Reading:
လစာစာရင်းကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် နည်းလမ်း (၅) သွယ်

Image

လစာစာရင်းကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် နည်းလမ်း (၅) သွယ်

by Yi Ting
မတ် 24, 2020

တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လစာစာရင်းကို လစဉ်စီမံခန့်ခွဲဖို့ အချိန်ဘယ်လောက် ယူလေ့ရှိပါသလဲ? သင့်ကုမ္ပဏီမှာ လစာစာရင်းတွက်ချက်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတာမျိုးတွေ ကြုံတွေ့ဖူးပါသလား? ဒါဆိုရင်တော့ သင့်အနေနဲ့ လစာ စာရင်းကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းကောင်းတွေကို သိထားဖို့တော့ လိုအပ်နေပါပြီ။ လစာ စာရင်းကို စီမံခန့်ခွဲစေဖို့ သီးသန့်ဝန်ထမ်းခန့်အပ်ထားသည်ဖြစ်စေ၊ ကိုယ်တိုင်စီမံခန့်ခွဲသည်ဖြစ်စေ ထိရောက်စွာ စီမံကိုင်တွယ်နိုင်စေဖို့ အောက်ပါအချက် (၅) ချက်ကို JustLogin မှ မျှဝေပေးလိုက်ပါတယ်။

၁။ လစာပေးဝေခြင်းနှင့် သက်ဆိုင်သော မူဝါဒများကို နားလည်အောင် သင်ကြားပေးပါ။

မိမိကုမ္ပဏီမှာရှိတဲ့ ဝန်ထမ်းများအားလုံးကို လစာနှင့် သက်ဆိုင်သော မူဝါဒဆိုင်ရာ လမ်းညွှန် စာအုပ်များ ထားရှိပေးပါ။ ဒီလိုထားရှိပေးခြင်းဟာ လုပ်သက်ခွင့်၊ လစာမဲ့ခွင့်စတဲ့ ခွင့်ရက်များ၊ အလုပ်ချိန်များနှင့် ဆက်စပ်သော လစာပေးဝေခြင်းဆိုင်ရာ အငြင်းပွားဖွယ် အခြေအနေများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကုမ္ပဏီမှာ  Human Resource Management System (HRMS) စနစ်ကို ကျင့်သုံးမယ်ဆိုရင်တော့ အထက်ပါလက်စွဲစာအုပ်အပါအဝင် ဝန်ထမ်းများရဲ့ သတင်းအချက်အလက်၊ ကုမ္ပဏီဝန်ထမ်းများ သိသင့်သိထိုက်သော မူဝါဒများကိုပါ System ထဲမှာ ထည့်သွင်းထားနိုင်တာကြောင့် လစာပေးဝေခြင်း၏ ကျင့်ဝတ်၊ မူဝါဒများကို အသိပညာပေး မျှဝေဖို့ အထူးသင့်လျော်ပါတယ်။

၂။ စနစ်တကျရှိပါ။

အခြားစီမံခန့်ခွဲကဏ္ဍများကဲ့သို့ လစာစာရင်းများကို လစဉ်စီမံဆောင်ရွက်တဲ့နေရာမှာ စနစ်တကျရှိခြင်းဟာ အလွန်ကို ထိရောက်တဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ ဥပမာ- မိမိတို့ ကုမ္ပဏီမှာ တိကျသေသပ်တဲ့ စနစ်တစ်ခုမရှိဘူးဆိုရင် လကုန်ခါနီး လစာစာရင်းနေဆွဲနေချိန်ရောက်မှ ဝန်ထမ်း များရဲ့ ခွင့်ရက် အပြောင်းအလဲ၊ အလုပ်ချိန်အပြောင်းအလဲများကြောင့် ဝေဝါးပြီး အခက်အခဲများစွာ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် လစာစာရင်းကို စနစ်တကျရှိစေဖို့ ဝန်ထမ်းများအားလုံးအတွက် အလိုလျောက် Deadline နှင့်အတူ သတိပေး Reminder ထားရှိပေးပြီး Timesheet တင်စေတာမျိုး ဖြစ်သင့်ပါတယ်။ ဒါ့အပြင် လစာစာရင်းနှင့်ပတ်သက်သော အစီရင်ခံစာများကိုလည်း စနစ်တကျထားရှိခြင်းဖြင့် ရေရှည်အတွက် လိုအပ်သလို ခြေရာခံ ပြန်လည်စစ်ဆေးဖို့ကိုလည်း များစွာ အထောက်အကူပြုပါတယ်။

