်းပညာအသုံးစကား တစ်ခုဖြစ်ပြီးတော့ ရိုးရှင်းတဲ့ လုပ်ငန်းစဉ်တွေကို ကွန်ပြူတာစနစ်အသုံးပြုပြီး ထပ်တလဲလဲ အလိုလျောက် လူသားတွေလို အလုပ်လုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီဂျစ်တယ်စနစ်အသုံးပြုပြီးတော့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကို တုပလုပ်ဆောင်ထားပြီးတော့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်တွေ၊ ပင်ပန်းတာမျိုးတွေ မရှိတဲ့အပြင်၊ တိကျပြီး မြန်ဆန်မှုလည်း ရှိပါတယ်။

West Monroe ရဲ့ စမ်းသပ်လေ့လာချက်တွေအရ ၅၉သော HR မန်နေဂျာတွေဟာ သူတို့ရဲ့ နေ့တစ်ဝက်လောက်စာကို အလိုအလျောက်ခိုင်းစေလို့ရတဲ့ စီမံခန့်ခွဲရေး လုပ်ငန်းတွေလုပ်ပြီး အချိန်ကုန်သွားကြတာ ဖြစ်ပါတယ်။ Cloud-based HR စီမံခန့်ခွဲရေး စနစ်တွေဖြစ်တဲ့ Justlogin လို Software မျိုးနဲ့ RPA တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ အဝေးကနေလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို စီမံခန့်ခွဲဖို့ အချိန်ကုန်သက်သာတဲ့ ဖြေရှင်းချက်တစ်ခုဖြစ်တဲ့ Remote Clock-in လိုမျိုးနဲ့ ဒီလိုကိစ္စတွေကို ဖြေရှင်း နိုင်ပါတယ်။ အလုပ်ခွင်မှာ လိုအပ်ချက်ပိုမိုများပြားလာတဲ့ အပူချိန်တိုင်းတာနဲ့  Mask တပ်တာတွေလိုမျိုး ကိစ္စရပ်တွေကို ဝန်ထမ်းတွေ အတွက် ပိုပြီးအဆင်ပြေ လွယ်ကူစေဖို့ ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

ဒါ့အပြင် ဒီလိုလုပ်ဆောင်ချက်တွေကို HR စီမံခန့်ခွဲရေးစနစ် တွေနဲ့လည်း မကန့်သတ်ထားပါဘူး။ Application Programming Interfaces (APIs) တွေကိုလည်း ငွေစာရင်းနဲ့ လစာပေးဆောင်တဲ့ စနစ်တွေကို ချိတ်ဆက်ထားနိုင်တဲ့အပြင် ကိုယ်တိုင်လည်း ဝင်ရောက် လုပ်ကိုင်လို့ ရပါသေးတယ်။

ဒီဂျစ်တယ်နည်းဖြင့် ဝန်ထမ်းရှာဖွေစုဆောင်းခြင်း

RPA အသုံးပြုတာနဲ့ပက်သက်ပြီး အဓိကဥပမာတစ်ခုကတော့ ဝန်ထမ်းရှာဖွေ စုဆောင်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သမရိုးကျ အနေနဲ့ကတော့ ဒီလိုလုပ်ငန်းစဉ်တွေမှာ သိသာထင်ရှားတဲ့ လုပ်ငန်းလည်ပတ်ပုံနဲ့ လိုတာထပ်ပိုမကုန်စေတဲ့ လုပ်ဆောင်ချက်မျိုးတွေ ပါဝင်ပါတယ်။ ဝန်ထမ်းအသစ်ခန့်အပ်ပြီး အလုပ်မှာနေရာချထားပေးဖို့အတွက် အင်တာဗျူးအချိန်ဇယား စီစဉ်ပေးခြင်း၊ လျှောက်လွှာ စုဆောင်းခြင်း၊ အတည်ပြုချက်များကို ကိုယ်တိုင်ရှာဖွေခြင်းနဲ့ အချက်အလက် စာရွက်စာတမ်းများ ရှာဖွေခြင်း တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

