Reading:
ဝန်ထမ်းတွေရဲ့ တွေ့ကြုံခံစားရမှုကို ဘယ်လိုမျိုး သင့်တင့်အောင်ဆောင်ရွက်မလဲ

Image

ဝန်ထမ်းတွေရဲ့ တွေ့ကြုံခံစားရမှုကို ဘယ်လိုမျိုး သင့်တင့်အောင်ဆောင်ရွက်မလဲ

by Sithu
မတ် 22, 2021

အားလုံးပြောကြသလိုပဲ လူတွေဆိုတာ လုပ်ငန်းတိုင်းရဲ့ အဓိကကျတဲ့လုပ်အားတွေ ဖြစ်ပါတယ်။ သူတို့တွေသာမရှိဘူးဆိုရင် မိတ်ဆွေရဲ့ လုပ်ငန်းကိုဆက်ပြီး လည်ပတ်အောင်လုပ်နိုင်ဖို့က တော်တော်လေး ခက်ခဲသွားမှာပါ။ သဘောကတော့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံပိုင်းဆိုင်ရာက ဘယ်ကုမ္ပဏီအတွက်မဆို အဓိကကျတဲ့ အခန်းကဏ္ဍကပါဝင်နေတာ ဖြစ်ပါတယ်။

Dan Pink ပြောနေကျစကားလေးကို ကောက်နုတ်ပြီးပြောပြရမယ် ဆိုရင်တော့ “အဖွဲ့အစည်းတွေက အရည်အချင်းရှိတဲ့သူတွေကို လိုအပ်တယ်ဆိုတာထက် အရည်အချင်းရှိတဲ့သူတွေက အဖွဲ့အစည်းတွေကို ပိုပြီးလိုအပ်တာပါ။”

ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုလိုမျိုးတွေ ရရှိအောင်လို့ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ် ခဲ့ကြပါတယ်။ ဒါပေမယ့် ကျေနပ်လောက်စရာကောင်းတဲ့ ရလာဒ်တွေတော့ မရရှိခဲ့ကြပါဘူး။ ဒါကြောင့် Gallup ရဲ့ အမေရိကန် ပြည်ထောင်စုလုပ်ငန်းခွင် နဲ့ပက်သက်ပြီး အစီရင်ခံစာတွေအရ ဝန်ထမ်း ၃၃ ရာခိုင်နှုန်း လောက်ကပဲ လုပ်ငန်းမှာ စိတ်ဝင်စား ကြပါတယ်လို့ ပြောထားပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေထဲက အကောင်းဆုံးဆိုတဲ့ ဝန်ထမ်းတွေကို ပြန်လိုချင်တယ်ဆိုရင်တော့ အချက် တစ်ချက်တည်း ကြည့်လို့မရတော့ပါဘူး လုပ်ငန်းစဉ်တစ်ခုလုံးကို အစကနေ အဆုံးအထိ ကြည့်ဖို့ လိုအပ်ပါတယ်။

ဒီတော့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံဆိုတာဘာလဲ ကိုယ့်ရဲ့လုပ်ငန်းမှာ သူတို့ရဲ့လုပ်ငန်းအတွေ့အကြုံတွေကို တိုးတက် လာအောင် ဆိုရင် ဘာတွေလုပ်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်။

တကယ့် ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံဆိုတာ ဘာလဲ?

ဝန်ထမ်းတွေရဲ့ အလုပ်အပေါ်စိတ်ဝင်စားမှုနဲ့ စိတ်ကျေနပ်မှုတွေ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ အဲ့ဒီလိုပါပဲ စားပွဲတင် တင်းနစ် ကစားတာတွေနဲ့ လက်ဖက်ရည်တွေအဆင်သင့် ထားထားတဲ့ အလုပ်ခွင်အကျိုးခံစားခွင့်မျိုး မဟုတ်တာကလည်း သေချာပါတယ်။

