Reading:
Background Screening ဘယ်လိုလုပ် ကြလဲ?

Image

Background Screening ဘယ်လိုလုပ် ကြလဲ?

by Yi Ting
ဇူလိုင် 28, 2020

ဝန်ထမ်းခန့်အပ်တဲ့ ကိစ္စတွေနဲ့ပက်သက်ပြီး အလုပ်ရှာတဲ့သူတွေအနေနဲ့ “စစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီးတာနဲ့ ပြန်ဆက်သွယ်လိုက်ပါ့မယ်” ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ Background Screening ဒါမှမဟုတ် Background Check ဆိုတာကတော့ သူတို့ခန့်အပ်မယ့် အလုပ်လာရှာတဲ့သူဟာ တာဝန်ယူလုပ်ဆောင်ရမယ့် အလုပ်တွေကိုလုပ်ဖို့ အရည်အချင်းရှိရဲ့လား၊ မှတ်တမ်းတွေရှိလား စတာတွေကို ကြည့်ပြီး လေ့လာဆန်းစစ်တာ ဖြစ်ပါတယ်။

Background Screening ဘာကြောင့်လုပ်ကြတာလဲ?

နောက်ကြောင်းပြန်စစ်ဆေးခြင်း ဒါမှမဟုတ် ပြန်ဆန်းစစ်ခြင်းဆိုတာကတော့ အလုပ်ရှင်တွေအတွက် အရေးပါပြီးတော့ ခန့်အပ်ဖို့အလားအလာရှိတဲ့ သူကို သူတို့ကိုယ်တိုင်ထက် သူတို့နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို စစ်ဆေးတာဖြစ်ပါတယ်။ သေသေချာချာ မစစ်ဆေးဘူးဆိုရင်တော့ အလုပ်အပေါ် တာဝန်ယူနိုင်စွမ်းမရှိတဲ့ ဝန်ထမ်းတစ်ယောက်ကို ခန့်အပ်လိုက်တာက ရေရှည်အတွက် ကုမ္ပဏီမှာ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်သွားစေနိုင်ပါတယ်။ (Resume တွေရဲ့ ၄၆% ကျော်ကျော်လောက် မှာလည်း မကိုက်ညီတဲ့အချက်အနည်းဆုံး တစ်ခုကတော့ ပါစမြဲပါပဲ) ဒါ့အပြင် အခုလို မှားယွင်းပြီးအလုပ်ခန့်အပ်လိုက်တာက လစာရဲ့ ၂.၅ ဆလောက်လဲ ကုန်ကျပါသေးတယ်။

Background Screen ပြန်လုပ်ဖို့လိုအပ်တဲ့ မပြည့်မစုံဖြစ်တဲ့အရာတွေကတော့

လျှောက်ထားသူရဲ့ အထောက်အထား

အရင်ကလုပ်ငန်းအတွေ့အကြုံ

ပြစ်မှုဆိုင်ရာအကြောင်းအရာများ

ပညာအရည်အချင်း

လူမှုဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများ

လျှောက်ထားသူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများပဲ ဖြစ်ပါတယ်။

ဝန်ထမ်းရှာတဲ့ သူတွေအနေနဲ့ ဒီလိုပြဿနာတွေကို စုံစမ်းဖို့က ခက်ခဲပြီးတော့ ဒီလိုစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးမယ့် တခြားအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီလို ဝန်ဆောင်မှုတွေကကော ယုံကြည်စိတ်ချရရဲ့လား?

ပြင်ပအဖွဲ့အစည်းတွေနဲ့ Background Screening ဘာကြောင့်လုပ်တာလဲ?

(၁) ရှုပ်ထွေးတဲ့ စည်းမျဉ်းသတ်မှတ်ချက်များ

ပြည်တွင်းက အလုပ်လာလျှောက်တဲ့သူတစ်ယောက်အတွက် ဆိုရင်တော့  နောက်ကြောင်းစုံစမ်းရတာက ရိုးရှင်းပေမယ့် နိုင်ငံခြားသားတစ်ယောက်သာ ဖြစ်မယ်ဆိုရင်တော့ ဥပဒေရေးရာတွေ အပါအဝင် လုပ်ဆောင်ရတာတွေကလည်း ရှုပ်ထွေးနေမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ ကိုင်တွယ်ရမှာ ဖြစ်တဲ့အတွက် ပြင်ပအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်တာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။

(၂) အချိန်ကုန်သက်သာစေပါတယ်

Background Screening လုပ်နေတဲ့အချိန်မှာ HR Department အနေနဲ့ အခြားအလုပ်တွေဖြစ်တဲ့ လစာတွက်ချက်ပေးတာတွေအပြင် နောက်ထပ်အလုပ်လာလျှောက်တဲ့သူတွေနဲ့ပါ ဆွေးနွေးနိုင်ပါသေးတယ်။ အပြင်က Screening ပြုလုပ်ပေးတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေအနေနဲ့လည်း ဒီလိုကိစ္စနဲ့ အချက်အလက်တွေကို သေသေချာချာနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) အစီရင်ခံစာတင်ခြင်း