၃။ အချိန်ဟာ ငွေပါ။

လစာစာရင်း စီမံခန့်ခွဲဖို့အတွက် လုံလောက်တဲ့ အချိန်ပမာဏတစ်ခုလိုအပ်ပါတယ်။ ဝန်ထမ်းများရဲ့ လစာကို အချိန်မှန်ပေးခြင်းဟာ ကုမ္ပဏီနှင့် ဝန်ထမ်းများကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေသလို ယုံကြည်မှုအပြန်အလှန် တည်ဆောက်ရာမှာလည်း အလွန်အရေးပါပါတယ်။ ဒါကြောင့် လစာစာရင်းများ တွက်ချက်ဖို့နှင့် စီမံခန့်ခွဲဖို့အတွက် လုံလောက်တဲ့ အချိန်ပမာဏကို သတ်မှတ်ထားခြင်းဟာ ကုမ္ပဏီများအောင်မြင်ရေးအတွက် အရေးပါတဲ့ အချက် တစ်ခုဘဲဖြစ်ပါတယ်။

၄။ လစာစာရင်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်အား ချိန်ညှိပါ။

လစာစာရင်းစီမံခန့်ခွဲရေး  payroll software ရဲ့ အရေးပါပုံကို အားလုံးသိထားပြီးဖြစ်လို့ အထူးမပြောလိုတော့ပါဘူးနော်။ ဒါ့အပြင် လစာစာရင်းစီမံရာမှာ အရေးပါတဲ့လုပ်ငန်းဆောင်တာများ ဖြစ်တဲ့  time attendance နှင့် leave management system စနစ်များကိုလည်း အသုံးပြုပြီး ချိန်ညှိ ဆောင်ရွက်သင့်ပါတယ်။  ဒီလို ချိန်ညှိဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများရဲ့ နေ့စဉ် ရုံးတက်၊ ရုံးဆင်း စတဲ့ စာရင်းများကို လစာစာရင်းတွက်ချက်ရာမှာ သီးသန့်လွှဲပြောင်းရန် မလိုတော့တာကြောင့် ငွေကြေးတွက်ချက်မှုဆိုင်ရာ အမှားအယွင်းများကို လျော့ပါးစေသလို အချိန်ကုန်လည်းသက်သာစေ ပါတယ်။

၅။ နည်းဥပဒေအသစ်များကိုလည်း အမြဲ Update ဖြစ်နေပါစေ။

လစာစာရင်းတွက်ချက်ရာမှာ အများဆုံးတွေ့ရတဲ့ အမှားကတော့ ပြောင်းလဲသွားနဲ့ နည်းဥပဒေသ အသစ်များနှင့် လိုက်လျောညီထွေမရှိခြင်းဘဲဖြစ်ပါတယ်။ နောက်ဆုံးပေါ် ပြောင်းလဲသွားတဲ့ ဥပဒေအပြောင်းအလဲများဖြစ်တဲ့ လုပ်ခလစာ၊ Overtime ကြေးအပြောင်းအလဲစသော ဥပဒေ၊ မူဝါဒအသစ်များကိုလည်း အမြဲလေ့လာပြီး လစာစာရင်းတွက်ချက်ရာမှာ လိုက်လျောညီထွေရှိစေဖို့ ကြိုးစားစီမံသင့်ပါတယ်။ နည်းဥပဒေအသစ်များ အမြဲ Update ဖြစ်နေခြင်းဟာ လစာစာရင်းကို တွက်ချက်ရာမှာ ပိုမိုထိရောက်သလို မလိုအပ်တဲ့ အငြင်းပွားဖွယ်အခြေအနေများကိုလည်း ရှောင်ရှား နိုင်မှာ ဖြစ်ပါတယ်

Related Stories

Arrow-up