RecruiterPal (JustLogin နဲ့ချိတ်ဆက်အသုံးပြုလို့ရ) လို စနစ်မျိုးနဲ့ ဒီလိုလုပ်ငန်းတွေကို ဒီဂျစ်တယ်အသုံးပြုပြီး လုပ်နေတဲ့အချိန်မှာ HR အနေနဲ့ အချက်အလက်စစ်ဆေးတာတွေ လုပ်စရာမလိုဘဲ ပိုအရေးကြီးတဲ့အလုပ်တွေဖြစ်တဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခြင်း၊ စဉ်းစားတွက်ချက်ခြင်းနဲ့ အချက်အလက်တွေကို ပိုပြီး လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်စွမ်းဆောင်ရည်များကို ယာယီပြသပြီး အကျိုးရှိအောင် ပြုလုပ်ခြင်း

ကူးစက်ရောဂါကြောင့် နောက်ထပ်ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းတစ်ခုကတော့ ပိုလျှံနေတဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို သက်ဆိုင်တဲ့ နေရာတွေမှာ အကျိုးရှိရှိအသုံးချဖို့ ဖြစ်ပါတယ်။ တစ်ကယ်တမ်း စွမ်းဆောင်ရည်ရှိတဲ့သူတွေအတွက် အလုပ်ဆိုတာ မရှိဘဲ မနေတဲ့ အတွက် ဒါတွေက ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းခွင်တွေကို နေရာအနှံ့မှာ ဖြန့်ကျက်ပြီး လုပ်နေကြတဲ့အတွက်လည်း ဝန်ထမ်းတွေအနေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ သူတို့ရဲ့ စွမ်းဆောင်ချက်တွေကို ပြသလို့ရနေပြီ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင်တော့ ကိုဗစ် ကူးစက်ရောဂါဟာ HR ကျွမ်းကျင်သူတွေအတွက် စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးမှာ သူတို့နေရာတွေကို ပိုကောင်းအောင် လုပ်နိုင်ဖို့ အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ဒီလိုအချိန်ကတော့ အပိုကုန်စရာမရှိတဲ့ လုပ်ငန်းလိုအပ်ချက်တွေနဲ့ ထပ်တလဲလဲလုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေကို နည်းပညာအစားထိုး လုပ်ဆောင်သင့်တဲ့ အချိန်ဖြစ်နေပါပြီ။ ဒါ့အပြင် ဝန်ထမ်းတစ်ဦးချင်း လိုက်စုဆောင်းတာတွေကို ဒီဂျစ်တယ်စနစ်နဲ့ လုပ်ကိုင်နိုင် လာသလို ကိုယ့်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေကိုလည်း သက်ဆိုင်ရာနယ်ပယ်တစ်ခုမှာ ခဏတာ ပြသနိုင်မယ့် အခွင့်အလမ်း တွေလည်း ရှိနေတာ အမှန်ပါပဲ။

JustLogin နှင့်အတူ Cloud-based HR ကို စတင်လိုက်ပါ

JustLogin ဟာ Cloud based HR application တခုဖြစ်ပါတယ်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် သူတို့ရဲ့ လစာပေးစနစ်တွေ၊ ခွင့်၊ ရုံးတက်စာရင်း၊ အသုံးစရိတ်နှင့် အကျိုးခံစားခွင့်တွေကို စီမံခန့်ခွဲရာမှာ အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ထောင်ချီတဲ့ စီးပွားရေးလုပ်ငန်းတွေကို သူတို့ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းအားပိုမိုမြင့်မားလာအောင် သူတို့ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေ ပိုမိုကောင်းမွန်လာအောင် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရုံးတစ်ခု၊ စားသောက်ဆိုင်တစ်ခု၊ လက်လီဆိုင်တစ်ခု၊ ဂိုထောင်တစ်ခုမှာ အလုပ်လုပ်နေရရင်လည်း ကိစ္စမရှိပါဘူး အိမ်ကနေ အလုပ်လုပ်နေရရင်တောင်မှ ကိစ္စမရှိတော့ပါဘူး။ JustLogin ကို ဒီနေ့ပဲ http://mm.justlogin.com/my/free-trial/ မှာ စမ်းသုံးကြည့်လိုက်ပါ။

Related Stories

Arrow-up