တစ်ကယ်တော့ ဖောက်သည်တွေရဲ့လိုအင်တွေနဲ့ ပိုပြီးကိုက်ညီမှုရှိတဲ့ အရာလို့ပြောရင် ပိုမှန်ပါတယ်။ မိတ်ဆွေရဲ့ အလုပ်ချိန်ဆိုတာ အပြန်အလှန် အကျိုးပြုမှုပေါင်းများစွာနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ “အတွေ့အကြုံ” ဆိုတာကတော့ ဒီလိုအခြေအနေတွေ အားလုံးရဲ့ အဖြေတစ်ခုဖြစ်ပါတယ်။ လျှောက်လွှာစတင်လိုက်တဲ့ အချိန်ကနေစပြီးတော့ ကိုယ်ထွက်သွားတဲ့ အချိန်အထိလို့ ပြောလို့ရပါတယ်။

ပြောရရင်တော့ ဝန်ထမ်းတစ်ယောက်အနေနဲ့ မိတ်ဆွေရဲ့ ကုမ္ပဏီအပေါ်မှာ ဘယ်လိုစိတ်ထားမျိုးနဲ့ အလုပ်လုပ်တယ် ဆိုတာကို ပြောတာဆိုရင်လဲ မမှားပါဘူး။ ဒီလိုကိစ္စမျိုးနဲ့ပက်သက်ပြီးတော့ ဝန်ထမ်းတွေရဲ့အတွေ့အကြုံတွေကို ဖော်ပြလေ့ရှိတဲ့ အဓိက အချက်အချာကျတဲ့ အချက်သုံးချက်ရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) မိတ်ဆွေရဲ့ လုပ်ငန်းလည်ပတ်ပုံ

(၂) မိတ်ဆွေရဲ့ အလုပ်ခွင်ပတ်ဝန်းကျင်နဲ့

(၃) အသုံးပြုတဲ့ နည်းပညာတွေပဲ ဖြစ်ပါတယ်။

ဖော်ပြခဲ့သလိုအချက်အလက်တွေ မရှိတာတို့ အသုံးမပြုတာတို့ဆိုရင်တော့ ဝန်ထမ်းတွေနဲ့ ပက်သက်ပြီးတော့ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ လုပ်ငန်းခွင်ကိုပုံမှန်လည်ပတ်စေချင်ပြီးတော့ တိုးတက်စေချင်တဲ့ လုပ်ငန်းတိုင်းအတွက် ဒီလိုအချက် တွေနဲ့ ဟန်ချက်ညီနေဖို့ လိုအပ်ပါတယ်။

ဘာလို့ လုပ်ငန်းမှာလိုအပ်တာလဲ?

ယနေ့ခေတ်ရဲ့ လုပ်ငန်းခွင်တွေဆိုတာ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က လုပ်ငန်းခွင်တွေနဲ့ယှဉ်ရင်တောင် တော်တော်လေး ကွာခြားလှပါတယ်။ ဘဝနေထိုင်ဖို့ အလုပ်ရှိရမယ်ဆိုတဲ့ စိတ်ကူးမျိုးက အတိတ်မှာကျန်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းရေးရာ ဌာနရဲ့ စာရင်းဇယားတွေထဲက ဝန်ထမ်းသက်တမ်းမှတ်တမ်းမှတ်ရာ တွေအရ အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အထိ ဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှအလုပ်ချိန်ဟာ ၂.၈ နှစ်အထိရှိပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါနဲ့ပက်သက်တာတွေကတော့ အပိုင်း နှစ်ပိုင်းရှိပါတယ် ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းစုဆောင်းဖို့အတွက် ငွေကြေးရင်းနှီးသုံးစွဲဖို့ လိုအပ်မှာဖြစ်ပြီးတော့ အပြောင်းအလဲ တွေ များလာတာက ဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထားနဲ့ လုပ်ပုံကိုင်ပုံတွေကို ပျက်စီးစေပါတယ်။

