Reading:
နေရာရွေ့ပြောင်း လုပ်ဆောင်နိုင်မှုများအတွက် ပိုမိုထိရောက်စေမယ့် HR အက်ပ်လီကေးရှင်း

Image

နေရာရွေ့ပြောင်း လုပ်ဆောင်နိုင်မှုများအတွက် ပိုမိုထိရောက်စေမယ့် HR အက်ပ်လီကေးရှင်း

by Sithu
မတ် 7, 2021

ကိုဗစ် ၁၉ ကြောင့် လုပ်ငန်းလည်ပတ်ပုံပြောင်းလဲခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ရလာဒ်အနေနဲ့ အင်တာနက် အသုံးပြုတဲ့ HR Cloud Solution တွေကိုအသုံးပြုဖို့ကလွဲပြီး တစ်ခြားမရှိတော့ပါဘူး။ နည်းပညာအဆင့်အတန်း မြင့်မားလာတာနဲ့ လုပ်ငန်းခွင်ပြောင်းလဲလာတာတွေက စီမံခန့်ခွဲမှု၊ ဝန်ထမ်းစုဆောင်းမှု၊ အစီအစဉ်ဆွဲတာတွေကို အဓိကထားတဲ့ စံနမူနာသစ် တစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းတွေကို ကောင်းတဲ့ဘက်ကနေ သက်ရောက်မှုရှိပြီးတော့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကြားနေလှုပ်ရှားဆောင်ရွက်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ် (HR) လုပ်ငန်းစဉ် တွေကို စံနမူနာသစ်တစ်ခုအဖြစ် ပြောင်းလဲ လာခဲ့ပါတယ်။

မန်နေဂျာတစ်ယောက်အနေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွဲဝေမှုကို ခွင့်လျှောက်လွှာတွေနဲ့ ဘယ်လိုမျိုးလေ့လာ လုပ်ဆောင်နိုင်မလဲ။

အလုပ်နားချိန်မှာ ဝန်ထမ်းတစ်ဦးက ဘယ်လိုမျိုး ခွင့်ယူဖို့ လျှောက်ထားနိုင်မလဲ။

ကြီးကြပ်တဲ့သူအနေနဲ့ ဝန်ထမ်းတွေရဲ့ အချိန်ဇယားကို စာရွက်စာတမ်းတွေနဲ့ မရှာဖွေဘဲနဲ့ တစ်နေရာတည်းမှာပဲ အရေးကြီးတာကို ဘယ်လိုစုစည်းထားနိုင်မလဲ။

HR နယ်ပယ်ကပြောင်းလဲမှုတွေက ဘာတွေဖြစ်မလဲ

ရွေ့ပြောင်းလုပ်ကိုင်နိုင်သောလုပ်ငန်းခွင်

ဝန်ထမ်းတွေနဲ့ ရုံးခန်းတွေကို နေရာတစ်ကွဲတစ်ပြားဆီ ရွေ့ပြောင်းပြီး အလုပ်လုပ်တဲ့အချိန်ကိုရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပစ္စည်းလိုအပ်ချက်တွေကလည်း မြင့်မားလာပြီးတော့ ခက်ခဲမှုတွေရှိလာပါတယ်။ အဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ရုံးခန်းမှာပဲ ထိုင်ပြီးအလုပ်လုပ်နေရတာမျိုးကို စိတ်ကျေနပ်မှု မရှိကြတော့ပါဘူး။ သူတို့က အချိန်နဲ့အမျှ အချက်အလက်တွေကို သိထားဖို့ လိုအပ်ပါတယ်။ သူတို့အနေနဲ့ ပရောဂျက်တွေကိုလည်း အချိန်နဲ့အမျှ အစီအစဉ်ဆွဲနေဖို့ လိုအပ်ပါတယ်။ ဒီလို အကြောင်းအရာတွေကို ဖြေရှင်းပေးနိုင်မယ့် ခိုင်မာတဲ့ ဖြေရှင်းချက် တစ်ခုကတော့ လုပ်ငန်းလုပ်ဆောင်ချက်တွေကို နောက်တစ်ဆင့် တိုးမြှင့်နိုင်ဖို့ပဲ ဖြစ်ပါတဘယ်။