ဝန်ထမ်းစုဆောင်းပေးတဲ့သူ ဒါမှမဟုတ် အင်တာဗျူးတဲ့သူအနေနဲ့ အလုပ်လာလျှောက်တဲ့သူနဲ့ စကားပြောရတဲ့အတွက် ဒီလိုအချိန်အတွင်းမှာ သူ့ရဲ့ပြောစကားတွေကို ကြိုတင်ခန့်မှန်းထားတာတွေ ဖြစ်နိုင်ပါတယ်။ ပြင်ပကုမ္ပဏီတွေကို နောက်ကြောင်းစီစဉ်ခိုင်းတဲ့အခါမှာတော့ အခုလို ဘက်လိုက်မှုတွေကို လျှော့ချတာ ဒါမှမဟုတ် ဘက်လိုက်မှု မရှိစေတာဆိုတဲ့ အချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

Background Screening လုပ်ဆောင်ပေးသူများအတွက် မေးခွန်းမျာ:

အများကြီးစဉ်းစားပြီးသွားတဲ့နောက်မှာတော့ လုပ်ဖို့ဆုံးဖြတ်လိုက်မှာပါ။ နောက်ကြောင်းစစ်ဆေးတာတွေအတွက် သေချာကျွမ်းကျင်တဲ့သူနဲ့ အခု လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။ အခု မေးရမယ့် မေးခွန်းကတော့ ဘယ်တစ်ခုကိုရွေးချယ်ရမလဲ ဆိုတာပါပဲ။ Background Screening လုပ်ပေးတဲ့ ကုမ္ပဏီတွေ အများကြီးရှိတဲ့အတွက် ဘယ်တစ်ခုကိုရွေးရမယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ? ပြောပြပေးရမယ်ဆိုရင်တော့ အလုပ်မအပ်ခင် အခုလိုမေးခွန်းတွေကို မေးသင့်ပါတယ်။

(၁) ဘယ်လောက်ကုန်ကျမလဲ? တစ်ခြားဘယ်လိုမျိုးတွေရနိုင်ဦးမလဲ?

(၂) အချိန်ဘယ်လောက်ကြာမလဲ?

(၃) Background Screening လုပ်ဖို့အတွက် ဘယ်လိုရွေးချယ်စရာတွေရှိဦးမလဲ?

(၄) အေဂျင်စီတွေအနေနဲ့ ရှုပ်ထွေးတဲ့ကိစ္စတွေကိုကော ကိုင်တွယ်ဖြေရှင်းနိုင်မလား?

(၅) အေဂျင်စီတွေနဲ့ အချက်အလက်သိမ်းဆည်းမှုတွေကကော ဘယ်လောက်ထိလုံခြုံမှုရှိမလဲ?

(၆) တခြားနိုင်ငံတွေက သတင်းအချက်အလက်ကာကွယ်ရေးဉပဒေတွေကိုကော လိုက်နာနိုင်မလား?

ကုမ္ပဏီတွေကိုလည်း စစ်ဆေးပေးနိုင်ပါတယ်

အခြားကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ အခါမှာလည်း အစုရှယ်ယာပမာဏများနေတာကလည်း စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်။ လက်တွဲလုပ်ကိုင်နေရတဲ့ ကုမ္ပဏီက ယုံကြည်စိတ်ချရရဲ့လား ဆိုတာကို သိချင်မှာပါပဲ။ လိမ်လည်ထားတာ ရှိတယ်ဆိုရင်လည်း နောက်ကြောင်းတွေ ပြန်လည်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ကြောင်း သေချာလေ့လာပြီးတော့ လက်တွဲပူးပေါင်းတာက ပိုပြီးတော့ အောင်မြင်ကြပါတယ်။ အခုပြောပြပေးမှာ တွေကတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် Background Check ပြုလုပ်သင့်တဲ့ အချက်တစ်ချို့ ကို ပြပေးလိုက်ပါတယ်။

(၁) ရောင်းသူအသစ်များနှင့် ဝယ်ယူလိုသူများ

ရောင်းသူအသစ်တွေနဲ့ ဝယ်လိုသူအသစ်တွေကို လက်ခံညှိနှိုင်းပေးတာက စီးပွားရေးအရ အားထုတ်မှု တစ်ခုဖြစ်ပြီးတော့ သူတို့နဲ့အတူ အလုပ်တွဲမလုပ်ခင် သူတို့အကြောင်းကို နားလည်ထားနိုင်တာက ပိုပြီးတော့လည်း သဘောဝကျပါတယ်။