ဒါ့အပြင် အလုပ်ကိုဘယ်လိုမျိုးလုပ်မယ်ဆိုတာနဲ့ အလုပ်ကနေ မျှော်လင့်နေတာတွေကလည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အလုပ်မှာ စိတ်ဝင်စားမှုမရှိဘူးဆိုတာကတော့ ရုံးပိတ်ရက်မရောက်မချင်း ကျန်နေသေးတဲ့နေ့တွေကို ရေတွက်နေတာမျိုးလည်း ပါပါတယ်။ ဒီနေ့ခေတ်ဝန်ထမ်းတွေကတော့ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို လေ့လာ ရင်ဆိုင်ပြီးတော့ သူတို့ရဲ့ အလုပ်မှာ အတွေ့အကြုံတွေ လိုချင်ကြတာ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော သူတို့ကိုယ်တိုင်ကိုက သူတို့လုပ်ငန်းရဲ့ ဖော်သည်တွေပါပဲ။

စီးပွားရေးလုပ်ငန်းတွေအတွက် တစ်ကယ်တော်တဲ့အပြင် နာမည်ကောင်းရှိပြီးတော့ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေကို ရရှိထားတာက လုပ်ငန်းနဲ့ပက်သက်ပြီး စိတ်ကျေနပ်မှုတွေ ရှိလာမှာဖြစ်သလို လုပ်ငန်းလည်ပတ်ပုံ တိုးတက်တာနဲ့ သစ္စာရှိတဲ့ ဝန်ထမ်းတွေ ပိုပြီးရရှိလာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုကြီးမှတ်ထားရမယ်လို့တော့ မဟုတ်ပြန်ပါဘူး။ သက်သေအထောက်အထားတွေအရတော့ ဝန်ထမ်းတွေအတွက် အမြင့်မားဆုံးပြုလုပ်ပေးကြတဲ့ ကုမ္ပဏီတွေဟာ နှစ်စဉ်ဝင်ငွေတိုးတက်မှုနှုန်းကလည်း တိုးပွားနေတာ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ Glassdoor မှာအဆင့်သတ်မှတ်ချက်တွေပေးပြီး ဝန်ထမ်းတွေရေးသားဖော်ပြတာကို တိုးတက်အောင် ပြုလုပ်ပေးတဲ့ ကုမ္ပဏီက တစ်ခြား အဆင့်သတ်မှတ်ချက် နိမ့်တဲ့ ကုမ္ပဏီထက်စာရင် ပိုပြီးတိုးတက်ပါတယ်။  

ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံပိုင်းဆိုင်ရာကို သင့်တင့်အောင်ဆောင်ရွက်ရန် အဆင့်ဆင့်

အပေါ်မှာပြောထားသလိုပဲ ယနေ့ခေတ်ရဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့အလုပ်ရှင်ပေါ်မှာ မှီခိုမှုအားနည်းလာကြပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ဝန်ထမ်းကို ကိုယ့်အတွက်အလုပ်လုပ်ပေးလာအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။

အဆင့် (၁): ဝန်ထမ်းတွေနဲ့ ရင်းနီးကျွမ်းဝင်မှုကို မှန်မှန်ကန်ကန်လုပ်ဆောင်ပါ။

ဝန်ထမ်းကာလတစ်လျှောက်မှာ အလုပ်ရဲ့ ပထမဆုံးနေ့တစ်နေ့ဟာ အရေးအကြီးဆုံးနေ့တစ်နေ့ ဖြစ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး စိတ်ခံစားချက်နဲ့ လုပ်ပုံကိုင်ပုံတွေကို ကောင်းမွန်ဖို့အတွက် အခွင့်အရေးပေးတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ လေ့လာချက် တွေအရ ဝန်ထမ်းတွေနဲ့ ရင်းနီးကျွမ်းဝင်မှုကို သေချာပြင်ဆင်ထားတဲ့ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေဟာ မယုံနိုင်လောက်အောင်ဘဲ ဝန်ထမ်းသစ်တွေကိုဆက်ထိန်းထားနိုင်မှုက ၈၂ ရာခိုင်နှုန်းအထိ မြင့်မား ပြီးတော့ လုပ်ငန်းတိုးတက်မှုပိုင်းမှာလည်း ၇၀ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပါတယ်။