ဝန်ထမ်းများ၏ အတွေ့အကြုံ

ဝန်ထမ်းတွေဆိုတာကလည်း ကုမ္ပဏီရဲ့ အမှန်တကယ်အဖိုးတန်တဲ့ အရာတွေဖြစ်ပြီးတော့ သူတို့ကပဲ ကုမ္ပဏီကို တန်ဖိုးကျ မသွားအောင် လုပ်ဆောင်ပေးမယ့်သူတွေ ဖြစ်ပါတယ်။ ဝန်ထမ်းတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုးတက် အောင်မြင်အောင် လုပ်ပေးနိုင်တဲ့ အဓိကသော့ချက်ဆိုတာကို အဖွဲ့အစည်းတွေအနေနဲ့ နားလည်စပြုလာပါပြီ။ ကုမ္ပဏီတစ်ခုရဲ့လုပ်ငန်းအောင်မြင်မှုကဝန်ထမ်းတွေပေါ်မှာ၈၅%လောက်သက်ရောက်မှုရှိတယ် လို့ ပြောကြပါတယ်။ ဒီလိုဆိုရင် ဝန်ထမ်းတွေရဲ့ စိတ်ကို လွတ်လပ်ခွင့်မပေးဘဲ ရုံးခန်းထဲမှာပဲ ပိတ်ပင်ထားမယ်ဆိုရင်တော့ အရည်အချင်းရှိတဲ့ ဝန်ထမ်း တစ်ယောက်က ကုမ္ပဏီရဲ့ လုပ်ဆောင်ချက် ကျရှုံးသွားအောင်လည်း ပြုလုပ်မိနိုင်ပါတယ်။

နည်းပညာ အသုံးပြုခြင်း

နည်းပညာအရှိန်အဟုန်မြင့်အသုံးပြုခြင်း က HR နယ်ပယ်မှာ ပြောင်းလဲမှုတွေလုပ်နိုင်ဖို့ ပထမဆုံးခြေလှမ်းဆိုရင်လည်း မမှားပါဘူး။ လူစွမ်းအားအရင်းအမြစ်ဌာန ဆိုတာကတော့ အဖွဲ့အစည်းတိုင်းရဲ့ အဓိကဌာနတစ်ခုဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်တွေ လုပ်ငန်းအတွေ့အကြုံတွေကို ထိရောက်စေနိုင်တဲ့ အရေးကြီးတဲ့ အချက်အလက် တွေ ထိန်းသိမ်း ထားပေးတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နည်းပညာနဲ့ mobile applications (APP) တွေဟာ တိတိကျကျနဲ့  အချက်အလက် တွေကို သေချာကိုင်တွယ်ဖြေရှင်းပေးနိုင်မယ်လို့ လက်ခံထားကြတာ ဖြစ်ပါတယ်။ ဒီလို Tools တွေက ဝန်ထမ်းတွေနဲ့ မန်နေဂျာ တွေကို သူတို့လုပ်ဆောင်ဖို့ လိုအပ်တာတွေကို ပိုပြီးတိတိကျကျဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ ပေးမှာ ဖြစ်ပါတယ်။

HR App များကိုအသုံးပြုခြင်းအတွက် အားသာချက်များ 

တွေကို လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲတဲ့ Tools တွေအဖြစ် အသုံးပြုခြင်းက နေရာတစ်နေရာစီ ရွေ့ပြောင်းလုပ်ကိုင်တဲ့ လုပ်ငန်းခွင်မျိုးအတွက် ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အသုံးပြုဖို့ကလည်း နှိုင်းယှဉ် ကြည့်ရရင် ဈေးမကြီးလှပါဘူး။ အသုံးပြုလို့ လွယ်ကူတဲ့အပြင် အချိန်နဲ့တစ်ပြေးညီလည်း အစီရင်ခံ သတင်း ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ရုံးပျက်ရက် လျှောက်လွှာလို ရိုးရှင်းတဲ့ HR လုပ်ငန်းစဉ်တွေကိုတောင် ပြုလုပ်ပေးနိုင် ပါသေးတယ်။ HR App တွေဖြစ်ကြတဲ့ JustLogin ရဲ့Mobile App တွေနဲ့ဆိုရင် ဖုန်းတစ်လုံးရှိရုံနဲ့ ဘယ်အချိန် ဘယ်နေရာ ကမဆို ဝင်ကြည့်ပြီး ထိန်းချုပ် စီမံနိုင်မှာ ဖြစ်ပါတယ်။ ဒီလို App တွေက တစ်နေရာတည်းမှာပဲ HR နဲ့ပက်သက်တဲ့ လုပ်ဆောင်ချက်တွေကို ပေါင်းစည်း ထားပေးတဲ့ အတွက် အချိန်ကုန်ပြီးတော့ နှေးလဲနှေးတဲ့ Manual စနစ်တွေကို အသုံးပြုစရာ မလိုတော့ပဲ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