(၂) ပေါင်းစည်းခြင်း

တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေ အနေနဲ့ မိတ်ဆွေကို စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ပက်သက်ပြီး တန်ဖိုးရှိတဲ့ နည်းလမ်းတွေနဲ့ ထိုးဖောက်နိုင်အောင် လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) စီးပွားဖြစ်ချေးငွေများ

ကုမ္ပဏီအနေနနဲ့ ယူထားတဲ့ ချေးငွေတွေကို ပြန်ဆပ်နိုင်ခဲ့ရဲ့လား ဆိုတဲ့ မေးခွန်းမျိုးတွေကိုပါ သိလာစေပါတယ်။

Red Flag  ဆိုတာကို ကြည့်မိသင့်ပါတယ်

နောက်ကြောင်းပြန်စစ်ဆေးနေတဲ့ အချိန်အတွင်းမှာ အရင်ကအကြောင်းတွေပေါ်လာခဲ့ရင်တော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ နည်းလမ်းအချို့တော့ရှိပါတယ်။ ဟုတ်ပါတယ် ဘာမှတော့ မဖုန်းကွယ်ထားနိုင်ပါဘူး ဒါပေမယ့် Red Flag ဆိုတာတွေကတော့ ထင်ရှားပါတယ်။

(၁) အခြား လုပ်ငန်း အသိုင်းအဝန်းနဲ ယှဉ်လိုက်မယ်ဆိုရင်တော့ ငွေရေးကြေးရေးပိုင်းမှာ ပိုကောင်းနေမှာ ဖြစ်ပါတယ်။

(၂) ပြောပြထားတာနဲ့ အမှန်တစ်ကယ်အထောက်အထား အတွေ့အကြုံများ ကွာခြားချက်များ ရှိခြင်း။

(၃) ငွေပမာဏအမြောက်အမြားနဲ့ ငွေလွှဲမှုနှုန်းထားတွေကို ငွေကြေးထိန်းချုပ်ရေးစင်တာမှာ စုံစမ်းမယ်ဆိုရင်လည်း ငွေကြေးခဝါချမှုတွေ ဒါမှမဟုတ် အကျင့်ပျက်ခြစားမှုတွေကို ဖော်ပြပေးနိုင်ပါသေးတယ်။

(၄) ဝန်ထမ်းမရှိတာ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းအတွက် အမြဲတမ်းလုပ်ရမယ့် ရည်မှန်းချက်တစ်ခုမရှိတာကလည်း ကုမ္ပဏီရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။

(၅) ပုံမှန်မဟုတ်တဲ့ ဥပဒေစည်းမျဉ်းတွေပါဝင်တဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေ၊ အခွင့်အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ ဒီလိုကိစ္စရပ်တွေအတွက် လွယ်လွယ်ရှင်းပြလို့တော့ မရပါဘူး။

ပြဿနာဖြစ်နိုင်တာတွေကို တွေ့ပြီဆိုတာနဲ့ ရှေ့ဆက်မယ့်လုပ်ငန်းတွေကို အနည်းငယ်ကြိုတင်နောက်ဆုတ်နိုင်မှာ ဖြစ်ပြီးတော့ စိုးရိမ်ပူပန်နေစရာမလိုတော့တဲ့အပြင် ငွေကြေးဆုံးရှုံးမှုတွေကိုပါ မဖြစ်အောင် တားဆီးနိုင်ပါတယ်။

Cloud-based HR  Software တစ်ခုဖြစ်တဲ့ JustLogin ကိုအခုပဲ စတင်အသုံးပြုလိုက်ပါ။

JustLogin ဆိုတာကတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ လစာပျက်ကွက်ရက်ရုံးတက်ရက်ကုန်ကျစရိတ်တွေနဲ့ အခြားအကျိုးခံစားခွင့် စီမံခန့်ခွဲမှုတွေကို အလိုအလျောက် တွက်ချက်ပေးနိုင်တဲ့ Cloud-based HR  Application တစ်ခုဖြစ်ပါတယ်။ ရုံးမှာပဲအလုပ်လုပ်တာပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် တစ်ခုမှာ လုပ်တာပဲဖြစ်ဖြစ်၊ အရောင်းဆိုင်တစ်ဆိုင်ဖြစ်ဖြစ်၊ ဂိုဒေါင်တစ်ခုမှာ ဒါမှမဟုတ် အိမ်ကအလုပ်လုပ်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ထောင်ပေါင်းများစွာသောလုပ်ငန်းတွေရဲ့ ကုန်ထုတ်စွမ်းအားတွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ပုံတွေ အများကြီးတိုးတက်လာဖို့အတွက် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ justlogin.com/free-trial ကနေအခုပဲဝင်ပြီးတော့ JustLogin ကို စမ်းသုံးကြည့်လိုက်ပါ။



0 Comments

ပြန်စာထားခဲ့ပါ။

Related Stories

Arrow-up