ပြောင်းလဲမှုသေးသေးလေးဟာလည်း သိသာတဲ့ရလာဒ်တစ်ခု ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာအနေနဲ့ Google ဟာ အချိန်နဲ့တစ်ပြေးညီ စစ်ဆေးနိုင်တဲ့ checklist တစ်ခုကို မန်နေဂျာတွေအတွက် မိတ်ဆက်ပေးလိုက်တဲ့အခါ ဝန်ထမ်းတွေနဲ့ ရင်းနီးပြီးအဆင်ပြေမှုက ၂၅ ရာခိုင်နှုန်းအထိ တိုးတက်လာတဲ့ရလာဒ်ကို ရရှိခဲ့ပါတယ်။

ဝန်ထမ်းတွေနဲ့ ရင်းနီးကျွမ်းဝင်ပြီး အဆင်ပြေစေမယ့် လုပ်ဆောင်ချက်အချို့ကို ဒီမှာဖော်ပြပေးလိုက်ပါတယ်။

  • ပွင့်လင်းသော တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပါ။      
  • အာမခံကနေ အကျိုးခံစားခွင့်တွေအထိ အားလုံးကိုရှင်းရှင်းလင်းလင်း ပြောပြပြီး လေ့ကျင့်သင်ကြားမှုတွေကိုလည်း ပြုလုပ် ပေးပါ။
  • ကုမ္ပဏီရဲ့ လုပ်ပုံကိုင်ပုံကိုကြည့်ပြီး သင့်တော်တဲ့ မိတ်ဆက်ပုံစံလေးတစ်ခုကို ဖန်တီးပါ။

အဆင့် (၂): မကြာခဏ ပွင့်လင်းတဲ့ပြောဆိုဆက်ဆံခြင်းမျိုး ပြုလုပ်ပါ         

လုပ်ငန်းခွင်မှုပြောဆိုဆက်ဆံရတာတွေက လုပ်ငန်းအတွက်အဓိက အသက်သွေးကြောဖြစ်ပြီးတော့ လုပ်ငန်းခွင်ပြင်ပမှာ ပြောဆို ဆက်ဆံသလိုမျိုး လွတ်လပ်တဲ့ပုံစံဖြစ်သင့်ပါတယ်။ မကြာသေးခင်က Gallup လေ့လာချက်အရ ဝန်ထမ်းသုံးပုံနှစ်ပုံကျော်က အရေးကြီးတဲ့ ကုမ္ပဏီသတင်း အချက်အလက်တွေ လိုအပ်နေပြီးတော့ ပုံမှန်အားဖြင့် လုပ်ပိုင်ခွင့်ဘာမှမရှိဘူးလို့ ခံစားကြ ရပါတယ်။  

ဝန်ထမ်းတွေရဲ့ ပြောစကားတွေကို နားထောင်ပြီးတော့ လုပ်ငန်းခွင်နဲ့ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း အားပေးစကား ပြောပေးတာတွေက မိတ်ဆွေအတွက် ပိုပြီးတော့အလုပ်လုပ်ပေးစေချင်လာပါတယ်။ ရလာဒ်အနေနဲ့ မိတ်ဆွေအတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုးရာစွပ်ပြုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Campbells ဟာ ဝန်ထမ်းတွေရဲ့ လုပ်ငန်း အတွေ့အကြုံကို အဓိကထားတဲ့ စနစ်ကိုပြောင်းလဲလိုက်ပြီးတော့ ၃၀ ရာခိုင်နှုန်းလောက် ပိုပြီးအကျိုးထူးလာတာကို တွေ့ရပါတယ်။

လုပ်ငန်းခွင်တွင်း ဆက်ဆံရေးပိုမိုကောင်းမွန်လာစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • ပြောဆိုဆက်ဆံဖို့ နည်းလမ်းတစ်ခုဖန်တီးထားပါ။
  • မှန်ကန်တဲ့ ပြောဆိုဆက်ဆံရေးပုံစံတွေကို ပြုလုပ်ပေးပါ။ အချက်အလက်တွေအရ ဝန်ထမ်းတွေဟာ မေးလ်ဖတ်တာထက် Mobile Apps တွေကြည့်တဲ့ အချိန်ကပိုပြီးများနေပါတယ်။ ဥပမာအနေနဲ့ mobile HR platform တစ်ခုကို အသုံးပြုမယ်ဆိုရင်တော့ ဝန်ထမ်းတွေအနေနဲ့လည်း ၂၄ နာရီ ၇ရက်လုံး Video နဲ့သင်ကြားတာတွေ၊ အစည်းအဝေး သတိပေးချက်တွေနဲ့၊ အချိန်နဲ့တစ်ပြေးညီ ဆက်သွယ်မှုတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
  • ပျော်စရာကောင်းပြီးတော့ စိတ်အပန်းဖြေနိုင်မယ့်ပုံစံမျိုး ပြုလုပ်ပါ။