မန်နေဂျာများအတွက် အကျိုးကျေးဇူးများ

  • ထိရောက်မှုရှိသော အဖွဲ့လိုက်စီမံမှုစနစ် – မန်နေဂျာတွေ အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ ရုံးပျက်ရက်နဲ့ အဖွဲ့ရဲ့လုပ်ငန်း အစီအစဉ်ဆွဲတာတွေကို ရှင်းရှင်းလင်းလင်းသိနိုင်ပြီးတော့ ပိုထိရောက်မှုရှိရှိ လုပ်ငန်းတွေ ခွဲဝေပေးနိုင်မှာ ဖြစ်ပါတယ်။
  • ပိုပြီးအဆင်ပြေလွယ်ကူစေမယ် – မန်နေဂျာတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို သူတို့အဆင်ပြေတဲ့ အချိန် တွေမှာ ထုတ်ယူလို့ရနိုင်ပါတယ်။ စာရွက်စာတမ်းတွေမလိုဘဲနဲ့ လိုအပ်တဲ့ အချိန်တိုင်းမှာလည်း အချိန်နဲ့ တစ်ပြေးညီ အချက်အလက်တွေကို update ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
  • နေရာဒေသကျော်ပြီး စီမံခန့်ခွဲခြင်း – မန်နေဂျာတွေအနေနဲ့ ဝန်ထမ်းတွေနဲ့ တစ်နေရာတည်း ရှိမနေတာတောင်မှ သူတို့ရဲ့ ရုံးတက်မှတ်တမ်းတွေကို ကြည့်နိုင်တာက ဝန်ထမ်းတွေနေရာမတူဘဲ လုပ်ဆောင်ရတဲ့ လုပ်ငန်းခွင်အတွက် အရေးပါတဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။

ဝန်ထမ်းများအတွက် အကျိုးကျေးဇူးများ

  • ပြောဆိုဆက်ဆံရေးကို မြင့်တင်ပေးခြင်း – ဝန်ထမ်းတွေက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ အဆက်အသွယ်နဲ့ အချက်အလက် အသေးစိတ်ကို အလွယ်တကူရရှိနိုင်တဲ့အတွက် အချက်အလက် ရှာဖွေရတာဖို့ အချိန်ကုန်တာ တွေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
  • ပိုပြီးတော့အဆင်ပြေလွယ်ကူစေခြင်း – ဝန်ထမ်းတွေအနေနဲ့ ရုံးပျက်တာတွေကိုလည်း သူတို့ကိုယ်တိုင် တင်နိုင်မှာ ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးသွားလာနေရသူတွေအတွက် ရုံးကိုပြန်လာစရာမလိုဘဲ ခွင့်လျှောက်လွှာတွေကို တင်နိုင်တဲ့အတွက် သူတို့အတွက်လည်း အထူးသင့်တော်ပါတယ်။
  • အချက်အလက်တွေကို ဝင်ကြည့်ရ ပိုမိုမြန်ဆန်ပြီးတော့ စိတ်ချယုံကြည်ရခြင်း – ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ လုပ်ခလစာတွေကို အချိန်နဲ့တစ်ပြေးညီ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ HR ရုံးခန်းကိုသွားပြီးတော့ အချက် အလက်တွေ မိတ္တူကူးရတဲ့ အလုပ်ကို ဖယ်ထုတ်နိုင်လိုက်တဲ့အတွက် အချိန်ကုန်သက်သာပြီး စာရွက်စာတမ်း တွေနဲ့ အလုပ်လုပ်စရာ မလိုတော့ပါဘူး။

HR App ရဲ့အသုံးဝင်သောလုပ်ဆောင်ချက်များ  

JustLogin ရဲ့ Mobile HR App မှာ အသုံးဝင်တဲ့ အဓိကလုပ်ဆောင်ချက်တွေကို တစ်ချက်လောက် လေ့လာကြည့် ရအောင်။

ခွင့်ပျက်ရက်နဲ့စစ်ဆေးခြင်း

ဝန်ထမ်းတွေအနေနဲ့ ရုံးပျက်ရက်ကို ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကနေ တင်နိုင်သလို ပယ်ဖျက်လို့လဲရနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က ဝန်ထမ်းတွေကို App ကနေ သူတို့ရဲ့လက်ကျန် ရုံးပျက်ရက်တွေကိုလည်း ကြည့်နိုင်ပြီးတော့ ကျန်ရှိနေသေးတဲ့ အကျိုးခံစား ပိုင်ခွင့်တွေကိုလည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်။ စစ်ဆေးလို့လွယ်ကူအောင်လည်း မန်နေဂျာတွေက ရုံးပျက်ရက် မှတ်တမ်းကို သူတို့ရဲ့ ဖုန်းထဲကို မျှဝေထားပေးနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင် နေပါသေးတယ်။