အဆင့် (၃): အသိအမှတ်ပြုခြင်းနှင့် ဆုချီးမြှင့်ခြင်း

အလုပ်လုပ်ထားတာ ကောင်းတယ်လို့ စကားလေးတစ်ခွန်းပြောလိုက်တာက ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ပိုကောင်းလာတာနဲ့ ပိုတိုးတက်လာဖို့ တော်တော်လေးထိရောက်မှုရှိပါတယ်။ ဒါကြောင့် လေ့လာချက်တွေအရ ၇၉ ရာခိုင်နှုန်းသော ဝန်ထမ်းတွေဟာ သူတို့ကိုတန်ဖိုးမထားတဲ့အတွက် အလုပ်ထွက်ပါတယ်ဆိုတဲ့ အဓိကအကြောင်းပြချက်တွေနဲ့ သိသိသာသာတွေ့လာရတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဝန်ထမ်းတွေအလုပ်ကြိုးစားလုပ်နိုင်ဖို့ ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ သိကြပါတယ်။ ဥပမာအနေနဲ့ပြောရရင် အလုပ်လုပ်ရန်အကောင်းဆုံး ကုမ္ပဏီ ၁၀၀ စာရင်းမှာ နှစ်ခါတောင်ပါဝင်အောင် ပြုလုပ် နိုင်ခဲ့တဲ့ O.C. Tanner မှာ ဆုလာဒ်တွေ၊ တံဆိပ်တွေနဲ့ လက်ဆောင်တွေပေးတဲ့ ဝန်ထမ်းတွေကို အသိအမှတ်ပြုပေးတဲ့ ပရိုဂရမ်တစ်ခု ရှိပါတယ်။  

ကိုယ့်ရဲ့ ဝန်ထမ်းတွေကို အလုပ်ကိုပိုချစ်ပြီး ပိုကြိုးစားလာစေချင်တယ်ဆိုရင် ဝန်ထမ်းတွေကိုအသိအမှတ်ပြုပေးနိုင်တဲ့ ဖော်ပြ ထားတဲ့ အကြံတွေကို အသုံးပြုကြည့်ပါ။

  • အောင်မြင်တဲ့ ဇာတ်လမ်းလေးတွေကို Social Media တွေအသုံးပြုပြီး မျှဝေကြည့်ပါ။
  • ကြုံရင်ကြုံသလို ပုံမှန်ပြောပြပါ ချီးကျူးပါ။
  • ဝန်ထမ်းစုစည်းရာအချိန်တွေမှာ CEO အနေနဲ့ လုပ်ငန်းအောင်မြင်မှုတွေကို ပြောပြပါ။

အဆင့် (၄): လေ့လာစရာတွေနဲ့ တိုးတက်မှုတွေအတွက် ပြုလုပ်ပေးပါ

မိတ်ဆွေရဲ့ ဝန်ထမ်းတွေကို အလုပ်မှာမြဲစေချင်တယ်ဆိုရင်တော့ လေ့ကျင့်မှုတွေနဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေကို ထောက်ပံ့ ပေးဖို့တော့ လိုအပ်ပါတယ်။ LinkedIn ရဲ့  ၂၀၁၈ ခုနှစ် လုပ်ငန်းခွင်လေ့လာရေး အစီရင်ခံစာအရ ၉၃ ရာခိုင်နှုန်းသော ဝန်ထမ်းတွေဟာ သူတို့ရဲ့တိုးတက်မှုတွေကိုသာ ကုမ္ပဏီဘက်က ရင်းနှီးပေးမယ်ဆိုရင်တော့ အဲ့ဒီကုမ္ပဏီကအလုပ်မှာပဲ အတည်တကျ ဖြစ်အောင် နေပေးနိုင်ပါတယ်ဆိုပြီး ပြောထားတာကို တွေ့ရပါတယ်။