ရုံးတက်ရောက်ချိန်မှတ်တမ်း

ဒီလို လုပ်ဆောင်ချက်ကိုအသုံးပြုပြီးတော့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်အချိန်ဇယားနဲ့ ရုံးတက်ချိန် ရုံးဆင်းချိန် တွေကို စစ်ဆေး နိုင်ပါတယ်။ အလုပ်ချိန်ပြောင်းပြီး လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေအတွက်တော့ အသုံးအဝင်ဆုံး လုပ်ဆောင်ချက် တစ်ခု ဖြစ်နေမှာပါ။ မန်နေဂျာတွေအတွက်ကတော့ ဝန်ထမ်းတွေလူကိုယ်တိုင်မလာနိုင်ရင်တောင်မှ သူတို့ရဲ့လုပ်ရည်ကိုင်ရည်တွေကို ရုံးတက်ရောက်ချိန် မှတ်တမ်းကနေ စောင့်ကြည့်မှတ်သားနိုင်ပါတယ်။ 

ဆက်သွယ်စုံစမ်းရေးလမ်းညွှန်

ဝန်ထမ်းတွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ဖို့ App မှာ Log in ဝင်လိုက်တာနဲ့ အသေးစိတ် အချက်အလက် တွေကို ရရှိမှာြဖစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က Email တွေ၊ စာတွေပို့နိုင်သလို လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကိုလည်း တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရ လုပ်ခလစာစာရင်း

Payslips တောင်းခံတယ်ဆိုတာ HR မန်နေဂျာတွေအတွက် အဓိကကြုံတွေ့ရတဲ့ ပြဿနာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အခုလို လုပ်ဆောင်ချက်မျိုးနဲ့ ဆိုရင်တော့ ဝန်ထမ်းတွေအတွက်လည်း အချိန်မရွေး၊ နေရာမရွေး သူတို့ရဲ့ လုပ်ခလစာ ရှင်းတမ်းကို ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို Download ဆွဲလို့တောင် ရပါသေးတယ်။

လုပ်ငန်းခွင်အတွက်လည်း ကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်

အမြဲတမ်းပြောင်းလဲနေတဲ့ HR နယ်ပယ်အတွက် HR စီမံခန့်ခွဲမှုတွေကို ကိုင်တယ်ဖို့ နည်းပညာအသုံးပြုခြင်းက အသုံးပြု သင့်တဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေက ပိုပြီးတော့ နေရာပြောင်းရွေ့လုပ်ကိုင်နေရတာအပြင် မှန်းဆရလည်း ပိုပြီး ခက်လာတဲ့ အတွက် လွယ်ကူပြီးတော့ စမတ်ဖုန်းတွေကနေ အလွယ်တကူဝင်လို့ရနိုင်တဲ့ Tools တွေ အသုံးပြုတာက လက်ရှိကာလမှာကော အနာဂတ်ကာလအတွက်ပါ ပိုပြီးထိရောက်မှု ရှိစေပါတယ်။ အောင်မြင်တဲ့ ကုမ္ပဏီတစ်ခု အနေနဲ့ ထိရောက်မှုရှိတဲ့ Tools တွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ပိုမိုအောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ဖို့အတွက် လုပ်ငန်းတော်တော်များများဟာ အမျှော်အမြင် ကြီးစွာနဲ့ နည်းပညာတွေကို အသုံးပြုပြီး မြှင့်တင်နေကြပါတယ်။ ဒီလိုနည်းပညာအသုံးပြုပြီး မြှင့်တင်မှုတွေအတွက် HR စီမံခန့်ခွဲမှုကိုလည်း ခြွင်းချက်အနေနဲ့ ချန်မထားသင့်ပါဘူး။

စတင်အသုံးပြုဖို့အတွက် ၁၉ နှစ်ကျော်ကြာ ရပ်တည်လာတဲ့ HR စီမံခန့်ခွဲမှု တိုင်ပင်ရေး Software  ဆုကိုလည်း ရရှိထားတဲ့  JustLogin ကို အခုပဲဆက်သွယ်လိုက်ပါ။ JustLogin မှာဆိုရင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုကို ပိုကောင်းအောင် ဆောင်ရွက်ချင်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေအတွက် စိတ်ချရပြီးတော့ ထိရောက်မှု ရှိတဲ့ HR Software Solution အမျိုးမျိုးရှိနေပြီ ဖြစ်ပါတယ်။



0 Comments

ပြန်စာထားခဲ့ပါ။

Related Stories

Arrow-up