ဒါကြောင့် နာမည်ကြီးကုန်စုံဆိုင်လုပ်ငန်း Chain Wegmans ဟာ ဝန်ထမ်းတွေရဲ့တိုးတက်မှု လေ့ကျင့်ရေးတွေအတွက် ဒေါလာ ၅၀ မီလီယံလောက်အသုံးပြုခဲ့ပြီးတော့ အလုပ်လုပ်ဖို့ အသင့်တော်ဆုံးစာရင်းဝင်တဲ့အထိ အမြဲတမ်းအသိအမှတ်ပြုခံနေရတာ ဖြစ်ပါတယ်။

လေ့လာရေးနဲ့ တိုးတက်ရေးတွေကို ပြုလုပ်ပေးဖို့အတွက် ဒီပရိုဂရမ် သုံးခုကို ကြည့်ကြည့်ပါ။

  • ဝန်ထမ်းတွေရဲ့ လေ့ကျင်မှုတွေနဲ့ တိုးတက်ဖို့အတွက်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ပက်သက်ပြီး စကားပြောကြည့်ပါ။
  • ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းနဲ့ မိတ်ဆွေရဲ့ သင်ကြားလေ့လာမှုပရိုဂရမ်ကို ပေါင်းစပ်ကြည့်ပါ။
  • လေ့ကျင့်ရေးလုပ်ငန်းစဉ်တွေဟာ ဝန်ထမ်းတွေရဲ့ အသက်မွေးမှုလုပ်ငန်းတွေအပေါ် ဘယ်လိုမျိုးတိုက်ရိုက် သက်ရောက်မှု ရှိတယ်ဆိုတာကို မြင်သာအောင် ကူညီပြောပြပေးပါ။

အဆင့် (၅): HR လုပ်ငန်းစဉ်တွေကို ပြန်အာရုံစိုက်ပါ။

အလိုအလျောက်လုပ်ဆောင်တဲ့စနစ်၊ စီစစ်လေ့လာချက်တွေနဲ့ AI လိုမျိုး တိုးတက်လာတဲ့နည်းပညာတွေကြောင့် သမရိုးကျ HR လုပ်ငန်းစဉ်တွေဟာ မြန်မြန်ဆန်ဆန် ရိုးရိုးရှင်းရှင်းနဲ့ ပြုလုပ်ပြီးစီးသွားနိုင်တဲ့အတွက် ကျေးဇူးတင်ရပါမယ်။ ဒါ့အပြင် HR Software တွေဟာလည်း ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ပေါင်းစပ်ဖန်တီးပေးနိုင်မှာလဲ ဖြစ်ပါတယ်။ ပုံမှန် ထပ်တလဲလဲလုပ်နေရမယ့် ကိစ္စတွေကိုဖယ်လိုက်မယ်ဆိုရင် HR တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေကို လိုအပ်တာတွေ ထောက်ပံ့ ပေးဖို့နဲ့ လုပ်ငန်းပိုမိုတိုးတက်ဖို့ ပိုပြီးအာရုံစိုက်နိုင်လာမှာပါ။

အသုံးဝင်မယ့်အချက်တစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

  • ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို သိနိုင်အောင် နည်းပညာကိုအသုံးပြုနိုင်တဲ့အတွက် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင် ဖြေရှင်းထားပြီးသား ဖြစ်ပါတယ်။
  • ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို စီစစ်ဖို့အတွက်  HR software တွေကို အသုံးပြုပါ။
  • ဝန်ထမ်းတွေနဲ့ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုဆက်ဆံရမယ်ဆိုတာသိဖို့ရယ် သူတို့ရဲ့ အတွေ့အကြုံတွေကို တိုးတက်လာအောင် လုပ်နိုင်ဖို့နဲ့ ပိုပြီးထောက်ပံ့မှုပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်အောင် စီစစ်လေ့လာချက်တွေကို ဝင်ရောက် ကြည့်ရှုသင့်ပါတယ်။

အဆင့် (၆): အကောင်းမြင်တတ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ပြုလုပ်ပါ

ဝန်ထမ်းတွေအနေနဲ့လည်း သူတို့ရဲ့အလုပ်ကို အဓိပ္ပာယ်ရှိစေချင်တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ဝန်ထမ်းတွေကို ဂရုစိုက်မှု တွေနဲ့ တန်ဖိုးထားမှုတွေ ပြဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ REI အရောင်းဌာနမှာဆိုရင် ဝန်ထမ်းတွေဟာ နှစ်တိုင်းနှစ်တိုင်း “Yay” နေ့လို့ခေါ်တဲ့ ပိတ်ရက်နှစ်ရက် အပိုရရှိမှာ ဖြစ်ပါတယ်။

ပိုပြီးကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခုဖန်တီးဖို့ လိုအပ်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ဖို့ ဝန်ထမ်းတွေကို ကောင်းမွန်တဲ့လုပ်ငန်းပစ္စည်းတွေ ထောက်ပံ့ပေးပါ။ ဒီလို ပစ္စည်းတွေထဲမှာ အလုပ်စားပွဲနဲ့ ကွန်ပြူတာတွေပါသလို ကောင်းမွန်မှန်ကန်တဲ့ Software တွေလဲပါဝင်တဲ့အတွက် သူတို့ရဲ့ လုပ်ငန်း ရည်ရွယ်ချက် ရောက်အောင် အားထုတ်ပြီး လုပ်ဆောင်ပေးနိုင်မှာပါ။
  • အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ပန်းတိုင်တွေကို ဝန်ထမ်းတစ်ယောက်စီတိုင်းရဲ့ လုပ်ဆောင်ပုံတွေနဲ့ ချိတ်ဆက်ပေးပါ။
  • ဝန်ထမ်းစုဆောင်းရေး လုပ်ငန်းစဉ်တွေနဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ လုပ်ငန်းသတ်မှတ်ချက်အမျိုးအစားတွေကိုလည်း ထည့်သွင်းဖော်ပြပေးပါ။

အဆုံးသတ်သုံးသပ်ချက်

ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ပက်သက်လာရင် HR တွေက အဓိကကျတဲ့ နေရာကနေ ဦးဆောင် ပါဝင်နေတယ် ဆိုကတော့ ရှင်းပါတယ်။ နည်းပညာတွေရဲ့ အကူအညီနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းတွေကိုလည်း ထိန်းချုပ်နိုင်ပြီးတော့ စီမံပေးနိုင်တဲ့ နေရာကောင်းတစ်နေရာကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

Cloud-based HR Software တစ်ခုဖြစ်တဲ့ JustLogin ကိုအခုပဲ စတင်အသုံးပြုလိုက်ပါ။

JustLogin ဆိုတာကတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ လစာ၊ ပျက်ကွက်ရက်၊ ရုံးတက်ရက်၊ ကုန်ကျစရိတ်တွေ နဲ့ အခြားစီမံခန့်ခွဲမှုတွေကို အလိုအလျောက် တွက်ချက်ပေးနိုင်တဲ့ Cloud-based HR  Application တစ်ခု ဖြစ်ပါတယ်။ ရုံးမှာပဲအလုပ်လုပ်တာပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် တစ်ခုမှာ လုပ်တာပဲဖြစ်ဖြစ်၊ အရောင်းဆိုင် တစ်ဆိုင် ဖြစ်ဖြစ်၊ ဂိုဒေါင်တစ်ခုမှာ ဒါမှမဟုတ် အိမ်ကအလုပ်လုပ်တာပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ထောင်ပေါင်းများစွာ သောလုပ်ငန်းတွေရဲ့ ကုန်ထုတ်စွမ်းအား တွေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ပုံတွေ အများကြီးတိုးတက်လာဖို့အတွက် ကူညီခဲ့ပြီး ဖြစ်ပါတယ်။ justlogin.com/free-trial ကနေအခုပဲဝင်ပြီးတော့ JustLogin ကို စမ်းသုံးကြည့်လိုက်ပါ။  


0 Comments

ပြန်စာထားခဲ့ပါ။

Related Stories

Arrow-up